စကော်တလန် မန်နေဂျာ စတိဗ် ကလက်က လက်ရွေးစင် အသင်းခေါင်းဆောင် ရော်ဘတ်ဆန်ဟာ စလိုဗက်ကီးယားနဲ့ ယှဉ်ပြိုင်ရမယ့် ပွဲကို လွဲချော်သွားနိုင်ချေ များနေတယ်လို့ အတည်ပြုလိုက်ပါတယ်။

စကော်တလန်အသင်းဟာ ယူရို ၂၀၂၀ ကို ပါဝင်ယှဉ်ပြိုင်ဖို့ ခြေစစ်ပွဲ အောင်မြင်ခဲ့ပြီ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း နိုဝင်ဘာ နိုင်ငံတကာ သီတင်းပတ်မှာ နောက်ထပ် လက်ရွေးစင်ပွဲ ၂ ပွဲ ကစားဖို့ ကျန်ရှိနေသေးတာပါ။ ရော်ဘတ်ဆန်ဟာ ဆားဘီးယားပွဲမှာ ရခဲ့တဲ့ အသေးစား ဒဏ်ရာကြောင့် အဆိုပါ လက်ရွေးစင်ပွဲတွေကို လွဲချော်ဖွယ်ရှိတယ်။

၁၉၉၈ ခုနှစ် နောက်ပိုင်း လက်ရွေးစင်အသင်းကို အဓိက ပြိုင်ပွဲကြီး တစ်ရပ်ထံ ပို့ဆောင်ပေးရာမှာ အဓိက ကျခဲ့တဲ့ ရော်ဘတ်ဆန်ဟာ အနားယူခွင့်ရရင် ပြန်သက်သာနိုင်မယ် မျှော်လင့်ထားရတယ်။ ဆားဘီးယားပွဲမှာ မိနစ် ၁၂၀ လုံး ကစားပေးခဲ့တဲ့ အသင်းခေါင်းဆောင်ကို ဒီကနေ့ပွဲမှာ မသုံးမယ့် သဘောကို ကလက်က ထုတ်ပြောခဲ့တာပါ။

ကလက်က ” အန်ဒီ ရော်ဘတ်ဆန်က ဒီကနေ့ပွဲကို လွဲချော်သွားနိုင်တဲ့ ကစားသမားတွေထဲက တစ်ဦးဖြစ်ပါတယ် ” လို့ အတည်ပြုခဲ့တယ်။ ဘယ်အစွန်လူရဲ့ အခြေအနေက တံကောက်ကြော ဒဏ်ရာ ဖြစ်နိုင်သလို၊ ပွဲဆက်များမှုကြောင့် အကြောတင်းနေခြင်းလည်း ဖြစ်နိုင်ချေရှိပါတယ်။

နိုင်ငံတကာ သီတင်းပတ် အကုန်မှာ လီဗာပူးအသင်းက လက်စတာနဲ့ ယှဉ်ပြိုင်ရမှာဖြစ်ကာ ခံစစ်မှာတော့ ထရန့်၊ ဂိုးမက်စ်၊ ဗန်ဒိုက်တို့ ပါဝင်နိုင်မှာ မဟုတ်ပါဘူး။ ရော်ဘတ်ဆန်ဟာ ကလပ်ရဲ့ အခြေအနေကြောင့် လက်ရွေးစင်ပွဲတွေ အနားရဖို့ ကြိုးစားပေးနေခြင်းလို့ ယုံကြည်ပြီး လာမယ့် အပတ်မှ ပိုသိလာရမှာဖြစ်ပါတယ်။

စကော်တလန်ရဲ့ ပွဲ ၂ ပွဲကို မပါရဘူးဆိုရင် ရော်ဘတ်ဆန်ဟာ ၉ ရက်ထိ အနားရနေမှာဖြစ်တယ်။ နောက်အပတ် တနင်္ဂနွေနေ့ပွဲအတွက် သူအဆင်ပြေနေပါစေလို့ မျှော်လင့်ရမှာ ဖြစ်ပါတယ်။

ZAWGYI

စေကာ္တလန္ မန္ေနဂ်ာ စတိဗ္ ကလက္က လက္ေရြးစင္ အသင္းေခါင္းေဆာင္ ေရာ္ဘတ္ဆန္ဟာ စလိုဗက္ကီးယားနဲ႔ ယွဥ္ျပိဳင္ရမယ့္ ပြဲကို လြဲေခ်ာ္သြားႏုိင္ေခ် မ်ားေနတယ္လို႔ အတည္ျပဳလုိက္ပါတယ္။

စေကာ္တလန္အသင္းဟာ ယူရို ၂၀၂၀ ကို ပါဝင္ယွဥ္ျပိဳင္ဖို႔ ေျခစစ္ပြဲ ေအာင္ျမင္ခဲ့ျပီ ျဖစ္ပါတယ္။ ဒါေပမယ့္လည္း ႏိုဝင္ဘာ ႏုိင္ငံတကာ သီတင္းပတ္မွာ ေနာက္ထပ္ လက္ေရြးစင္ပြဲ ၂ ပြဲ ကစားဖို႔ က်န္ရွိေနေသးတာပါ။ ေရာ္ဘတ္ဆန္ဟာ ဆားဘီးယားပြဲမွာ ရခဲ့တဲ့ အေသးစား ဒဏ္ရာေၾကာင့္ အဆိုပါ လက္ေရြးစင္ပြဲေတြကို လြဲေခ်ာ္ဖြယ္ရွိတယ္။

၁၉၉၈ ခုႏွစ္ ေနာက္ပိုင္း လက္ေရြးစင္အသင္းကို အဓိက ျပိဳင္ပြဲၾကီး တစ္ရပ္ထံ ပို႔ေဆာင္ေပးရာမွာ အဓိက က်ခဲ့တဲ့ ေရာ္ဘတ္ဆန္ဟာ အနားယူခြင့္ရရင္ ျပန္သက္သာႏိုင္မယ္ ေမွ်ာ္လင့္ထားရတယ္။ ဆားဘီးယားပြဲမွာ မိနစ္ ၁၂၀ လံုး ကစားေပးခဲ့တဲ့ အသင္းေခါင္းေဆာင္ကို ဒီကေန႔ပြဲမွာ မသံုးမယ့္ သေဘာကို ကလက္က ထုတ္ေျပာခဲ့တာပါ။

ကလက္က ” အန္ဒီ ေရာ္ဘတ္ဆန္က ဒီကေန႔ပြဲကို လြဲေခ်ာ္သြားႏုိင္တဲ့ ကစားသမားေတြထဲက တစ္ဦးျဖစ္ပါတယ္ ” လို႔ အတည္ျပဳခဲ့တယ္။ ဘယ္အစြန္လူရဲ႕ အေျခအေနက တံေကာက္ေၾကာ ဒဏ္ရာ ျဖစ္ႏုိင္သလို၊ ပြဲဆက္မ်ားမႈေၾကာင့္ အေၾကာတင္းေနျခင္းလည္း ျဖစ္ႏုိင္ေခ်ရွိပါတယ္။

ႏိုင္ငံတကာ သီတင္းပတ္ အကုန္မွာ လီဗာပူးအသင္းက လက္စတာနဲ႔ ယွဥ္ျပိဳင္ရမွာျဖစ္ကာ ခံစစ္မွာေတာ့ ထရန္႔၊ ဂိုးမက္စ္၊ ဗန္ဒိုက္တို႔ ပါဝင္ႏုိင္မွာ မဟုတ္ပါဘူး။ ေရာ္ဘတ္ဆန္ဟာ ကလပ္ရဲ႕ အေျခအေနေၾကာင့္ လက္ေရြးစင္ပြဲေတြ အနားရဖို႔ ၾကိဳးစားေပးေနျခင္းလို႔ ယံုၾကည္ျပီး လာမယ့္ အပတ္မွ ပိုသိလာရမွာျဖစ္ပါတယ္။

စေကာ္တလန္ရဲ႕ ပြဲ ၂ ပြဲကို မပါရဘူးဆိုရင္ ေရာ္ဘတ္ဆန္ဟာ ၉ ရက္ထိ အနားရေနမွာျဖစ္တယ္။ ေနာက္အပတ္ တနဂၤေႏြေန႔ပြဲအတြက္ သူအဆင္ေျပေနပါေစလို႔ ေမွ်ာ္လင့္ရမွာ ျဖစ္ပါတယ္။