အင်္ဂလန်မန်နေဂျာ ဆောက်ဂိတ်ကတော့ ဘယ်ဂျီယံနဲ့ ယှဉ်ပြိုင်ကစားတဲ့ နေးရှင်းလိဂ်ပွဲမှာ လီဗာပူးအသင်းခေါင်းဆောင် ဟန်ဒါဆန်ဟာ ပွဲဆက်မကစားနိုင်တာကြောင့် လူစားလဲခဲ့ရတာလို့ ထုတ်ပြောပါတယ်။

ဒါဟာ လီဗာပူးအတွက် သတင်းကောင်းတော့ မဟုတ်ပါဘူး။ ဟန်ဒါဆန်ဟာ ၂-၀ နဲ့ အရေးနိမ့်နေတဲ့ပွဲမှာ စပါးကွင်းလယ်လူ ဟယ်ရီဝင့်နဲ့ လူစားလဲခံခဲ့ရတယ်။ သူ့ရဲ့ ဒဏ်ရာဟာ ပြင်းထန်တဲ့ ဒဏ်ရာမျိုး မဟုတ်ဘူးလို့ ယူဆရပေမယ့် ဘယ်ဂျီယံနဲ့ပွဲမှာ ဆက်မကစားနိုင်တဲ့ ကြွက်တက်ခြင်းလို ကိစ္စမျိုး ဖြစ်ပါတယ်။

မန်နေဂျာဆောက်ဂိတ်က ဟန်ဒါဆန်ဟာ ပွဲကို ဆက်မကစားနိုင်တဲ့ ကြံ့ခိုင်မှု ပြဿနာကြောင့် လူစားလဲခဲ့ရတာလို့ ဆိုတယ်။ ဒါပေမယ့် ဒဏ်ရာအခြေအနေ အသေးစိတ်ကိုတော့ ထုတ်မပြောပါဘူး။

ဆောက်ဂိတ်က ” ဂျော်ဒန်က ပထမပိုင်းမှာ အနည်းငယ် ကြွက်သားတင်းကြပ်တဲ့ အနေအထား ဖြစ်နေခဲ့တယ်။ သူက ဆက်မကစားနိုင်တော့ဘူးလို့ ခံစားရတယ်။ သူ ဘယ်အချိန်မှာ ကစားနိုင်မလဲဆိုတာကို ကျနော်တို့ စစ်ဆေးရပါမယ် ” လို့ ဆိုခဲ့တာဖြစ်ပါတယ်။

နိုင်ငံတကာ သီတင်းပတ်မှာ ရော်ဘတ်ဆန်က တံကောက်ကြော ဒဏ်ရာ ရခဲ့ပြီး ဟန်ဒါဆန်ကလည်း ကြွက်သား ဒဏ်ရာ တစ်ခုခု ရတဲ့ အနေအထားဖြစ်တယ်။ ဒါကြောင့် လီဗာပူးအသင်းဟာ ဒီရာသီမှာ ဒဏ်ရာရ ကစားသမား ၁၆ ဦးထိ ရှိလာနေပြီဖြစ်ကာ လက်တလောမှာတင် ၉ ဦးက ဒဏ်ရာကြောင့် မကစားနိုင်မယ့် အနေအထားဖြစ်တယ်။

အကောင်းမြင်စရာအားဖြင့် သီယာဂိုနဲ့ ဖာဘင်ညို ပြန်ကစားလာနိုင်ဖွယ်ရှိပြီး ရှာကွီရီနဲ့ ကိတ်တာတို့ကလည်း လူစာရင်းမှာ ပြန်လည် ပါဝင်လာနိုင်တော့မှာ ဖြစ်ပါတယ်။

ZAWGYI

အဂၤလန္မန္ေနဂ်ာ ေဆာက္ဂိတ္ကေတာ့ ဘယ္ဂ်ီယံနဲ႔ ယွဥ္ျပိဳင္ကစားတဲ့ ေနးရွင္းလိဂ္ပြဲမွာ လီဗာပူးအသင္းေခါင္းေဆာင္ ဟန္ဒါဆန္ဟာ ပြဲဆက္မကစားႏုိင္တာေၾကာင့္ လူစားလဲခဲ့ရတာလို႔ ထုတ္ေျပာပါတယ္။

ဒါဟာ လီဗာပူးအတြက္ သတင္းေကာင္းေတာ့ မဟုတ္ပါဘူး။ ဟန္ဒါဆန္ဟာ ၂-၀ နဲ႔ အေရးနိမ့္ေနတဲ့ပြဲမွာ စပါးကြင္းလယ္လူ ဟယ္ရီဝင့္နဲ႔ လူစားလဲခံခဲ့ရတယ္။ သူ႔ရဲ႕ ဒဏ္ရာဟာ ျပင္းထန္တဲ့ ဒဏ္ရာမ်ိဳး မဟုတ္ဘူးလို႔ ယူဆရေပမယ့္ ဘယ္ဂ်ီယံနဲ႔ပြဲမွာ ဆက္မကစားႏုိင္တဲ့ ၾကြက္တက္ျခင္းလို ကိစၥမ်ိဳး ျဖစ္ပါတယ္။

မန္ေနဂ်ာေဆာက္ဂိတ္က ဟန္ဒါဆန္ဟာ ပြဲကို ဆက္မကစားႏုိင္တဲ့ ၾကံ႕ခိုင္မႈ ျပႆနာေၾကာင့္ လူစားလဲခဲ့ရတာလို႔ ဆိုတယ္။ ဒါေပမယ့္ ဒဏ္ရာအေျခအေန အေသးစိတ္ကိုေတာ့ ထုတ္မေျပာပါဘူး။

ေဆာက္ဂိတ္က ” ေဂ်ာ္ဒန္က ပထမပိုင္းမွာ အနည္းငယ္ ၾကြက္သားတင္းၾကပ္တဲ့ အေနအထား ျဖစ္ေနခဲ့တယ္။ သူက ဆက္မကစားႏုိင္ေတာ့ဘူးလို႔ ခံစားရတယ္။ သူ ဘယ္အခ်ိန္မွာ ကစားႏုိင္မလဲဆိုတာကို က်ေနာ္တို႔ စစ္ေဆးရပါမယ္ ” လို႔ ဆိုခဲ့တာျဖစ္ပါတယ္။

ႏုိင္ငံတကာ သီတင္းပတ္မွာ ေရာ္ဘတ္ဆန္က တံေကာက္ေၾကာ ဒဏ္ရာ ရခဲ့ျပီး ဟန္ဒါဆန္ကလည္း ၾကြက္သား ဒဏ္ရာ တစ္ခုခု ရတဲ့ အေနအထားျဖစ္တယ္။ ဒါေၾကာင့္ လီဗာပူးအသင္းဟာ ဒီရာသီမွာ ဒဏ္ရာရ ကစားသမား ၁၆ ဦးထိ ရွိလာေနျပီျဖစ္ကာ လက္တေလာမွာတင္ ၉ ဦးက ဒဏ္ရာေၾကာင့္ မကစားႏုိင္မယ့္ အေနအထားျဖစ္တယ္။

အေကာင္းျမင္စရာအားျဖင့္ သီယာဂိုနဲ႔ ဖာဘင္ညိဳ ျပန္ကစားလာႏုိင္ဖြယ္ရွိျပီး ရွာကီြရီနဲ႔ ကိတ္တာတို႔ကလည္း လူစာရင္းမွာ ျပန္လည္ ပါဝင္လာႏုိင္ေတာ့မွာ ျဖစ္ပါတယ္။