ဝက်ဟမ်းအသင်း ကွင်းလယ်လူ ဒီကလန်ရိုက်က လက်ရွေးစင်အသင်းမှာ စီနီယာကစားသမားဖြစ်တဲ့ ဟန်ဒါဆန်ရဲ့ ဦးဆောင်နိုင်စွမ်းတွေကို အမြဲတမ်း သင်ယူနေပါတယ်လို့ ဝန်ခံစကား ပြောဆိုပါတယ်။

ရိုက်ဟာ ဟန်ဒါဆန်ရဲ့ ကွင်းလယ်နေရာကို ရေရှည် အစားထိုးလာမယ့် အင်္ဂလန်ကစားသမားအဖြစ် နာမည်ရလာသူပါ။ သူဟာလည်း ဟန်ဒါဆန်နည်းတူ နံပါတ် ၆ နေရာကို အထူးပြု ကစားနေသူဖြစ်ကာ လီဗာပူးအသင်းခေါင်းဆောင်နဲ့ တွဲဘက် ကစားခွင့်တွေလည်း ရလာနေသူဖြစ်တယ်။

ရိုက်က ပြောရာမှာ “ အကယ်လို့ ဂျော်ဒန်ကို လေ့လာကြည့်မယ်ဆိုရင် သူ့ရဲ့ ကစားသမားဘဝ တစ်ခုလုံးမှာ ပွဲတွေအတွက် အကောင်းဆုံး လုပ်ခဲ့သူပါ။ ဒါပေမယ့် ဒီနောက်ပိုင်း နှစ်တွေမှာ ဆုဖလားတွေ အောင်မြင်ခဲ့တယ်။ သူ့လို ကစားသမားနဲ့ တွဲပြီး သင်ယူဖို့နဲ့ ပိုကောင်းလာဖို့အတွက် ကစားနေရတာက ကျနော်အတွက် အရေးကြီးပါတယ်။

သူ့ထံက သင်ယူနေတာတွေအတွက် အဓိက အချက်ကို ရွေးထုတ်ရမယ်ဆိုရင် ဘောလုံးအပေါ်မှာ သူ့ရဲ့ ကျွမ်းကျင် ပိုင်နိုင်မှုပါ။ ဒါပေမယ့် သူနဲ့ တွဲဘက်ပြီး မကစားဖူးသ၍တော့ သူ့ရဲ့ ဦးဆောင်နိုင်မှု အရည်အချင်းကို သိမှာ မဟုတ်ပါဘူး။ သူက အသင်းအတွက် ဘာတွေကို သယ်ဆောင်ပေးလာမယ့် ကစားသမားလဲ ဆိုတာကိုပေါ့။

သူက အသင်းဖော်တွေကို အကောင်းမြင်ဖို့နဲ့ မှန်ကန်တဲ့ လမ်းကြောင်းတွေမှာ ရှိနေဖို့ အမြဲတမ်း မနားတမ်းကို တိုက်တွန်းပေးနေတာပါ။ အဲ့တာက ကိုယ်ကို ယုံကြည်မှုတွေ ပေးနေပြီး ကိုယ်က ကိုယ်စားပြုနေတဲ့ အင်္ဂလန်အတွက် အကောင်းဆုံး လုပ်ဆောင်နိုင်စေပါတယ် ” လို့ ဆိုခဲ့တာဖြစ်တယ်။

ဟန်ဒါဆန်ဟာ အင်္ဂလန်အသင်းရဲ့ လက်ထောက် အသင်းခေါင်းဆောင်ဖြစ်ပြီး သမ္ဘာအရင့်ဆုံး ကစားသမားလည်းဖြစ်တယ်။ သူဟာ လီဗာပူးကော အင်္ဂလန်အသင်းအတွက်ပါ ဦးဆောင်သူ တစ်ဦးဖြစ်ပြီး အဝတ်လဲခန်းတွေအတွင်းမှာ လူလေးစားခံ ကစားသမားလည်း ဖြစ်တယ်။

မန်နေဂျာကလော့ပ်နဲ့ မန်နေဂျာ ဆောက်ဂိတ်တို့ရဲ့ အသင်းတွေမှာ ကွင်းလယ်ဟာ ဟန်ဒါဆန်ကို အဓိက ကျောရိုးတည် တည်ဆောက်ထားခြင်းဖြစ်ကာ သူဟာ ပွဲကြီးတွေတိုင်းအတွက် နည်းပြတွေရဲ့ စိတ်ကြိုက် ကစားသမားလို့လည်း ဆိုရမှာ ဖြစ်ပါတယ်။

ZAWGYI

ဝက္ဟမ္းအသင္း ကြင္းလယ္လူ ဒီကလန္ရိုက္က လက္ေရြးစင္အသင္းမွာ စီနီယာကစားသမားျဖစ္တဲ့ ဟန္ဒါဆန္ရဲ႕ ဦးေဆာင္ႏုိင္စြမ္းေတြကို အျမဲတမ္း သင္ယူေနပါတယ္လို႔ ဝန္ခံစကား ေျပာဆိုပါတယ္။

ရိုက္ဟာ ဟန္ဒါဆန္ရဲ႕ ကြင္းလယ္ေနရာကို ေရရွည္ အစားထိုးလာမယ့္ အဂၤလန္ကစားသမားအျဖစ္ နာမည္ရလာသူပါ။ သူဟာလည္း ဟန္ဒါဆန္နည္းတူ နံပါတ္ ၆ ေနရာကို အထူးျပဳ ကစားေနသူျဖစ္ကာ လီဗာပူးအသင္းေခါင္းေဆာင္နဲ႔ တြဲဘက္ ကစားခြင့္ေတြလည္း ရလာေနသူျဖစ္တယ္။

ရိုက္က ေျပာရာမွာ “ အကယ္လို႔ ေဂ်ာ္ဒန္ကို ေလ့လာၾကည့္မယ္ဆိုရင္ သူ႔ရဲ႕ ကစားသမားဘဝ တစ္ခုလံုးမွာ ပြဲေတြအတြက္ အေကာင္းဆံုး လုပ္ခဲ့သူပါ။ ဒါေပမယ့္ ဒီေနာက္ပိုင္း ႏွစ္ေတြမွာ ဆုဖလားေတြ ေအာင္ျမင္ခဲ့တယ္။ သူ႔လို ကစားသမားနဲ႔ တြဲျပီး သင္ယူဖို႔နဲ႔ ပိုေကာင္းလာဖို႔အတြက္ ကစားေနရတာက က်ေနာ္အတြက္ အေရးၾကီးပါတယ္။

သူ႔ထံက သင္ယူေနတာေတြအတြက္ အဓိက အခ်က္ကို ေရြးထုတ္ရမယ္ဆိုရင္ ေဘာလံုးအေပၚမွာ သူ႔ရဲ႕ ကၽြမ္းက်င္ ပိုင္ႏုိင္မႈပါ။ ဒါေပမယ့္ သူနဲ႔ တြဲဘက္ျပီး မကစားဖူးသ၍ေတာ့ သူ႔ရဲ႕ ဦးေဆာင္ႏုိင္မႈ အရည္အခ်င္းကို သိမွာ မဟုတ္ပါဘူး။ သူက အသင္းအတြက္ ဘာေတြကို သယ္ေဆာင္ေပးလာမယ့္ ကစားသမားလဲ ဆိုတာကိုေပါ့။

သူက အသင္းေဖာ္ေတြကို အေကာင္းျမင္ဖို႔နဲ႔ မွန္ကန္တဲ့ လမ္းေၾကာင္းေတြမွာ ရွိေနဖို႔ အျမဲတမ္း မနားတမ္းကို တိုက္တြန္းေပးေနတာပါ။ အဲ့တာက ကိုယ္ကို ယံုၾကည္မႈေတြ ေပးေနျပီး ကိုယ္က ကိုယ္စားျပဳေနတဲ့ အဂၤလန္အတြက္ အေကာင္းဆံုး လုပ္ေဆာင္ႏိုင္ေစပါတယ္ ” လို႔ ဆိုခဲ့တာျဖစ္တယ္။

ဟန္ဒါဆန္ဟာ အဂၤလန္အသင္းရဲ႕ လက္ေထာက္ အသင္းေခါင္းေဆာင္ျဖစ္ျပီး သမၻာအရင့္ဆံုး ကစားသမားလည္းျဖစ္တယ္။ သူဟာ လီဗာပူးေကာ အဂၤလန္အသင္းအတြက္ပါ ဦးေဆာင္သူ တစ္ဦးျဖစ္ျပီး အဝတ္လဲခန္းေတြအတြင္းမွာ လူေလးစားခံ ကစားသမားလည္း ျဖစ္တယ္။

မန္ေနဂ်ာကေလာ့ပ္နဲ႔ မန္ေနဂ်ာ ေဆာက္ဂိတ္တို႔ရဲ႕ အသင္းေတြမွာ ကြင္းလယ္ဟာ ဟန္ဒါဆန္ကို အဓိက ေက်ာရိုးတည္ တည္ေဆာက္ထားျခင္းျဖစ္ကာ သူဟာ ပြဲၾကီးေတြတိုင္းအတြက္ နည္းျပေတြရဲ႕ စိတ္ၾကိဳက္ ကစားသမားလို႔လည္း ဆိုရမွာ ျဖစ္ပါတယ္။