နိုင်ငံတကာသီတင်းပတ်မှာ လီဗာပူးကစားသမားတွေ ဆက်လက် ဒဏ်ရာရမှု တိုးပွားလာတဲ့နောက် လက်စတာပွဲအတွက် ထုတ်သုံးနိုင်တဲ့ လူစာရင်းကို အမျိုးမျိုး ဖော်ပြလာခဲ့ပြီဖြစ်တယ်။ အဆိုပါ လူစာရင်းတွေထဲက အလားအလာ အရှိဆုံး ပွဲထွက် လူစာရင်းကို ဖော်ပြမှာဖြစ်တယ်။

လီဗာပူးအသင်းမှာ စီနီယာကစားသမား ၉ ဦးထိ ဒဏ်ရာရနေပြီး နိုင်ငံတကာပွဲအပြီး ပြန်လည် ယှဉ်ပြိုင်မယ့် လက်စတာနဲ့ပွဲမှာ ထုတ်သုံးဖို့ အကန့်အသတ်တွေ ရှိလာခဲ့ပါပြီ။ ပြီးခဲ့တဲ့ ရက်တွေကပဲ ဂိုးမက်စ်၊ ဟန်ဒါဆန်၊ ရော်ဘတ်ဆန်တို့ရဲ့ ဒဏ်ရာအခြေအနေတွေ ထပ်ကြားလာရခြင်းဖြစ်ကာ မန်နေဂျာကလော့ပ်ရဲ့ ဦးစားပေး ခံစစ်တန်းတစ်ခုလုံး ဒဏ်ရာရနေတဲ့ အနေအထားဖြစ်တယ်။

ညာအစွန်လူ ထရန့်၊ ခံစစ်အတွဲတွေဖြစ်တဲ့ ဂိုးမက်စ်နဲ့ ဗန်ဒိုက်တို့က လက်စတာပွဲကို သေချာပေါက်လွဲမှာဖြစ်ကာ ရော်ဘတ်ဆန်က အနည်းငယ် မျှော်လင့်နိုင်ပါသေးတယ်။ ဂိုးမက်စ်နဲ့ ဗန်ဒိုက်တို့ကတော့ ခွဲစိတ်မှုပါ လုပ်ထားရပြီး လပေါင်းများစွာ အနားယူရမှာဖြစ်ကာ ထရန့်တော့ နောက်ထပ် ၅ ပွဲကနေ ၆ ပွဲကြား အနားယူရပါမယ်။

ရော်ဘတ်ဆန်ရဲ့ အခြေအနေက စကော်တလန်နဲ့ အစ္စရေးပွဲမှာ ပိုမို သိရနိုင်ပြီး သူ့အနေနဲ့ ကလပ်ပွဲအဖြစ် လက်စတာပွဲကို လွဲချော်နိုင်ချေ ရှိနေဆဲဖြစ်တယ်။ ချန်ပီယံလိဂ်ပွဲဖြစ်တဲ့ မစ်ဂျီလန်နဲ့ပွဲမှာ အသေးစား တံကောက်ကြောဒဏ်ရာ ရခဲ့တဲ့ ဖာဘင်ညို လက်စတာပွဲအမှီ သက်သာလာနိုင်ပြီး ဘယ်အစွန်လူ ကိုစတက် ကြံ့ခိုင်မှု ကောင်းနေတဲ့ အနေအထားဖြစ်ပါတယ်။

လီဗာပူးရဲ့ ခံစစ်တန်းမှာတော့ ဂိုးသမားအဖြစ် အယ်လီဆန်၊ ညာနဲ့ ဘယ်အစွန်နေရာတွေမှာ နီကိုး၊ မီလ်နာနဲ့ ကိုစတက်တို့ ရှိနေမှာဖြစ်တယ်။ ဗဟိုခံစစ်အဖြစ်တော့ မန်စီးတီးနဲ့ပွဲမှာ ပါဝင်ခဲ့တဲ့ မာတစ်၊ လူငယ်အတွဲဖြစ်တဲ့ ရိုင်းစ်၊ နက်တို့နဲ့ ဒဏ်ရာက ပြန်သက်သာလာမယ့် ဖာဘင်ညို ဖြစ်ပါတယ်။

ကွင်းလယ်မှာတော့ ဟန်ဒါဆန် ဒဏ်ရာရသွားခဲ့ပြီး အခြေအနေ အသေးစိတ် မသိရသေးပါဘူး။ လီဗာပူးကွင်းလယ်ဟာ အင်အားတောင့်ဆဲဖြစ်ကာ ဂီနီ၊ ကိတ်တာ၊ ဂျုံး၊ ရှာကွီရီတို့ အပြင် ဒဏ်ရာက အခြေအနေ ပြန်ကောင်းလာတဲ့ သီယာဂိုတို့ ရှိနေမှာဖြစ်တယ်။ သီယာဂို ပွဲထွက်လူစာရင်းကနေ မပါနိုင်သေးဘူးဆိုရင်တောင် ကွင်းလယ်ကတော့ အင်အားတောင့်နေဆဲပါ။

တိုက်စစ်မှာတော့ ဆာလက်ကို ကိုဗစ်ကူးစက်ခံရမှုကြောင့် လက်လွတ်ရပါမယ်။ ဒါကြောင့် ဂျိုတာ၊ မာနေး၊ ဖာမင်နို တွဲလုံးကိုပဲ အဓိက ထုတ်သုံးမှာဖြစ်တယ်။ မီနာမီနို၊ အိုရီဂီတို့ကတော့ အရန်လူစာရင်းမှာ ရှိနေမှာဖြစ်ပါတယ်။

ZAWGYI

ႏိုင္ငံတကာသီတင္းပတ္မွာ လီဗာပူးကစားသမားေတြ ဆက္လက္ ဒဏ္ရာရမႈ တိုးပြားလာတဲ့ေနာက္ လက္စတာပြဲအတြက္ ထုတ္သံုးႏုိင္တဲ့ လူစာရင္းကို အမ်ိဳးမ်ိဳး ေဖာ္ျပလာခဲ့ျပီျဖစ္တယ္။ အဆိုပါ လူစာရင္းေတြထဲက အလားအလာ အရွိဆံုး ပြဲထြက္ လူစာရင္းကို ေဖာ္ျပမွာျဖစ္တယ္။

လီဗာပူးအသင္းမွာ စီနီယာကစားသမား ၉ ဦးထိ ဒဏ္ရာရေနျပီး ႏုိင္ငံတကာပြဲအျပီး ျပန္လည္ ယွဥ္ျပိဳင္မယ့္ လက္စတာနဲ႔ပြဲမွာ ထုတ္သံုးဖို႔ အကန္႔အသတ္ေတြ ရွိလာခဲ့ပါျပီ။ ျပီးခဲ့တဲ့ ရက္ေတြကပဲ ဂိုးမက္စ္၊ ဟန္ဒါဆန္၊ ေရာ္ဘတ္ဆန္တို႔ရဲ႕ ဒဏ္ရာအေျခအေနေတြ ထပ္ၾကားလာရျခင္းျဖစ္ကာ မန္ေနဂ်ာကေလာ့ပ္ရဲ႕ ဦးစားေပး ခံစစ္တန္းတစ္ခုလံုး ဒဏ္ရာရေနတဲ့ အေနအထားျဖစ္တယ္။

ညာအစြန္လူ ထရန္႔၊ ခံစစ္အတြဲေတြျဖစ္တဲ့ ဂိုးမက္စ္နဲ႔ ဗန္ဒိုက္တို႔က လက္စတာပြဲကို ေသခ်ာေပါက္လြဲမွာျဖစ္ကာ ေရာ္ဘတ္ဆန္က အနည္းငယ္ ေမွ်ာ္လင့္ႏုိင္ပါေသးတယ္။ ဂိုးမက္စ္နဲ႔ ဗန္ဒိုက္တို႔ကေတာ့ ခြဲစိတ္မႈပါ လုပ္ထားရျပီး လေပါင္းမ်ားစြာ အနားယူရမွာျဖစ္ကာ ထရန္႔ေတာ့ ေနာက္ထပ္ ၅ ပြဲကေန ၆ ပြဲၾကား အနားယူရပါမယ္။

ေရာ္ဘတ္ဆန္ရဲ႕ အေျခအေနက စေကာ္တလန္နဲ႔ အစၥေရးပြဲမွာ ပိုမို သိရႏုိင္ျပီး သူ႔အေနနဲ႔ ကလပ္ပြဲအျဖစ္ လက္စတာပြဲကို လြဲေခ်ာ္ႏုိင္ေခ် ရွိေနဆဲျဖစ္တယ္။ ခ်န္ပီယံလိဂ္ပြဲျဖစ္တဲ့ မစ္ဂ်ီလန္နဲ႔ပြဲမွာ အေသးစား တံေကာက္ေၾကာဒဏ္ရာ ရခဲ့တဲ့ ဖာဘင္ညိဳ လက္စတာပြဲအမွီ သက္သာလာႏုိင္ျပီး ဘယ္အစြန္လူ ကိုစတက္ ၾကံ႕ခိုင္မႈ ေကာင္းေနတဲ့ အေနအထားျဖစ္ပါတယ္။

လီဗာပူးရဲ႕ ခံစစ္တန္းမွာေတာ့ ဂိုးသမားအျဖစ္ အယ္လီဆန္၊ ညာနဲ႔ ဘယ္အစြန္ေနရာေတြမွာ နီကိုး၊ မီလ္နာနဲ႔ ကိုစတက္တို႔ ရွိေနမွာျဖစ္တယ္။ ဗဟိုခံစစ္အျဖစ္ေတာ့ မန္စီးတီးနဲ႔ပြဲမွာ ပါဝင္ခဲ့တဲ့ မာတစ္၊ လူငယ္အတြဲျဖစ္တဲ့ ရိုင္းစ္၊ နက္တို႔နဲ႔ ဒဏ္ရာက ျပန္သက္သာလာမယ့္ ဖာဘင္ညိဳ ျဖစ္ပါတယ္။

ကြင္းလယ္မွာေတာ့ ဟန္ဒါဆန္ ဒဏ္ရာရသြားခဲ့ျပီး အေျခအေန အေသးစိတ္ မသိရေသးပါဘူး။ လီဗာပူးကြင္းလယ္ဟာ အင္အားေတာင့္ဆဲျဖစ္ကာ ဂီနီ၊ ကိတ္တာ၊ ဂ်ံဳး၊ ရွာကီြရီတို႔ အျပင္ ဒဏ္ရာက အေျခအေန ျပန္ေကာင္းလာတဲ့ သီယာဂိုတို႔ ရွိေနမွာျဖစ္တယ္။ သီယာဂို ပြဲထြက္လူစာရင္းကေန မပါႏုိင္ေသးဘူးဆိုရင္ေတာင္ ကြင္းလယ္ကေတာ့ အင္အားေတာင့္ေနဆဲပါ။

တိုက္စစ္မွာေတာ့ ဆာလက္ကို ကိုဗစ္ကူးစက္ခံရမႈေၾကာင့္ လက္လြတ္ရပါမယ္။ ဒါေၾကာင့္ ဂိ်ဳတာ၊ မာေနး၊ ဖာမင္ႏို တြဲလံုးကိုပဲ အဓိက ထုတ္သံုးမွာျဖစ္တယ္။ မီနာမီႏို၊ အိုရီဂီတို႔ကေတာ့ အရန္လူစာရင္းမွာ ရွိေနမွာျဖစ္ပါတယ္။