ဘောလုံးပွဲတစ်ပွဲမှာ မပါမဖြစ်တာကတော့ ပြစ်ဒဏ် ကျူးလွန်ခြင်းပဲ ဖြစ်ပါတယ်။ ပြစ်ဒဏ်ကျူးလွန်ခြင်းဆိုတာက ကိုယ်အသင်းက ပြိုင်ဘက်ကစားသမားကို ပြစ်ဒဏ်ကျူးလွန်ခြင်း ဖြစ်နိုင်သလို ကိုယ်က ကျူးလွန်ခံရတာလည်း ဖြစ်နိုင်တယ်။

လီဗာပူးအသင်းဟာ အရေးပါတဲ့ နည်းစနစ်ပိုင်း ပြစ်ဒဏ်ကျူးလွန်မှုက လွဲရင် ပြိုင်ဘက် အသင်းအပေါ် လူချကစားမှု နည်းပါးတဲ့ အသင်းဖြစ်တယ်။ ဒါကြောင့် ယာဂင်ကလော့ပ်ရဲ့ အသင်းဟာ ပြီးခဲ့တဲ့ ၄ ရာသီဆက်တိုက် ပရီးမီးယားလိဂ်ရဲ့ အသန့်ရှင်းဆုံး အသင်းဆိုတဲ့ နေရာကို အနိုင်ရထားပါတယ်။

ဖိအားပေးခြင်းနဲ့ တိုက်ခိုက်လိုစိတ် အပြည့်ရှိတဲ့ အသင်းအဖြစ် လီဗာပူးကို ယာဂင်ကလော့ပ် ပုံဖော်ထားထားတာပါ။ ဒါပေမယ့်လို့ လီဗာပူးအသင်းသားတွေရဲ့ အရေးကြီးဆုံး တာဝန်က ခံစစ်ပိုင်း ကာကွယ်မှုဖြစ်ပြီး အဆိုပါ တာဝန်ကို အသင်းလိုက် တာဝန်ယူရတာဖြစ်တယ်။ ခံစစ်ကာကွယ်ရာမှာ ဥပဒေပ ပြစ်ဒဏ်ကျူးလွန်ခြင်းကို ယာဂင်ကလော့ပ်က လုံးဝ ခွင့်မပြုပါဘူး။

လီဗာပူးအသင်းသားတွေဟာ ပြစ်ဒဏ် ကျူးလွန်သည်ဖြစ်စေ၊ ပြစ်ဒဏ် ကျူးလွန်ခံရသည်ဖြစ်စေ ကွင်းလယ်ဒိုင်ရဲ့ ဆုံးဖြတ်ချက်ကို စောဒဂတက်ခြင်း နည်းပါးကာ ဆုံးဖြတ်ချက်တွေကို လက်ခံပေးပါတယ်။ ဒီအတွက် အကျိုးဆက်ကတော့ လီဗာပူးအသင်းသားတွေဟာ အဝါကဒ်နဲ့ အနီကဒ်တွေကို ပြသခံရမှုနှုန်းမှာ သိသိသာသာကို နည်းပါးလှပါတယ်။

ဘောလုံးရာသီတိုင်းမှာ လီဗာပူးအသင်းဟာ ပြိုင်ဘက်အသင်းကို ပြစ်ဒဏ်ကျူးလွန်မှု အနည်းဆုံးဖြစ်တယ်။ ပြစ်ဒဏ်ကဒ်တွေ ရမှု အနည်းဆုံးဖြစ်တယ်။ အရေးပါတဲ့ အချက်အရဆိုရင် လီဗာပူးဟာ ပြစ်ဒဏ် ၈ ကြိမ်နှုန်းလောက် လုပ်မှ ကဒ်တစ်ခါထိပါတယ်။ ပြိုင်ဘက်တွေဖြစ်တဲ့ မန်စီးတီးနဲ့ ယူနိုက်တက်က ပြစ်ဒဏ် ၆ ကြိမ်တိုင်းမှာ ကဒ်တစ်ခါထိပြီး ချယ်ဆီး၊ စပါးတို့ကတော့ ပြစ်ဒဏ် ၆.၅ ကြိမ်တိုင်း ကစ်တစ်ခါ ထိတာဖြစ်တယ်။

ပရီးမီးယားလိဂ်ကလပ်တွေရဲ့ disciplinary မှတ်တမ်းအရတော့ လီဗာပူးဟာ ပြစ်ဒဏ်ကဒ်တွေမှာ အနည်းဆုံး အသင်းဖြစ်ပြီး ကလပ်ဟာ ပြိုင်ဘက်ကို ထိခိုက်စေခြင်းထက် ကိုယ်ပိုင် နည်းစနစ်ပိုင်းတွေမှာ မှန်ကန်စွာ ကစားမှုတွေ လုပ်နေတယ်လို့ ဆိုလိုခြင်းပဲဖြစ်ပါတယ်။

ZAWGYI

ေဘာလံုးပြဲတစ္ပြဲမွာ မပါမျဖစ္တာကေတာ့ ျပစ္ဒဏ္ က်ဴးလြန္ျခင္းပဲ ျဖစ္ပါတယ္။ ျပစ္ဒဏ္က်ဴးလြန္ျခင္းဆိုတာက ကိုယ္အသင္းက ျပိဳင္ဘက္ကစားသမားကို ျပစ္ဒဏ္က်ဴးလြန္ျခင္း ျဖစ္ႏုိင္သလို ကိုယ္က က်ဴးလြန္ခံရတာလည္း ျဖစ္ႏုိင္တယ္။

လီဗာပူးအသင္းဟာ အေရးပါတဲ့ နည္းစနစ္ပိုင္း ျပစ္ဒဏ္က်ဴးလြန္မႈက လြဲရင္ ျပိဳင္ဘက္ အသင္းအေပၚ လူခ်ကစားမႈ နည္းပါးတဲ့ အသင္းျဖစ္တယ္။ ဒါေၾကာင့္ ယာဂင္ကေလာ့ပ္ရဲ႕ အသင္းဟာ ျပီးခဲ့တဲ့ ၄ ရာသီဆက္တိုက္ ပရီးမီးယားလိဂ္ရဲ႕ အသန္႔ရွင္းဆံုး အသင္းဆိုတဲ့ ေနရာကို အႏုိင္ရထားပါတယ္။

ဖိအားေပးျခင္းနဲ႔ တိုက္ခိုက္လိုစိတ္ အျပည့္ရွိတဲ့ အသင္းအျဖစ္ လီဗာပူးကို ယာဂင္ကေလာ့ပ္ ပံုေဖာ္ထားထားတာပါ။ ဒါေပမယ့္လို႔ လီဗာပူးအသင္းသားေတြရဲ႕ အေရးၾကီးဆံုး တာဝန္က ခံစစ္ပိုင္း ကာကြယ္မႈျဖစ္ျပီး အဆိုပါ တာဝန္ကို အသင္းလိုက္ တာဝန္ယူရတာျဖစ္တယ္။ ခံစစ္ကာကြယ္ရာမွာ ဥပေဒပ ျပစ္ဒဏ္က်ဴးလြန္ျခင္းကို ယာဂင္ကေလာ့ပ္က လံုးဝ ခြင့္မျပဳပါဘူး။

လီဗာပူးအသင္းသားေတြဟာ ျပစ္ဒဏ္ က်ဴးလြန္သည္ျဖစ္ေစ၊ ျပစ္ဒဏ္ က်ဴးလြန္ခံရသည္ျဖစ္ေစ ကြင္းလယ္ဒိုင္ရဲ႕ ဆံုးျဖတ္ခ်က္ကို ေစာဒဂတက္ျခင္း နည္းပါးကာ ဆံုးျဖတ္ခ်က္ေတြကို လက္ခံေပးပါတယ္။ ဒီအတြက္ အက်ိဳးဆက္ကေတာ့ လီဗာပူးအသင္းသားေတြဟာ အဝါကဒ္နဲ႔ အနီကဒ္ေတြကို ျပသခံရမႈႏႈန္းမွာ သိသိသာသာကို နည္းပါးလွပါတယ္။

ေဘာလံုးရာသီတိုင္းမွာ လီဗာပူးအသင္းဟာ ျပိဳင္ဘက္အသင္းကို ျပစ္ဒဏ္က်ဴးလြန္မႈ အနည္းဆံုးျဖစ္တယ္။ ျပစ္ဒဏ္ကဒ္ေတြ ရမႈ အနည္းဆံုးျဖစ္တယ္။ အေရးပါတဲ့ အခ်က္အရဆိုရင္ လီဗာပူးဟာ ျပစ္ဒဏ္ ၈ ၾကိမ္ႏႈန္းေလာက္ လုပ္မွ ကဒ္တစ္ခါထိပါတယ္။ ျပိဳင္ဘက္ေတြျဖစ္တဲ့ မန္စီးတီးနဲ႔ ယူႏုိက္တက္က ျပစ္ဒဏ္ ၆ ၾကိမ္တိုင္းမွာ ကဒ္တစ္ခါထိျပီး ခ်ယ္ဆီး၊ စပါးတို႔ကေတာ့ ျပစ္ဒဏ္ ၆.၅ ၾကိမ္တိုင္း ကစ္တစ္ခါ ထိတာျဖစ္တယ္။

ပရီးမီးယားလိဂ္ကလပ္ေတြရဲ႕ disciplinary မွတ္တမ္းအရေတာ့ လီဗာပူးဟာ ျပစ္ဒဏ္ကဒ္ေတြမွာ အနည္းဆံုး အသင္းျဖစ္ျပီး ကလပ္ဟာ ျပိဳင္ဘက္ကို ထိခိုက္ေစျခင္းထက္ ကိုယ္ပိုင္ နည္းစနစ္ပိုင္းေတြမွာ မွန္ကန္စြာ ကစားမႈေတြ လုပ္ေနတယ္လို႔ ဆိုလိုျခင္းပဲျဖစ္ပါတယ္။