မန်စီးတီးကွင်းလယ်လူ ဒီဘရိုင်းက ပြီးခဲ့တဲ့ လီဗာပူးကို ရင်ဆိုင်ကစားတဲ့ပွဲမှာ ဝေါ်ကာ ဝေဖန်ခံရတဲ့ အနေအထားက မမျှတပါဘူးလို့ ထုတ်ပြောလိုက်ပါတယ်။

စကိုင်းမှ သုံးသပ်သူ ရိုင်ကိန်းက ဝေါ်ကာကို လူပိန်းလို့ မှတ်ချက်ပေးခဲ့သလို အခြားသော သုံးသပ်သူတွေက ထရန့်နဲ့ ဝေါ်ကာကြား နှိုင်းယှဉ်မှုတွေ လုပ်နေကြတာပါ။ ညာအစွန်နေရာမှာ ကစားနေကြသူတွေဖြစ်ပေမယ့် အင်္ဂလန်သား ကစားသမား နှစ်ဦးက မတူညီတဲ့ တာဝန်တွေနဲ့မို့ ယှဉ်တွဲ ပြောဆိုတာက မမျှတဘူးလို့ ဒီဘရိုင်းက မြင်ပါတယ်။

ဘယ်ဂျီယံသားက ” မန်စီးတီးအသင်းကို ပြောင်းလာပြီးတည်းက ကိုင်လီဟာ အသင်းအတွက် စွမ်းဆောင်ရည် အတည်ငြိမ်ဆုံး ကစားသမားတွေထဲက တစ်ဦးဖြစ်ပါတယ်။ သူက ဘယ်တော့မှ ဒဏ်ရာမရဘူး။ အချိန်ပြည့် ကစားနိုင်စွမ်းရှိတယ်။ သိပ်ကောင်းတဲ့ ခံစစ်သမား ဖြစ်သလို သူ့အလုပ်ကို အကောင်းဆုံး လုပ်ဆောင်နေသူ ဖြစ်ပါတယ်။

ထရန့် လီဗာပူးအတွက် လုပ်ပေးတာတွေနဲ့ ဝေါ်ကာရဲ့ လုပ်နိုင်မှုတွေကို နှိုင်းယှဉ်တာတွေက မဖြစ်သင့်ပါဘူး။ ထရန့်က ပိုပြီး တိုက်စစ်အားသန်တဲ့ ကစားသမားဖြစ်သလို ဝေါ်ကာက ကျနော်တို့အတွက် မတူညီတဲ့ တာဝန်တွေကို ရယူပေးနေတာပါ။ သူကစားတာလည်း သိပ်ကောင်းပါတယ်။

ဒါကြောင့်လည်း ဝေါ်ကာက ဒီနှစ်တွေမှာ မန်စီးတီးလို အသင်းအတွက် ကစားနေရတာပါ။ ရိုင်ကိန်းက သူ့ကို ဝေဖန်ပြောဆိုမှု လုပ်ပေမယ့် ဒါက သူ့အမြင်ပါပဲ။ အားလုံး အဆင်ပြေပါတယ် ” လို့ ဆိုခဲ့တာဖြစ်တယ်။

ထရန့်နဲ့ ဝေါ်ကာတို့ဟာ ယူရို ၂၀၂၀ မှာတော့ အင်္ဂလန်အသင်းရဲ့ ပွဲထွက် တစ်နေရာအတွက် ထရစ်ပီယာနဲ့အတူ ယှဉ်ပြိုင်သွားကြရဖို့ ရှိနေတာ ဖြစ်ပါတယ်။

ZAWGYI

မန္စီးတီးကြင္းလယ္လူ ဒီဘရိုင္းက ျပီးခ့ဲတဲ့ လီဗာပူးကို ရင္ဆိုင္ကစားတဲ့ပြဲမွာ ေဝၚကာ ေဝဖန္ခံရတဲ့ အေနအထားက မမွ်တပါဘူးလို႔ ထုတ္ေျပာလိုက္ပါတယ္။

စကိုင္းမွ သံုးသပ္သူ ရိုင္ကိန္းက ေဝၚကာကို လူပိန္းလို႔ မွတ္ခ်က္ေပးခဲ့သလို အျခားေသာ သံုးသပ္သူေတြက ထရန္႔နဲ႔ ေဝၚကာၾကား ႏိႈင္းယွဥ္မႈေတြ လုပ္ေနၾကတာပါ။ ညာအစြန္ေနရာမွာ ကစားေနၾကသူေတြျဖစ္ေပမယ့္ အဂၤလန္သား ကစားသမား နွစ္ဦးက မတူညီတဲ့ တာဝန္ေတြနဲ႔မို႔ ယွဥ္တြဲ ေျပာဆိုတာက မမွ်တဘူးလို႔ ဒီဘရိုင္းက ျမင္ပါတယ္။

ဘယ္ဂ်ီယံသားက ” မန္စီးတီးအသင္းကို ေျပာင္းလာျပီးတည္းက ကိုင္လီဟာ အသင္းအတြက္ စြမ္းေဆာင္ရည္ အတည္ျငိမ္ဆံုး ကစားသမားေတြထဲက တစ္ဦးျဖစ္ပါတယ္။ သူက ဘယ္ေတာ့မွ ဒဏ္ရာမရဘူး။ အခ်ိန္ျပည့္ ကစားႏုိင္စြမ္းရွိတယ္။ သိပ္ေကာင္းတဲ့ ခံစစ္သမား ျဖစ္သလို သူ႔အလုပ္ကို အေကာင္းဆံုး လုပ္ေဆာင္ေနသူ ျဖစ္ပါတယ္။

ထရန္႔ လီဗာပူးအတြက္ လုပ္ေပးတာေတြနဲ႔ ေဝၚကာရဲ႕ လုပ္ႏိုင္မႈေတြကို ႏိႈင္းယွဥ္တာေတြက မျဖစ္သင့္ပါဘူး။ ထရန္႔က ပိုျပီး တိုက္စစ္အားသန္တဲ့ ကစားသမားျဖစ္သလို ေဝၚကာက က်ေနာ္တို႔အတြက္ မတူညီတဲ့ တာဝန္ေတြကို ရယူေပးေနတာပါ။ သူကစားတာလည္း သိပ္ေကာင္းပါတယ္။

ဒါေၾကာင့္လည္း ေဝၚကာက ဒီႏွစ္ေတြမွာ မန္စီးတီးလို အသင္းအတြက္ ကစားေနရတာပါ။ ရိုင္ကိန္းက သူ႔ကို ေဝဖန္ေျပာဆိုမႈ လုပ္ေပမယ့္ ဒါက သူ႔အျမင္ပါပဲ။ အားလံုး အဆင္ေျပပါတယ္ ” လို႔ ဆိုခဲ့တာျဖစ္တယ္။

ထရန္႔နဲ႔ ေဝၚကာတို႔ဟာ ယူရို ၂၀၂၀ မွာေတာ့ အဂၤလန္အသင္းရဲ႕ ပြဲထြက္ တစ္ေနရာအတြက္ ထရစ္ပီယာနဲ႔အတူ ယွဥ္ျပိဳင္သြားၾကရဖို႔ ရွိေနတာ ျဖစ္ပါတယ္။