နိုဝင်ဘာလ နိုင်ငံတကာသီတင်းပတ်အပြီးမှာ လီဗာပူးရဲ့ ပွဲစဉ် ၅ ပွဲက ၃ ရက် တစ်ပွဲနှုန်း ယှဉ်ပြိုင်ရမှာဖြစ်ကာ အဆိုပါ ပွဲတွေမှာတော့ လက်စတာ၊ ဘရိုက်တန်၊ ဝုဗ်လို ပရီးမီးယားလိဂ် ပြိုင်ဘက်ကောင်းတွေနဲ့ အတ္တလန်တာ၊ အေဂျက်လို ချန်ပီယံလိဂ်ပွဲတွေ ရှိလာမှာဖြစ်တယ်။

လက်တလော အခြေအနေထိ လီဗာပူး စီနီယာအသင်းသား ၅ ဦးဟာ အနည်းဆုံး လာမယ့် ၂ ပွဲကို ကစားနိုင်မှာ မဟုတ်ဘဲ သီယာဂို၊ ဖာဘင်ညို အခြေအနေကို တရားဝင် သိထားရခြင်း မရှိပါဘူး။ ဒဏ်ရာပြဿနာတွေဟာ လီဗာပူးပရိသတ်တွေကို စိတ်ပျက်နေမှာ ဖြစ်ပေမယ့် အကောင်းမြင်စရာ ကစားသမား နှစ်ဦး ရှိနေပါတယ်။

တစ်နှစ်နဲ့ ၆ လနီးပါးအဖြစ် ရက်ပေါင်း ၅၄၀ အကြာမှာ ရှာကွီရီဟာ ကြံ့ခိုင်မှုပိုင်း အကောင်းမြင်စရာ ဖြစ်လာခဲ့ပါပြီ။ ချန်ပီယံလိဂ်ပွဲအဖြစ် အန်ဖီးမှာ ဘာစီလိုနာကို ၄-၀ နဲ့ အနိုင်ယူပြခဲ့တဲ့ comeback ပွဲကြီးမှာ ရှာကွီရီက လီဗာပူးအတွက် အဓိကကျတဲ့ ကစားသမား တစ်ဦးလည်း ဖြစ်ခဲ့ပါတယ်။

ရှာကွီရီဟာ လီဗာပူးက မစ်ဂျီလန်ကို ၂-၀ နဲ့ အနိုင်ရတဲ့ပွဲမှာ မီနာမီနို၊ ဂျိုတာ၊ အိုရီဂီတို့နဲ့ တွဲဘက်ပြီး ကစားခဲ့တယ်။ အဲ့နောက်ပိုင်းမှာ လူစားဝင် ကစားသမားအဖြစ် နေရာစရလာနေပြီး သူ့ရဲ့ အထူးပြုနေရာကတော့ ကွင်းလယ် သုံးယောက်တန်းရဲ့ တိုက်စစ်အားသန်နေရာ ဖြစ်ပါတယ်။ ဒါပေမယ့်လို့ တောင်ပံတိုက်စစ်နေရာတွေမှာလည်း အံဝင်နိုင်သူပါ။

ခြေသလုံး ဒဏ်ရာကြောင့် ကာလရှည် ကြံ့ခိုင်မှု ပြဿနာနဲ့ ရုန်းကန်နေခဲ့ရတဲ့ ရှာကွီရီဟာ လက်ရွေးစင်အသင်းမှာလည်း ပွဲကစားမှုတွေ ပြန်လုပ်ပေးနေပါပြီ။

ဒဏ်ရာသတင်းဆိုးတွေကြားမှာ နောက်ထပ် မျှော်လင့်စရာ သတင်းကောင်းကတော့ ကွင်းလယ်လူ ကိတ်တာဖြစ်ပြီး သူကလည်း ကာလရှည် ကြံ့ခိုင်မှု ပြဿနာကနေ ပြန်လည် နိုးထလာခဲ့ပါပြီ။ ဂူနီယာရဲ့ ပွဲတွေမှာ မိနစ် ၉၀ အပြည့် ကစားခဲ့တဲ့ သူဟာ လီဗာပူးကွင်းလယ်အတွက် ကစားပေးနိုင်စွမ်း ရှိနေပြီဖြစ်တယ်။

ကိတ်တာကလည်း ရှာကွီရီလို ကွင်းလယ်လူဖြစ်ပေမယ့် သူကတော့ ရှာကွီရီလို နံပါတ် ၁၀ နေရာအစား နံပါတ် ၈ နေရာကို အားသန်သူဖြစ်တယ်။ လိုအပ်လာရင် ကွင်းလယ် နံပါတ် ၆ နေရာကို ကစားနိုင်ပါတယ်။ မန်နေဂျာကလော့ပ်က ဆန္ဒရှိမယ်ဆိုရင် ကွင်းလယ်မှာ သီယာဂို၊ ကိတ်တာ၊ ရှာကွီရီတို့ကို သုံးနိုင်ပြီး ဟန်ဒိုနဲ့ ဂီနီကို ဗဟိုခံစစ်နေရာ ပို့လို့ ရမှာဖြစ်တယ်။

ရှာကွီရီနဲ့ ကိတ်တာတို့ ပြန်ကစားနိုင်နေတာက မန်နေဂျာကလော့ပ်အတွက် နည်းစနစ်ပိုင်း ရွေးချယ်မှုတွေမှာ အကူအညီ ဖြစ်လာနိုင်ပါတယ်။ လာမယ့် ကာလတွေက ပွဲကြပ်လွန်းပြီး နောက်ထပ်သော ဒဏ်ရာ ပြဿနာတွေကို ရှောင်းရှားဖို့ရာ သူတို့လို ကစားသမားတွေကလည်း အရေးပါလာမှာ ဖြစ်ပါတယ်။

ZAWGYI

ႏိုဝင္ဘာလ ႏုိင္ငံတကာသီတင္းပတ္အျပီးမွာ လီဗာပူးရဲ႕ ပြဲစဥ္ ၅ ပြဲက ၃ ရက္ တစ္ပြဲႏႈန္း ယွဥ္ျပိဳင္ရမွာျဖစ္ကာ အဆိုပါ ပြဲေတြမွာေတာ့ လက္စတာ၊ ဘရိုက္တန္၊ ဝုဗ္လို ပရီးမီးယားလိဂ္ ျပိဳင္ဘက္ေကာင္းေတြနဲ႔ အတၱလန္တာ၊ ေအဂ်က္လို ခ်န္ပီယံလိဂ္ပြဲေတြ ရွိလာမွာျဖစ္တယ္။

လက္တေလာ အေျခအေနထိ လီဗာပူး စီနီယာအသင္းသား ၅ ဦးဟာ အနည္းဆံုး လာမယ့္ ၂ ပြဲကို ကစားႏုိင္မွာ မဟုတ္ဘဲ သီယာဂို၊ ဖာဘင္ညိဳ အေျခအေနကို တရားဝင္ သိထားရျခင္း မရွိပါဘူး။ ဒဏ္ရာျပႆနာေတြဟာ လီဗာပူးပရိသတ္ေတြကို စိတ္ပ်က္ေနမွာ ျဖစ္ေပမယ့္ အေကာင္းျမင္စရာ ကစားသမား ႏွစ္ဦး ရွိေနပါတယ္။

တစ္ႏွစ္နဲ႔ ၆ လနီးပါးအျဖစ္ ရက္ေပါင္း ၅၄၀ အၾကာမွာ ရွာကီြရီဟာ ၾကံ႕ခိုင္မႈပိုင္း အေကာင္းျမင္စရာ ျဖစ္လာခဲ့ပါျပီ။ ခ်န္ပီယံလိဂ္ပြဲအျဖစ္ အန္ဖီးမွာ ဘာစီလိုနာကို ၄-၀ နဲ႔ အႏုိင္ယူျပခဲ့တဲ့ comeback ပြဲၾကီးမွာ ရွာကီြရီက လီဗာပူးအတြက္ အဓိကက်တဲ့ ကစားသမား တစ္ဦးလည္း ျဖစ္ခဲ့ပါတယ္။

ရွာကီြရီဟာ လီဗာပူးက မစ္ဂ်ီလန္ကို ၂-၀ နဲ႔ အႏုိင္ရတဲ့ပြဲမွာ မီနာမီႏို၊ ဂ်ိဳတာ၊ အိုရီဂီတို႔နဲ႔ တြဲဘက္ျပီး ကစားခဲ့တယ္။ အဲ့ေနာက္ပိုင္းမွာ လူစားဝင္ ကစားသမားအျဖစ္ ေနရာစရလာေနျပီး သူ႔ရဲ႕ အထူးျပဳေနရာကေတာ့ ကြင္းလယ္ သံုးေယာက္တန္းရဲ႕ တိုက္စစ္အားသန္ေနရာ ျဖစ္ပါတယ္။ ဒါေပမယ့္လို႔ ေတာင္ပံတိုက္စစ္ေနရာေတြမွာလည္း အံဝင္ႏုိင္သူပါ။

ေျခသလံုး ဒဏ္ရာေၾကာင့္ ကာလရွည္ ၾကံ႕ခိုင္မႈ ျပႆနာနဲ႔ ရုန္းကန္ေနခဲ့ရတဲ့ ရွာကီြရီဟာ လက္ေရြးစင္အသင္းမွာလည္း ပြဲကစားမႈေတြ ျပန္လုပ္ေပးေနပါျပီ။

ဒဏ္ရာသတင္းဆိုးေတြၾကားမွာ ေနာက္ထပ္ ေမွ်ာ္လင့္စရာ သတင္းေကာင္းကေတာ့ ကြင္းလယ္လူ ကိတ္တာျဖစ္ျပီး သူကလည္း ကာလရွည္ ၾကံ႕ခိုင္မႈ ျပႆနာကေန ျပန္လည္ ႏိုးထလာခဲ့ပါျပီ။ ဂူနီယာရဲ႕ ပြဲေတြမွာ မိနစ္ ၉၀ အျပည့္ ကစားခဲ့တဲ့ သူဟာ လီဗာပူးကြင္းလယ္အတြက္ ကစားေပးႏုိင္စြမ္း ရွိေနျပီျဖစ္တယ္။

ကိတ္တာကလည္း ရွာကီြရီလို ကြင္းလယ္လူျဖစ္ေပမယ့္ သူကေတာ့ ရွာကီြရီလို နံပါတ္ ၁၀ ေနရာအစား နံပါတ္ ၈ ေနရာကို အားသန္သူျဖစ္တယ္။ လိုအပ္လာရင္ ကြင္းလယ္ နံပါတ္ ၆ ေနရာကို ကစားႏုိင္ပါတယ္။ မန္ေနဂ်ာကေလာ့ပ္က ဆႏၵရွိမယ္ဆိုရင္ ကြင္းလယ္မွာ သီယာဂို၊ ကိတ္တာ၊ ရွာကီြရီတို႔ကို သံုးႏုိင္ျပီး ဟန္ဒိုနဲ႔ ဂီနီကို ဗဟိုခံစစ္ေနရာ ပို႔လို႔ ရမွာျဖစ္တယ္။

ရွာကီြရီနဲ႔ ကိတ္တာတို႔ ျပန္ကစားႏုိင္ေနတာက မန္ေနဂ်ာကေလာ့ပ္အတြက္ နည္းစနစ္ပိုင္း ေရြးခ်ယ္မႈေတြမွာ အကူအညီ ျဖစ္လာႏုိင္ပါတယ္။ လာမယ့္ ကာလေတြက ပြဲၾကပ္လြန္းျပီး ေနာက္ထပ္ေသာ ဒဏ္ရာ ျပႆနာေတြကို ေရွာင္းရွားဖို႔ရာ သူတို႔လို ကစားသမားေတြကလည္း အေရးပါလာမွာ ျဖစ္ပါတယ္။