လက်ရွေးစင်အသင်းတာဝန်ကို ထမ်းဆောင်ရင်း ဒဏ်ရာရသွားတဲ့ ဂိုးမက်စ်အတွက် ဖီဖာက လီဗာပူးကို ပေါင် ၂ သန်း လျော်ကြေးပေးမှာဖြစ်ပါတယ်။

လီဗာပူးအားကစားဒါရိုက်တာ မိုင်ကယ်အတ်ဝပ်က နာပိုလီ ခံစစ်သမား ကိုလီဘာလီကို ခေါ်ယူဖို့ရာ ကစားသမားရဲ့ အသက်အရွယ်နဲ့ လုပ်ခအရ ကြိုးစားဖို့ တွန့်ဆုတ်နေတာဖြစ်တယ်လို့ သိရပါတယ်။

ကွင်းလယ်လူ သီယာဂိုဟာ ခြေထောက်ဒဏ်ရာ သက်သာနေကြောင်းကို အင်စတာဂရမ်က My Day မှာ ကလေးတွေနဲ့အတူ ဆော့နေရင်းက ပင်ပေါင်ဘောလုံးကို တော့ပြရင်း သက်သေထူခဲ့ပါတယ်။

ညာအစွန်လူ ထရန့်က ပြိုင်ဘက်တွေကို ရင်ဆိုင်ဖို့ တုန်လှုပ်ခြင်း မရှိပေမယ့် ဝုဗ်အသင်း တောင်ပံသမား ထရာအိုရေးကတော့ ရင်ဆိုင်ရ ခက်ခဲလွန်းသူလို့ ချီးကျူးခဲ့ပါတယ်။

ဇန်နဝါရီ အပြောင်းအရွှေ့မှာ လီဗာပူးအသင်းဟာ အိုလံပီယာကိုစ့်အသင်း ခံစစ်သမား ဆမ်မီဒိုကို ပေါင် ၁၈ သန်း ဝန်းကျင်ဖြင့် ခေါ်ယူနိုင်တယ်လို့ သိရပါတယ်။

ဝက်ဟမ်းအသင်း ကွင်းလယ်လူ ဒီကလန်ရိုက်က လက်ရွေးစင်အသင်းမှာ စီနီယာကစားသမားဖြစ်တဲ့ ဟန်ဒါဆန်ရဲ့ ဦးဆောင်နိုင်စွမ်းတွေကို အမြဲတမ်း သင်ယူနေပါတယ်လို့ ဝန်ခံစကား ပြောဆိုပါတယ်။

ဘာစီလိုနာအသင်းဟာ ကစားသမား အင်အားဖြည့်ဖို့အတွက် ပစ်မှတ် စာရင်းတွေ လုပ်ထားရာမှာ လီဗာပူးကစားသမား ၂ ဦး ပါဝင်နေတယ်လို့ သိလာရပါတယ်။

စကော်တလန် စလိုဗက်ကီးယားတို့ ယှဉ်ပြိုင်တဲ့ပွဲကို လက်ရွေးစင် အသင်းခေါင်းဆောင် ရော်ဘတ်ဆန်ဟာ တံကောက်ကြော ဒဏ်ရာကြောင့် လွဲချော်ခဲ့ပြီဖြစ်ပါတယ်။

နိုဝင်ဘာလ နိုင်ငံတကာသီတင်းပတ်အပြီးမှာ လီဗာပူးရဲ့ ပွဲစဉ် ၅ ပွဲက ၃ ရက် တစ်ပွဲနှုန်း ယှဉ်ပြိုင်ရမှာဖြစ်ကာ အဆိုပါ ပွဲတွေမှာတော့ လက်စတာ၊ ဘရိုက်တန်၊ ဝုဗ်လို ပရီးမီးယားလိဂ် ပြိုင်ဘက်ကောင်းတွေနဲ့ အတ္တလန်တာ၊ အေဂျက်လို ချန်ပီယံလိဂ်ပွဲတွေ ရှိလာမှာဖြစ်တယ်။

လီဗာပူး ညာအစွန်လူ ထရန့်က ဟန်ဒါဆန်၊ ဝိုက်နယ်ဒမ်၊ ရော်ဘတ်ဆန်နဲ့ မီလ်နာတို့ဟာ အသင်းရဲ့ အကြံ့ခိုင်ဆုံး ကစားသမားတွေ ဖြစ်ပါကြောင့် ဖွင့်ဟပြောဆိုမှု ပြုလုပ်သွားပါတယ်။

ဒဏ်ရာပြဿနာတွေဟာ လီဗာပူးပရိသတ်တွေကို စိတ်ပျက်နေမှာ ဖြစ်ပေမယ့် အကောင်းမြင်စရာ အဖြစ် ရှာကွီရီနဲ့ ကိတ်တာတို့ဟာ လာမယ့်ပွဲစဉ်တွေမှာ မန်နေဂျာကလော့ပ် ရွေးချယ်ဖို့ ကြံ့ခိုင်မှု အကောင်းဆုံး အနေအထားမှာ ရှိလာနေပါပြီ။

ZAWGYI










