ဘယ်အစွန်လူ ရော်ဘတ်ဆန်ဟာ ယာဂင်ကလော့ပ်ရဲ့ ဦးစားပေး ခံစစ်လေးယောက်တန်းမှာ တစ်ဦးတည်းသော ကြံ့ခိုင်မှု ကောင်းနေသူ ဖြစ်ပေမယ့်လည်း စကော်တလန် လက်ရွေးစင်နဲ့ ပူးပေါင်းစဉ်မှာ ဒဏ်ရာ ရရှိခဲ့ပြီဖြစ်ပါတယ်။

ဆားဘီးယားနဲ့ပွဲကို မိနစ် ၁၂၀ လုံး ကစားခဲ့ခြင်းက သူ့ရဲ့ ကြံ့ခိုင်မှုကို ထိခိုက်စေခဲ့တယ်။ တံကောက်ကြောလို့ ယူဆရတဲ့ ဒဏ်ရာဟာ ဆိုးဆိုးရွားရွား အခြေအနေ မဟုတ်ပေမယ့် စလိုဗာကီးယားနဲ့ ယှဉ်ပြိုင်ကစားတဲ့ တနင်္ဂနွေနေ့ ပွဲမှာတော့ သူ ပါဝင်နိုင်ခဲ့ခြင်း မရှိပါဘူး။

ဒါပေမယ့်လို့ ဒဏ်ရာအခြေအနေ ပြင်းထန်တယ်လို့ နိုင်ငံအသင်းကော၊ ကလပ်အသင်းကပါ သတင်းထုတ်ပြန်မှု မလုပ်ခြင်းနဲ့အတူ ရော်ဘတ်ဆန်ဟာ ဒဏ်ရာပြဿနာတွေကို အကောင်းဆုံး ကိုင်တွယ်နိုင်ဖွယ် ရှိနေပါတယ်။ တနင်္ဂနွေနေ့မှာ အနားရခဲ့တာက ရိုဘိုရဲ့ အခြေအနေကို အကောင်းမြင်စရာဖြစ်ပြီး စကော်တလန်ရဲ့ နောက်ဆုံး လက်ရွေးစင်ပွဲမှာ ပါဝင်လာနိုင်ပါသေးတယ်။

စကော်တလန်မန်နေဂျာက “ အရန်ခုံမှာ သုံးယောက်လောက်ကို ထိုင်ခိုင်းခဲ့ရတယ်။ အချို့သော ကစားသမားတွေ ပါလာဖို့ကို လူတွေ မျှော်လင့်နေပေမယ့် ဒီအခြေအနေမှာ သူတို့ ကွင်းထဲကို ပါဝင်မကစားနိုင်တာတွေ ရှိပါတယ်။

အန်ဒီရဲ့ ဒဏ်ရာက အခြားသူတွေထက် အနည်းငယ် ပိုသိသာတဲ့ အနေအထား ဖြစ်ပါတယ်။ ဒါပေမယ့်လို့ အစ္စရေးပွဲ မတိုင်ခင် ရက်အနည်းငယ် အနားရပါတယ်။ သူက ကျနေ်ာတို့နဲ့ လိုက်ပါလာပါတယ်။ လေယာဉ်မှာလည်း အတူရှိနေတယ်။ အဲ့ပွဲအတွက် သုံးနိုင်အောင် ကြံ့ခိုင်နေဖို့ မျှော်လင့်ပါတယ် ” လို့ ဆိုခဲ့တာဖြစ်တယ်။

ရော်ဘတ်ဆန်ရဲ့ အခြေအနေက ဒဏ်ရာရနိုင်တဲ့ လက္ခဏာတွေ မြင်နေရခြင်းကြောင့် စလိုဗက်ကီးယားနဲ့ပွဲကို လွဲချော်ခဲ့ခြင်းဖြစ်တယ်။ စကော်တလန်မန်နေဂျာကတော့ အစ္စရေးနဲ့ပွဲမှာ ရိုဘို ကစားနိုင်ဖို့ မျှော်လင့်နေတာ ဖြစ်ပါတယ်။

ZAWGYI

ဘယ္အစြန္လူ ေရာ္ဘတ္ဆန္ဟာ ယာဂင္ကေလာ့ပ္ရဲ႕ ဦးစားေပး ခံစစ္ေလးေယာက္တန္းမွာ တစ္ဦးတည္းေသာ ၾကံ႕ခိုင္မႈ ေကာင္းေနသူ ျဖစ္ေပမယ့္လည္း စေကာ္တလန္ လက္ေရြးစင္နဲ႔ ပူးေပါင္းစဥ္မွာ ဒဏ္ရာ ရရွိခဲ့ျပီျဖစ္ပါတယ္။

ဆားဘီးယားနဲ႔ပြဲကို မိနစ္ ၁၂၀ လံုး ကစားခဲ့ျခင္းက သူ႔ရဲ႕ ၾကံ႕ခိုင္မႈကို ထိခိုက္ေစခဲ့တယ္။ တံေကာက္ေၾကာလို႔ ယူဆရတဲ့ ဒဏ္ရာဟာ ဆိုးဆိုးရြားရြား အေျခအေန မဟုတ္ေပမယ့္ စလိုဗာကီးယားနဲ႔ ယွဥ္ျပိဳင္ကစားတဲ့ တနဂၤေႏြေန႔ ပြဲမွာေတာ့ သူ ပါဝင္ႏုိင္ခဲ့ျခင္း မရွိပါဘူး။

ဒါေပမယ့္လို႔ ဒဏ္ရာအေျခအေန ျပင္းထန္တယ္လို႔ ႏုိင္ငံအသင္းေကာ၊ ကလပ္အသင္းကပါ သတင္းထုတ္ျပန္မႈ မလုပ္ျခင္းနဲ႔အတူ ေရာ္ဘတ္ဆန္ဟာ ဒဏ္ရာျပႆနာေတြကို အေကာင္းဆံုး ကိုင္တြယ္ႏုိင္ဖြယ္ ရွိေနပါတယ္။ တနဂၤေႏြေန႔မွာ အနားရခဲ့တာက ရိုဘိုရဲ႕ အေျခအေနကို အေကာင္းျမင္စရာျဖစ္ျပီး စေကာ္တလန္ရဲ႕ ေနာက္ဆံုး လက္ေရြးစင္ပြဲမွာ ပါဝင္လာႏုိင္ပါေသးတယ္။

စေကာ္တလန္မန္ေနဂ်ာက “ အရန္ခံုမွာ သံုးေယာက္ေလာက္ကို ထိုင္ခိုင္းခဲ့ရတယ္။ အခ်ိဳ႔ေသာ ကစားသမားေတြ ပါလာဖို႔ကို လူေတြ ေမွ်ာ္လင့္ေနေပမယ့္ ဒီအေျခအေနမွာ သူတို႔ ကြင္းထဲကို ပါဝင္မကစားႏုိင္တာေတြ ရွိပါတယ္။

အန္ဒီရဲ႕ ဒဏ္ရာက အျခားသူေတြထက္ အနည္းငယ္ ပိုသိသာတဲ့ အေနအထား ျဖစ္ပါတယ္။ ဒါေပမယ့္လို႔ အစၥေရးပြဲ မတိုင္ခင္ ရက္အနည္းငယ္ အနားရပါတယ္။ သူက က်ေန္ာတို႔နဲ႔ လိုက္ပါလာပါတယ္။ ေလယာဥ္မွာလည္း အတူရွိေနတယ္။ အဲ့ပြဲအတြက္ သံုးႏုိင္ေအာင္ ၾကံ႕ခိုင္ေနဖို႔ ေမွ်ာ္လင့္ပါတယ္ ” လို႔ ဆိုခဲ့တာျဖစ္တယ္။

ေရာ္ဘတ္ဆန္ရဲ႕ အေျခအေနက ဒဏ္ရာရႏုိင္တဲ့ လကၡဏာေတြ ျမင္ေနရျခင္းေၾကာင့့္ စလိုဗက္ကီးယားနဲ႔ပြဲကို လြဲေခ်ာ္ခဲ့ျခင္းျဖစ္တယ္။ စေကာ္တလန္မန္ေနဂ်ာကေတာ့ အစၥေရးနဲ႔ပြဲမွာ ရိုဘို ကစားႏုိင္ဖို႔ ေမွ်ာ္လင့္ေနတာ ျဖစ္ပါတယ္။