လီဗာပူးကစားသမားတွေဖြစ်တဲ့ ဆာလက်နဲ့ ထရန့်တို့ဟာ လာမယ့် သီတင်းပတ် အနည်းငယ်ထိ ဘောလုံးကစားနိုင်ဦးမှာ မဟုတ်သလို ဂိုးမက်စ်၊ ဗန်ဒိုက်နဲ့ ချိန်ဘာလိန်ကလည်း ကာလရှည် အနားယူရဦးမှာဖြစ်တယ်။

အကောင်းမြင်စရာအဖြစ် သီယာဂို၊ ဖာဘင်ညိုနဲ့ ကိတ်တာတို့ ကြံ့ခိုင်မှုတွေ ကောင်းလာနေကြပြီဖြစ်ကာ ၃ ဦးလုံးဟာ လက်စတာနဲ့ပွဲမှာ ပါဝင်နိုင်မယ်လို့ အကောင်းမြင်စရာတွေ ရှိလာနေပါပြီ။ လက်ရှိ လူစာရင်းအရ ကလာ့ပ် ရွေးချယ်လို့ရနိုင်မယ့် အကောင်းဆုံး လူစာရင်းကို ခန့်မှန်းကြည့်မှာဖြစ်ပါတယ်။

၄-၃-၃ ကစားကွက်

Line up: Alisson; Milner, Fabinho, Matip, Robertson; Henderson, Wijnaldum, Thiago; Mane, Firmino, Jota.

မန်နေဂျာကလော့ပ်က အသင်းနဲ့ အံအဝင်ဆုံး ၄-၃-၃ ကစားကွက်ကို ထုတ်သုံးနိုင်တဲ့ အချက်ကတော့ အဓိက ကစားသမား ဆာလက် မရှိလို့ပါပဲ။ ဒီအခြေအနေမှာ ကွင်းလယ်တစ်နေရာ လျော့ချပြီး တိုက်စစ်ကို ပိုသုံးတာထက် ဟန်ချက်ညီတဲ့ ၄-၃-၃ ကပဲ အသင်းလူစာရင်းအတွက် ပိုမို အဆင်ပြေပါတယ်။

ဗဟိုခံစစ်မှာတော့ အယ်လီဆန်၊ ရော်ဘတ်ဆန်၊ မာတစ်၊ ဖာဘင်ညိုနဲ့ နီကိုး ဝီလီယမ်တို့ကို သုံးနိုင်မှာဖြစ်တယ်။ ကွင်းလယ်မှာ ဟန်ဒို၊ သီယာဂို၊ ဂီနီဖြစ်ပြီး တိုက်စစ်ကတော့ ဆာလက်အစား ဂျိုတာ ဝင်ကစားလာပါမယ်။ ဒါဟာ လက်ရှိ မန်နေဂျာကလော့ပ် ရွေးချယ်နိုင်တဲ့ ကစားသမားတွေထဲကမှာ အတောင့်တင်းဆုံး လူစာရင်းပဲ ဖြစ်ပါတယ်။

၄-၂-၃-၁ (သို့) ၄-၂-၄

Line up: Alisson; N Williams, Fabinho, Matip, Robertson; Henderson, Thiago; Shaqiri, Firmino, Mane; Jota.

ရှက်ဖီး၊ မန်စီးတီးအသင်းတို့ကို ရင်ဆိုင်ကစားချိန်မှာတော့ လီဗာပူးဟာ အဆိုပါ ကစားကွက်တွေကို အခြေခံတဲ့ နည်းဗျူဟာတွေ ထုတ်သုံးခဲ့တယ်။ ခံစစ်ကို အားပြုရချိန်မှာတော့ ၄-၄-၂ ပုံစံကို ကစားပါတယ်။

လက်ရှိ လီဗာပူး လူစာရင်းအရ ခံစစ်တန်းမှာ အပြောင်းအလဲ လုပ်စရာအဖြစ် နီကိုးနေရာမှာ မီလ်နာ ဝင်နိုင်ပြီး ဘယ်အစွန်မှာ ကိုစတက် ရှိနေပါတယ်။ ဗဟိုခံစစ်မှာတော့ ရိုင်းစ်နဲ့ နက်ဖီးလစ်တို့ ရှိနေမှာဖြစ်တယ်။ အဓိကကျတဲ့ တိုက်စစ်ပိုင်း တစ်နေရာအတွက်တော့ သီယာဂိုနဲ့ ဂီနီ မထည့်ဘူးဆိုရင် ရှာကွီရီကို တိုက်စစ်အားသန် တစ်နေရာကနေ ပါဝင်စေမှာဖြစ်တယ်။

အဓိက စိန်ခေါ်မှုက လက်စတာနဲ့ အတ္တလန်တာပွဲတွေမှာ အကောင်းဆုံး လူစာရင်း ထုတ်မလားဆိုတဲ့ မေးခွန်း မဟုတ်ပါဘူး။ နိုဝင်ဘာလနဲ့ ဒီဇင်ဘာလလို ၃ ရက် တစ်ပွဲ ယှဉ်ပြိုင်ရမယ့် အခြေအနေမှာ လူစာရင်းကို ဘယ်လို စီမံမလဲဖြစ်တယ်။

လက်ရှိ ပရီးမီးယားလိဂ်မှာ အဆိုးရွားဆုံး ဒဏ်ရာ ပြဿနာတွေ ရင်ဆိုင်နေရတဲ့ လီဗာပူးဟာ အဓိက ကစာသမားတွေဖြစ်တဲ့ ထရန့်၊ ဆာလက်တို့ကို ပြန်သုံးနိုင်ဖို့ သီတင်းပတ် ၂ ပတ်ကနေ ၃ ပတ်အထိ ကြာဦးမှာဖြစ်ပါတယ်။

ZAWGYI

လီဗာပူးကစားသမားေတြျဖစ္တဲ့ ဆာလက္နဲ႔ ထရန္႔တို႔ဟာ လာမယ့္ သီတင္းပတ္ အနည္းငယ္ထိ ေဘာလံုးကစားႏုိင္ဦးမွာ မဟုတ္သလို ဂိုးမက္စ္၊ ဗန္ဒိုက္နဲ႔ ခ်ိန္ဘာလိန္ကလည္း ကာလရွည္ အနားယူရဦးမွာျဖစ္တယ္။

အေကာင္းျမင္စရာအျဖစ္ သီယာဂို၊ ဖာဘင္ညိဳနဲ႔ ကိတ္တာတို႔ ၾကံ႕ခိုင္မႈေတြ ေကာင္းလာေနၾကျပီျဖစ္ကာ ၃ ဦးလံုးဟာ လက္စတာနဲ႔ပြဲမွာ ပါဝင္ႏုိင္မယ္လို႔ အေကာင္းျမင္စရာေတြ ရွိလာေနပါျပီ။ လက္ရွိ လူစာရင္းအရ ကလာ့ပ္ ေရြးခ်ယ္လုိ႔ရႏုိင္မယ့္ အေကာင္းဆံုး လူစာရင္းကို ခန္႔မွန္းၾကည့္မွာျဖစ္ပါတယ္။

၄-၃-၃ ကစားကြက္

Line up: Alisson; Milner, Fabinho, Matip, Robertson; Henderson, Wijnaldum, Thiago; Mane, Firmino, Jota.

မန္ေနဂ်ာကေလာ့ပ္က အသင္းနဲ႔ အံအဝင္ဆံုး ၄-၃-၃ ကစားကြက္ကို ထုတ္သံုးႏုိင္တဲ့ အခ်က္ကေတာ့ အဓိက ကစားသမား ဆာလက္ မရွိလို႔ပါပဲ။ ဒီအေျခအေနမွာ ကြင္းလယ္တစ္ေနရာ ေလ်ာ့ခ်ျပီး တိုက္စစ္ကို ပိုသံုးတာထက္ ဟန္ခ်က္ညီတဲ့ ၄-၃-၃ ကပဲ အသင္းလူစာရင္းအတြက္ ပိုမို အဆင္ေျပပါတယ္။

ဗဟိုခံစစ္မွာေတာ့ အယ္လီဆန္၊ ေရာ္ဘတ္ဆန္၊ မာတစ္၊ ဖာဘင္ညိဳနဲ႔ နီကိုး ဝီလီယမ္တို႔ကို သံုးႏုိင္မွာျဖစ္တယ္။ ကြင္းလယ္မွာ ဟန္ဒို၊ သီယာဂို၊ ဂီနီျဖစ္ျပီး တိုက္စစ္ကေတာ့ ဆာလက္အစား ဂ်ိဳတာ ဝင္ကစားလာပါမယ္။ ဒါဟာ လက္ရွိ မန္ေနဂ်ာကေလာ့ပ္ ေရြးခ်ယ္ႏုိင္တဲ့ ကစားသမားေတြထဲကမွာ အေတာင့္တင္းဆံုး လူစာရင္းပဲ ျဖစ္ပါတယ္။

၄-၂-၃-၁ (သို႔) ၄-၂-၄

Line up: Alisson; N Williams, Fabinho, Matip, Robertson; Henderson, Thiago; Shaqiri, Firmino, Mane; Jota.

ရွက္ဖီး၊ မန္စီးတီးအသင္းတို႔ကို ရင္ဆိုင္ကစားခ်ိန္မွာေတာ့ လီဗာပူးဟာ အဆိုပါ ကစားကြက္ေတြကို အေျခခံတဲ့ နည္းဗ်ဴဟာေတြ ထုတ္သံုးခဲ့တယ္။ ခံစစ္ကို အားျပဳရခ်ိန္မွာေတာ့ ၄-၄-၂ ပံုစံကို ကစားပါတယ္။

လက္ရွိ လီဗာပူး လူစာရင္းအရ ခံစစ္တန္းမွာ အေျပာင္းအလဲ လုပ္စရာအျဖစ္ နီကိုးေနရာမွာ မီလ္နာ ဝင္ႏုိင္ျပီး ဘယ္အစြန္မွာ ကိုစတက္ ရွိေနပါတယ္။ ဗဟိုခံစစ္မွာေတာ့ ရိုင္းစ္နဲ႔ နက္ဖီးလစ္တို႔ ရွိေနမွာျဖစ္တယ္။ အဓိကက်တဲ့ တိုက္စစ္ပိုင္း တစ္ေနရာအတြက္ေတာ့ သီယာဂိုနဲ႔ ဂီနီ မထည့္ဘူးဆိုရင္ ရွာကီြရီကို တိုက္စစ္အားသန္ တစ္ေနရာကေန ပါဝင္ေစမွာျဖစ္တယ္။

အဓိက စိန္ေခၚမႈက လက္စတာနဲ႔ အတၱလန္တာပြဲေတြမွာ အေကာင္းဆံုး လူစာရင္း ထုတ္မလားဆိုတဲ့ ေမးခြန္း မဟုတ္ပါဘူး။ ႏိုဝင္ဘာလနဲ႔ ဒီဇင္ဘာလလို ၃ ရက္ တစ္ပြဲ ယွဥ္ျပိဳင္ရမယ့္ အေျခအေနမွာ လူစာရင္းကို ဘယ္လို စီမံမလဲျဖစ္တယ္။

လက္ရွိ ပရီးမီးယားလိဂ္မွာ အဆိုးရြားဆံုး ဒဏ္ရာ ျပႆနာေတြ ရင္ဆိုင္ေနရတဲ့ လီဗာပူးဟာ အဓိက ကစာသမားေတြျဖစ္တဲ့ ထရန္႔၊ ဆာလက္တို႔ကို ျပန္သံုးႏုိင္ဖို႔ သီတင္းပတ္ ၂ ပတ္ကေန ၃ ပတ္အထိ ၾကာဦးမွာျဖစ္ပါတယ္။