နိုဝင်ဘာလ နိုင်ငံတကာ သီတင်းပတ်အတွင်းမှာ လီဗာပူးစီနီယာတွေ ပါဝင်တဲ့ လက်ရွေးစင်အသင်းတွေက ဒုတိယမြောက် ပွဲတွေကို ယှဉ်ပြိုင်ကစားခဲ့ကြပါတယ်။

ဒဏ်ရာက သက်သာလာတဲ့ ကွင်းလယ်လူ ကိတ်တာဟာ ဂူနီယာအသင်းနဲ့ အာဖရိက ဖလားပွဲတွေကို ယှဉ်ပြိုင်နေပြီး မနေ့ကပွဲမှာ ဂိုးသွင်းထားပါတယ်။ တစ်ဘက်မှာ မာနေးကလည်း နိုင်ငံတကာသီတင်းပတ်မှာ ၂ ပွဲဆက် ဂိုးသွင်းထားပါတယ်။ သူရဲ့ မိခင်အသင်းဟာ ၂၀၂၂ ခုနှစ် အာဖရိကဖလားကို ပထမဆုံး ခြေစစ်ပွဲအောင်မြင်ခဲ့ပါပြီ။

ဂူနီယာအသင်းရဲ့ ပွဲတွေက ဆက်ကစားဖို့ မရှိတေ့ာပေမယ့် ဆီနီဂေါအသင်းကတော့ တစ်ပွဲ ကစားဖို့ ကျန်ရှိမှာဖြစ်ပါတယ်။

နယ်သာလန်နဲ့ ဘောစနီယားတို့ ယှဉ်ပြိုင်ကစားတဲ့ ပွဲမှာတော့ ဝိုက်နယ်ဒမ်ရဲ့ အဖွင့် ၂ ဂိုးက နယ်သာလန်အသင်း နိုင်ပွဲရဖို့ အထောက်အကူ ဖြစ်စေခဲ့တယ်။ ကွင်းလယ်လူဟာ နယ်သာလန်အသင်းကို အသင်းခေါင်းဆောင်အဖြစ် ၆၄ မိနစ် ပါဝင်ကစားခဲ့ပြီးနောက် လူစားလဲခဲ့ပါတယ်။ ကြံ့ခိုင်မှုပိုင်းမှာ ဘာပြဿနာမှာ မရှိခဲ့ပါဘူး။

အင်္ဂလန်အသင်းနဲ့ ဘယ်ဂျီယံအသင်းတို့ ပွဲမှာတော့ လီဗာပူးအသင်းခေါင်းဆောင် ဟန်ဒါဆန်က ဒဏ်ရာရခဲ့တယ်လို့ သိရတယ်။ ဒဏ်ရာကြောင့်ပဲ လူစားလဲခံခဲ့ရကာ အခြေအနေကို မသိရသေးပါဘူး။

ဂရိနဲ့ မော်ဒိုဗာတို့ ယှဉ်ပြိုင်ကစားတဲ့ ပွဲမှာတော့ ကိုစတက်ဟာ ပွဲချိန် ၆၂ မိနစ်ကြာ ပါဝင်ကစားခွင့် ရခဲ့ပါတယ်။ သူလည်း အခြေအနေ ကောင်းပါတယ်။

ဝေလ်းအသင်းနဲ့ အိုင်ယာလန်အသင်းပွဲမှာ ညာအစွန်လူ နီကိုးက ပွဲချိန်ပြည့် ကစားပေးနိုင်ခဲ့ကာ အရန်ဂိုးသမား ဂလယ်ဟာက အရန်ထိုင်ခုံမှာ ရှိနေခဲ့တယ်။

စကော်တလန်က စလိုဗက်ကီးယားကို အရေးနိမ့်တဲ့ပွဲမှာ ဘယ်အစွန်လူ ရော်ဘတ်ဆန် မပါနိုင်ခဲ့ပါဘူး။ ဒါပေမယ့်လို့ အခြေအနေ ကောင်းနေပြီး နောက်ဆုံးပွဲဖြစ်တဲ့ အစ္စရေးပွဲမှာ ထည့်သုံးနိုင်ဖို့ မျှော်လင့်ထားတယ်လို့ လက်ရွေးစင် မန်နေဂျာ စတိဗ်ကလက်က ပြောပါတယ်။

နိုင်ငံတကာသီတင်းပတ် ဒုတိယပွဲစဉ်တွေမှာ ဟန်ဒါဆန် တစ်ဦးတည်း ဒဏ်ရာအခြေအနေ မသိပေမယ့် ရော်ဘတ်ဆန်လည်း အခြေအနေကောင်းပြီး ဒဏ်ရာရ ကစားသမားတွေ ထပ်မရှိဘူးလို့ လီဗာပူးအသင်းဝဘ်ဆိုဒ်က ဖော်ပြထားပါတယ်။

ZAWGYI

ႏိုဝင္ဘာလ ႏုိင္ငံတကာ သီတင္းပတ္အတြင္းမွာ လီဗာပူးစီနီယာေတြ ပါဝင္တဲ့ လက္ေရြးစင္အသင္းေတြက ဒုတိယေျမာက္ ပြဲေတြကို ယွဥ္ျပိဳင္ကစားခဲ့ၾကပါတယ္။

ဒဏ္ရာက သက္သာလာတဲ့ ကြင္းလယ္လူ ကိတ္တာဟာ ဂူနီယာအသင္းနဲ႔ အာဖရိက ဖလားပြဲေတြကို ယွဥ္ျပိဳင္ေနျပီး မေန႔ကပြဲမွာ ဂိုးသြင္းထားပါတယ္။ တစ္ဘက္မွာ မာေနးကလည္း ႏုိင္ငံတကာသီတင္းပတ္မွာ ၂ ပြဲဆက္ ဂိုးသြင္းထားပါတယ္။ သူရဲ႕ မိခင္အသင္းဟာ ၂၀၂၂ ခုႏွစ္ အာဖရိကဖလားကို ပထမဆံုး ေျခစစ္ပြဲေအာင္ျမင္ခဲ့ပါျပီ။

ဂူနီယာအသင္းရဲ႕ ပြဲေတြက ဆက္ကစားဖို႔ မရွိေတ့ာေပမယ့္ ဆီနီေဂါအသင္းကေတာ့ တစ္ပြဲ ကစားဖို႔ က်န္ရွိမွာျဖစ္ပါတယ္။

နယ္သာလန္နဲ႔ ေဘာစနီယားတို႔ ယွဥ္ျပိဳင္ကစားတဲ့ ပြဲမွာေတာ့ ဝိုက္နယ္ဒမ္ရဲ႕ အဖြင့္ ၂ ဂိုးက နယ္သာလန္အသင္း ႏုိင္ပြဲရဖို႔ အေထာက္အကူ ျဖစ္ေစခဲ့တယ္။ ကြင္းလယ္လူဟာ နယ္သာလန္အသင္းကို အသင္းေခါင္းေဆာင္အျဖစ္ ၆၄ မိနစ္ ပါဝင္ကစားခဲ့ျပီးေနာက္ လူစားလဲခဲ့ပါတယ္။ ၾကံ႕ခိုင္မႈပိုင္းမွာ ဘာျပႆနာမွာ မရွိခဲ့ပါဘူး။

အဂၤလန္အသင္းနဲ႔ ဘယ္ဂ်ီယံအသင္းတို႔ ပြဲမွာေတာ့ လီဗာပူးအသင္းေခါင္းေဆာင္ ဟန္ဒါဆန္က ဒဏ္ရာရခဲ့တယ္လို႔ သိရတယ္။ ဒဏ္ရာေၾကာင့္ပဲ လူစားလဲခံခဲ့ရကာ အေျခအေနကို မသိရေသးပါဘူး။

ဂရိနဲ႔ ေမာ္ဒိုဗာတို႔ ယွဥ္ျပိဳင္ကစားတဲ့ ပြဲမွာေတာ့ ကိုစတက္ဟာ ပြဲခ်ိန္ ၆၂ မိနစ္ၾကာ ပါဝင္ကစားခြင့္ ရခဲ့ပါတယ္။ သူလည္း အေျခအေန ေကာင္းပါတယ္။

ေဝလ္းအသင္းနဲ႔ အိုင္ယာလန္အသင္းပြဲမွာ ညာအစြန္လူ နီကိုးက ပြဲခ်ိန္ျပည့္ ကစားေပးႏုိင္ခဲ့ကာ အရန္ဂိုးသမား ဂလယ္ဟာက အရန္ထိုင္ခံုမွာ ရွိေနခဲ့တယ္။

စေကာ္တလန္က စလိုဗက္ကီးယားကို အေရးနိမ့္တဲ့ပြဲမွာ ဘယ္အစြန္လူ ေရာ္ဘတ္ဆန္ မပါႏုိင္ခဲ့ပါဘူး။ ဒါေပမယ့္လို႔ အေျခအေန ေကာင္းေနျပီး ေနာက္ဆံုးပြဲျဖစ္တဲ့ အစၥေရးပြဲမွာ ထည့္သံုးႏုိင္ဖို႔ ေမွ်ာ္လင့္ထားတယ္လို႔ လက္ေရြးစင္ မန္ေနဂ်ာ စတိဗ္ကလက္က ေျပာပါတယ္။

ႏိုင္ငံတကာသီတင္းပတ္ ဒုတိယပြဲစဥ္ေတြမွာ ဟန္ဒါဆန္ တစ္ဦးတည္း ဒဏ္ရာအေျခအေန မသိေပမယ့္ ေရာ္ဘတ္ဆန္လည္း အေျခအေနေကာင္းျပီး ဒဏ္ရာရ ကစားသမားေတြ ထပ္မရွိဘူးလို႔ လီဗာပူးအသင္းဝဘ္ဆိုဒ္က ေဖာ္ျပထားပါတယ္။