ဘာစီလိုနာအသင်းဟာ ကစားသမား အင်အားဖြည့်ဖို့အတွက် ပစ်မှတ် စာရင်းတွေ လုပ်ထားရာမှာ လီဗာပူးကစားသမား ၂ ဦး ပါဝင်နေတယ်လို့ သိလာရပါတယ်။

မန်နေဂျာကိုးမန်းဟာ ကွင်းလယ်လူ ဝိုက်နယ်ဒမ်ကို ၎င်းရဲ့ ဦးစားပေး ကစားသမားမျာစာရင်းထဲ ထည့်သွင်းထားတယ်။ ဝိုက်နယ်ဒမ်ဟာ ဒီရာသီကုန်ရင် လီဗာပူးနဲ့ စာချုပ်သက်တမ်း ကုန်မှာဖြစ်ပြီး သက်တမ်းတိုးဖို့ သဘောတူညီမှု မရသေးပါဘူး။ ဝိုက်နယ်ဒမ်ကတော့ လီဗာပူးနဲ့ စာချုပ်ချုပ်ဖို့ ကိစ္စကို မငြင်းသလို ဘာစီလိုနာနဲ့ သတင်းတွေကိုလည်း ငြင်းဆန်ထားခြင်း မရှိဘူး။

အသက် ၂၉ နှစ်အရွယ် ဝိုက်နယ်ဒမ်ဟာ လီဗာပူးနဲ့ စာချုပ် လုံးဝ မချုပ်မယ့် အနေအထား မဟုတ်ပေမယ့် အခုချိန်ထိတော့ သတင်းကောင်း မကြားရသေးပါဘူး။ ဒီအပတ် နိုင်ငံတကာ သီတင်းပတ်မှာတော့ ဝိုက်နယ်ဒမ်က စာချုပ်ကိစ္စတွေကို လီဗာပူးအသင်းထံ မေးဖို့ကိုပဲ ပြန်ဖြေခဲ့တယ်။

ဒါ့အပြင် ဘာစီလိုနာ မန်နေဂျာက အလှည့်ကျ စနစ်ဖြင့် ခံစစ်ကို ထုတ်သုံးဖို့ မျှော်လင့်နေတယ်။ အဲ့အတွက်လည်း စတုတ္ထ ဦးစားပေး ခံစစ်သမားအဖြစ် လီဗာပူးမှ မာတစ်ကို အဝယ်စာရင်းထဲ ထည့်ထားတယ်လို့ သိပါတယ်။ ကိုးမန်းဟာ မာတစ်ရဲ့ ဘောလုံးကိုင်ကစားနိုင်မှု၊ ဖြန့်ဝေပေးနိုင်မှုတွေကို နှစ်သက်သူဖြစ်တယ်။

၂၀၁၈ ခုနှစ်တုန်းက လီဗာပူးရဲ့ အကောင်းဆုံး ကစားသမားဖြစ်သူ ကော်တင်ညိုကို ဘာစီလိုနာတို့ ခေါ်ယူခဲ့စဉ်က ၂၀၂၀ ခုနှစ်အထိ မည့်သည့် လီဗာပူးကစားသမားကို မဆို ခေါ်ယူမယ်ဆိုရင် လျော်ကြေး ယူရို သန်း ၁၀၀ ပေးဖို့ ဆိုတဲ့ သဘောတူညီချက် ရှိထားပါတယ်။ အဆိုပါ သဘောတူညီချက်က လာမယ့် ၂၀၂၁ ဇန်နဝါရီလကစပြီး သက်တမ်းကုန်ပြီ ဖြစ်ပါတယ်။

ZAWGYI

ဘာစီလိုနာအသင္းဟာ ကစားသမား အင္အားျဖည့္ဖို႔အတြက္ ပစ္မွတ္ စာရင္းေတြ လုပ္ထားရာမွာ လီဗာပူးကစားသမား ၂ ဦး ပါဝင္ေနတယ္လို႔ သိလာရပါတယ္။

မန္ေနဂ်ာကိုးမန္းဟာ ကြင္းလယ္လူ ဝိုက္နယ္ဒမ္ကို ၄င္းရဲ႕ ဦးစားေပး ကစားသမားမ်ာစာရင္းထဲ ထည့္သြင္းထားတယ္။ ဝိုက္နယ္ဒမ္ဟာ ဒီရာသီကုန္ရင္ လီဗာပူးနဲ႔ စာခ်ဳပ္သက္တမ္း ကုန္မွာျဖစ္ျပီး သက္တမ္းတိုးဖို႔ သေဘာတူညီမႈ မရေသးပါဘူး။ ဝိုက္နယ္ဒမ္ကေတာ့ လီဗာပူးနဲ႔ စာခ်ဳပ္ခ်ဳပ္ဖို႔ ကိစၥကို မျငင္းသလို ဘာစီလိုနာနဲ႔ သတင္းေတြကိုလည္း ျငင္းဆန္ထားျခင္း မရွိဘူး။

အသက္ ၂၉ ႏွစ္အရြယ္ ဝိုက္နယ္ဒမ္ဟာ လီဗာပူးနဲ႔ စာခ်ဳပ္ လံုးဝ မခ်ဳပ္မယ့္ အေနအထား မဟုတ္ေပမယ့္ အခုခ်ိန္ထိေတာ့ သတင္းေကာင္း မၾကားရေသးပါဘူး။ ဒီအပတ္ ႏုိင္ငံတကာ သီတင္းပတ္မွာေတာ့ ဝိုက္နယ္ဒမ္က စာခ်ဳပ္ကိစၥေတြကို လီဗာပူးအသင္းထံ ေမးဖို႔ကိုပဲ ျပန္ေျဖခဲ့တယ္။

ဒါ့အျပင္ ဘာစီလိုနာ မန္ေနဂ်ာက အလွည့္က် စနစ္ျဖင့္ ခံစစ္ကို ထုတ္သံုးဖို႔ ေမွ်ာ္လင့္ေနတယ္။ အဲ့အတြက္လည္း စတုတၳ ဦးစားေပး ခံစစ္သမားအျဖစ္ လီဗာပူးမွ မာတစ္ကို အဝယ္စာရင္းထဲ ထည့္ထားတယ္လို႔ သိပါတယ္။ ကိုးမန္းဟာ မာတစ္ရဲ႕ ေဘာလံုးကိုင္ကစားႏုိင္မႈ၊ ျဖန္႔ေဝေပးႏုိင္မႈေတြကို ႏွစ္သက္သူျဖစ္တယ္။

၂၀၁၈ ခုႏွစ္တုန္းက လီဗာပူးရဲ႕ အေကာင္းဆံုး ကစားသမားျဖစ္သူ ေကာ္တင္ညိဳကို ဘာစီလိုနာတို႔ ေခၚယူခဲ့စဥ္က ၂၀၂၀ ခုႏွစ္အထိ မည့္သည့္ လီဗာပူးကစားသမားကို မဆို ေခၚယူမယ္ဆိုရင္ ေလ်ာ္ေၾကး ယူရို သန္း ၁၀၀ ေပးဖို႔ ဆိုတဲ့ သေဘာတူညီခ်က္ ရွိထားပါတယ္။ အဆိုပါ သေဘာတူညီခ်က္က လာမယ့္ ၂၀၂၁ ဇန္နဝါရီလကစျပီး သက္တမ္းကုန္ျပီ ျဖစ္ပါတယ္။