ယာဂင်ကလော့ပ်ဟာ အားကစားလောကမှာ အကြီးကျယ်ဆုံး နည်းပြတစ်ယောက်ဖြစ်တယ်လို့ ဆောက်သမ်တန် ဥက္ကဌဟောင်း ခရူးဂါက ဆိုလိုက်ပြီး လီဗာပူးနည်းပြရဲ့ ဘောလုံးအပေါ် ချစ်ခင်မှုနဲ့ ရိုးသားမှုကိုလဲ ချီးကျူးပြောဆိုခဲ့ပါတယ်။

ကလော့ပ်ဟာ ဒေါ့မွန်မှာ ၇ နှစ်အတွင်း ဥရောပထိပ်တန်းနည်းပြ ဖြစ်လာခဲ့ပြီး ဘွန်ဒက်စ်လီဂါ ဖလား ၂ကြိမ်နဲ့ ချန်ပီယံလိဂ် ဖိုင်နယ်တစ်ကြိမ် ရောက်ခဲ့တာပါ။ အဲ့ဒီ့နောက် သူဟာ ၂၀၁၅ အောက်တိုဘာမှာ လီဗာပူးကို ၃ နှစ်စာချုပ်နဲ့ ရောက်လာခဲ့ပြီး ဘရန်ဒန်ရော်ဂျာ်နေရာကိုဆက်ခံခဲ့ပါတယ်။

အသက် ၅၃ နှစ်အရွယ် နည်းပြဟာ လီဗာပူးကို အင်္ဂလန်ရဲ့ အင်အားအတောင့်တင်းဆုံးအသင်းအဖြစ် ပြောင်းလဲပေးခဲ့ပြီး ဆယ်စုနှစ် ၃ခု အတွင်း ကလပ်ရဲ့ ပထမဆုံး ပရီးမီးယားလိဂ်ဖလားနဲ့ ၆ ကြိမ်မြောက် ဥရောပဖလားတို့ကို ရရှိစေခဲ့တာဖြစ်ပါတယ်။

မာဆေးဆိုဒ်ကလပ်ဟာ ၂၀၂၀-၂၀၂၁ ရာသီမှာလဲ နောက်ထပ် ဆုဖလားတွေအတွက် တိုက်ပွဲဝင်နေပြီး ကလော့ပ်ဟာ အန်ဖီးမှာ ထာဝရတည်တံ့နေမယ့် အမွေတစ်ခု အခိုင်အမာ ချန်ထားရစ်ဖို့ ဆက်လက်ကြိုးစားနေသလို သူ့ရဲ့ နည်းပြအရည်အသွေးတွေကို တိုးမြှင့်ဖို့ ကြိုးစားနေဆဲဖြစ်ကြောင်း ခရူးဂါက ပြောဆိုခဲ့ပါတယ်။

“ကျွန်တော် ကလော့ပ်နဲ့ စကားအကြာကြီး တခါပြောခဲ့ဖူးတယ်၊ လီဗာပူးက ပွဲတစ်ပွဲရဲ့ ကွင်းဘေးမှာပေါ့၊ ဆောက်သမ်တန်နဲ့ ဗန်ဒိုက်နဲ့အတူ ကျွန်တော်တို့ဟာ လီဗာပူးရဲ့ တိုးတက်မှုမှာ သွယ်ဝိုက် ပါဝင်ခဲ့တယ်ဆိုတာကိုလဲ သူ ကောင်းကောင်းသိပါတယ်။

လီဗာပူးရဲ့ ပိုင်ရှင်တွေအကြောင်း ကျွန်တော်တို့ စကားပြောဖြစ်ကြတယ်၊ အင်္ဂလန်မှာ ကျွန်တော်ရှိခဲ့စဉ်အတွင်း သူတို့နဲ့ သိခဲ့တာလေ၊ သူတို့က တကယ်ကို စိတ်ရှည်ရှည်နဲ့ စောင့်ဆိုင်းနိုင်စွမ်းရှိပြီးတော့ အဲ့ဒါကပဲ ကလော့ပ်အတွက် သူ့နည်းသူ့ဟန်နဲ့ အသင်းကို တည်ဆောက်နိုင်စေခဲ့တာပါ။

ဒီနေ့ခေတ်မှာ လူတိုင်းက လွန်ခဲ့တဲ့ နှစ်အနည်းငယ်က အောင်မြင်မှုတွေကို မြင်ကြတယ်၊ ဒါတွေက ညတွင်းချင်းဖြစ်လာတဲ့အရာတွေ မဟုတ်ပါဘူး၊ လွန်ခဲ့တဲ့ နှစ်တွေအတွင်း လီဗာပူးက ယူရိုပါလိဂ်မှာပဲ ကစားရသေးတာပါ၊ လူတွေက ဒါကို မေ့နေကြတယ်၊ ဒီလိုထိပ်တန်းအဆင့်ရောက်လာဖို့ အချိန်ပေးတည်ဆောက်ခဲ့ရတာပါ။

ကလေ့ာပ်ရဲ့ ရိုးသားတဲ့ culture ကြောင့်လဲ ကျွန်တော် အထင်ကြီးခဲ့ပါတယ်၊ ကစားသမားတွေက သူနဲ့ ပွင့်ပွင့်လင်းလင်း ဆွေးနွေးပြောဆိုလို့ရတယ်၊ သူက ဖိအားတွေ၊ကြောက်စိတ်တွေနဲ့ မအုပ်ချုပ်ဘူး၊ အချစ်၊ ရိုးသားမှုနဲ့ပဲ သွားတယ်၊ ပြီးတော့ အဲ့ဒါတွေရဲ့ နောက်ကွယ်မှာ သိပ်ကိုရှင်းလင်းတဲ့ စီမံကိန်းတစ်ခုရှိတယ်။

ကလော့ပ်က ကိုယ်တိုင်လဲ အမြဲတမ်းသင်ယူလေ့လာချင်နေတဲ့ သူမျိုးပါ၊ ကျွန်တော့်အမြင်အရတော့ အားကစားလောကတစ်ခုလုံးမှာ သူက အကြီးကျယ်ဆုံး နည်းပြတစ်ယောက်ပါပဲ”လို့ ခရူးဂါက ပြောဆိုခဲ့တာဖြစ်ပါတယ်။

ZAWGYI

ယာဂင္ကေလာ့ပ္ဟာ အားကစားေလာကမွာ အႀကီးက်ယ္ဆုံး နည္းျပတစ္ေယာက္ျဖစ္တယ္လို႔ ေဆာက္သမ္တန္ ဥကၠဌေဟာင္း ခ႐ူးဂါက ဆိုလိုက္ၿပီး လီဗာပူးနည္းျပရဲ႕ ေဘာလံုးအေပၚ ခ်စ္ခင္မႈနဲ႔ ႐ိုးသားမႈကိုလဲ ခ်ီးက်ဴးေျပာဆိုခဲ့ပါတယ္။

ကေလာ့ပ္ဟာ ေဒါ့မြန္မွာ ၇ ႏွစ္အတြင္း ဥေရာပထိပ္တန္းနည္းျပ ျဖစ္လာခဲ့ၿပီး ဘြန္ဒက္စ္လီဂါ ဖလား ၂ႀကိမ္နဲ႔ ခ်န္ပီယံလိဂ္ ဖိုင္နယ္တစ္ႀကိမ္ ေရာက္ခဲ့တာပါ။ အဲ့ဒီ့ေနာက္ သူဟာ ၂၀၁၅ ေအာက္တိုဘာမွာ လီဗာပူးကို ၃ ႏွစ္စာခ်ဳပ္နဲ႔ ေရာက္လာခဲ့ၿပီး ဘရန္ဒန္ေရာ္ဂ်ာ္ေနရာကိုဆက္ခံခဲ့ပါတယ္။

အသက္ ၅၃ ႏွစ္အ႐ြယ္ နည္းျပဟာ လီဗာပူးကို အဂၤလန္ရဲ႕ အင္အားအေတာင့္တင္းဆုံးအသင္းအျဖစ္ ေျပာင္းလဲေပးခဲ့ၿပီး ဆယ္စုႏွစ္ ၃ခု အတြင္း ကလပ္ရဲ႕ ပထမဆုံး ပရီးမီးယားလိဂ္ဖလားနဲ႔ ၆ ႀကိမ္ေျမာက္ ဥေရာပဖလားတို႔ကို ရရွိေစခဲ့တာျဖစ္ပါတယ္။

မာေဆးဆိုဒ္ကလပ္ဟာ ၂၀၂၀-၂၀၂၁ ရာသီမွာလဲ ေနာက္ထပ္ ဆုဖလားေတြအတြက္ တိုက္ပြဲဝင္ေနၿပီး ကေလာ့ပ္ဟာ အန္ဖီးမွာ ထာဝရတည္တံ့ေနမယ့္ အေမြတစ္ခု အခိုင္အမာ ခ်န္ထားရစ္ဖို႔ ဆက္လက္ႀကိဳးစားေနသလို သူ႔ရဲ႕ နည္းျပအရည္အေသြးေတြကို တိုးျမႇင့္ဖို႔ ႀကိဳးစားေနဆဲျဖစ္ေၾကာင္း ခ႐ူးဂါက ေျပာဆိုခဲ့ပါတယ္။

“ကြၽန္ေတာ္ ကေလာ့ပ္နဲ႔ စကားအၾကာႀကီး တခါေျပာခဲ့ဖူးတယ္၊ လီဗာပူးက ပြဲတစ္ပြဲရဲ႕ ကြင္းေဘးမွာေပါ့၊ ေဆာက္သမ္တန္နဲ႔ ဗန္ဒိုက္နဲ႔အတူ ကြၽန္ေတာ္တို႔ဟာ လီဗာပူးရဲ႕ တိုးတက္မႈမွာ သြယ္ဝိုက္ ပါဝင္ခဲ့တယ္ဆိုတာကိုလဲ သူ ေကာင္းေကာင္းသိပါတယ္။

လီဗာပူးရဲ႕ ပိုင္ရွင္ေတြအေၾကာင္း ကြၽန္ေတာ္တို႔ စကားေျပာျဖစ္ၾကတယ္၊ အဂၤလန္မွာ ကြၽန္ေတာ္ရွိခဲ့စဥ္အတြင္း သူတို႔နဲ႔ သိခဲ့တာေလ၊ သူတို႔က တကယ္ကို စိတ္ရွည္ရွည္နဲ႔ ေစာင့္ဆိုင္းႏိုင္စြမ္းရွိၿပီးေတာ့ အဲ့ဒါကပဲ ကေလာ့ပ္အတြက္ သူ႔နည္းသူ႔ဟန္နဲ႔ အသင္းကို တည္ေဆာက္ႏိုင္ေစခဲ့တာပါ။

ဒီေန႔ေခတ္မွာ လူတိုင္းက လြန္ခဲ့တဲ့ ႏွစ္အနည္းငယ္က ေအာင္ျမင္မႈေတြကို ျမင္ၾကတယ္၊ ဒါေတြက ညတြင္းခ်င္းျဖစ္လာတဲ့အရာေတြ မဟုတ္ပါဘူး၊ လြန္ခဲ့တဲ့ ႏွစ္ေတြအတြင္း လီဗာပူးက ယူ႐ိုပါလိဂ္မွာပဲ ကစားရေသးတာပါ၊ လူေတြက ဒါကို ေမ့ေနၾကတယ္၊ ဒီလိုထိပ္တန္းအဆင့္ေရာက္လာဖို႔ အခ်ိန္ေပးတည္ေဆာက္ခဲ့ရတာပါ။

ကေလ့ာပ္ရဲ႕ ႐ိုးသားတဲ့ culture ေၾကာင့္လဲ ကြၽန္ေတာ္ အထင္ႀကီးခဲ့ပါတယ္၊ ကစားသမားေတြက သူနဲ႔ ပြင့္ပြင့္လင္းလင္း ေဆြးေႏြးေျပာဆိုလို႔ရတယ္၊ သူက ဖိအားေတြ၊ေၾကာက္စိတ္ေတြနဲ႔ မအုပ္ခ်ဳပ္ဘူး၊ အခ်စ္၊ ႐ိုးသားမႈနဲ႔ပဲ သြားတယ္၊ ၿပီးေတာ့ အဲ့ဒါေတြရဲ႕ ေနာက္ကြယ္မွာ သိပ္ကိုရွင္းလင္းတဲ့ စီမံကိန္းတစ္ခုရွိတယ္။

ကေလာ့ပ္က ကိုယ္တိုင္လဲ အၿမဲတမ္းသင္ယူေလ့လာခ်င္ေနတဲ့ သူမ်ိဳးပါ၊ ကြၽန္ေတာ့္အျမင္အရေတာ့ အားကစားေလာကတစ္ခုလုံးမွာ သူက အႀကီးက်ယ္ဆုံး နည္းျပတစ္ေယာက္ပါပဲ”လို႔ ခ႐ူးဂါက ေျပာဆိုခဲ့တာျဖစ္ပါတယ္။