ရာသီကြို လေ့ကျင့်ရေးမှာ မမျှော်လင့်ဘဲ ဒဏ်ရာရသွားခဲ့တဲ့ ချိန်ဘာလိန်ဟာ မြက်ခင်းပြင်ပေါ် ပြန်လည် ခြေချနိုင်နေပြီလို့ ယူဆစရာ ရှိလာပါတယ်။

မနေ့တုန်းကပဲ ချိန်ဘာလိန်က အင်စတာဂရမ်မှာ ဘောလုံးနဲ့ ဂိုက်ပေးနေတဲ့ ပုံတစ်ပုံကို တင်သွားခဲ့တာပါ။ ပုံက အသစ်လား အဟောင်းလားဆိုတာကို မသိနိုင်ပေမယ့် သူကိုယ်တိုင်ကတော့ ဘောလုံး၊ အချိန် ဆိုတဲ့ သင်္ကေတနှစ်ခုကို ပူးတွဲဖော်ပြခဲ့တာကြောင့် အချိန်တစ်ခု စောင့်ရဦးမှာက သေချာပါတယ်။

အသက် ၂၇ နှစ်အရွယ် ကွင်းလယ်လူဟာ မနှစ်က ရာသီနှောင်းပိုင်းမှာ ဘောလုံး ပြန်ကစားနိုင်ခဲ့သလို ရာသီကြိုမှာလည်း အကောင်းဆုံး ပါဝင်နေခဲ့တာပါ။ ဒါပေမယ့်လို့ မမျှော်လင့်ဘဲ ဒူးမှာ ဒဏ်ရာရခဲ့တယ်လို့ သိရကာ ထိုစဉ်တည်းက မြင်ကွင်းတွေကနေ လုံးဝ ပျောက်ကွယ်နေခဲ့တာ ဖြစ်ပါတယ်။

သူနဲ့အတူ ဒဏ်ရာရနေခဲ့တဲ့ ရှာကွီရီ၊ ကိတ်တာတို့ကတော့ ပြန်သက်သာလာပြီဖြစ်ကာ ရှာကွီရီဟာ ပွဲထွက်ခွင့်တွေ ပြန်ရနေပါပြီ။ ကိတ်တာကတော့ အရန်ခုံမှာ မြင်နေရပေမယ့် ပွဲထွက် လူစာရင်းမှာကော အရန်လူစာရင်းမှာ ပါဝင်လာသေးခြင်း မရှိသေးပါဘူး။ နှစ်ဦးလုံးဟာ နိုင်ငံတကာသီတင်းပတ်မှာ သက်ဆိုင်ရာ လက်ရွေးစင်အသင်းတွေအတွက် ကစားပေးထားနိုင်ပါတယ်။

နိုဝင်ဘာလ အစောတုန်းကတော့ မန်နေဂျာကလော့ပ်က ” ကျနေ်ာတို့ အကောင်းဆုံး လုပ်နေပါတယ်။ အထူးသဖြင့် ချိန်ဘာလိန်ပေါ့။ အချိန်ယူရမှာပါ ဒါပေမယ့် ကြည့်ရတာ အခြေအနေ ကောင်းပါတယ်။ ဒဏ်ရာက အချိန်ယူရမယ်ဆိုတာတော့ အားလုံး သိပါတယ် ” လို့ ဆိုခဲ့တာဖြစ်တယ်။

ချိန်ဘာလိန်ရဲ့ ဒဏ်ရာဟာ ၃ လကျော် ၄ လထဲကို ဝင်လာခဲ့ပါပြီ။ အောက်တိုဘာလ လဝက်လောက်တုန်းက ခြေထောက် ပြန်သက်သာလာနေပြီဆိုတာကို အင်စတာဂရမ်ကနေ မျှဝေခဲ့တဲ့ ချိန်ဘာလိန်ဟာ မြက်ခင်ပြင်ပေါ်က ပုံကိုပါ ထပ်မံ ဖော်ပြလာခဲ့တာဖြစ်ပါတယ်။

ZAWGYI – ရာသီၾကိဳ ေလ့က်င့္ေရးမွာ မေမွ်ာ္လင့္ဘဲ ဒဏ္ရာရသြားခဲ့တဲ့ ခ်ိန္ဘာလိန္ဟာ ျမက္ခင္းျပင္ေပၚ ျပန္လည္ ေျခခ်ႏုိင္ေနျပီလို႔ ယူဆစရာ ရွိလာပါတယ္။

မေန႔တုန္းကပဲ ခ်ိန္ဘာလိန္က အင္စတာဂရမ္မွာ ေဘာလံုးနဲ႔ ဂိုက္ေပးေနတဲ့ ပံုတစ္ပံုကို တင္သြားခဲ့တာပါ။ ပံုက အသစ္လား အေဟာင္းလားဆိုတာကို မသိႏုိင္ေပမယ့္ သူကိုယ္တိုင္ကေတာ့ ေဘာလံုး၊ အခိ်န္ ဆိုတဲ့ သေကၤတႏွစ္ခုကို ပူးတြဲေဖာ္ျပခဲ့တာေၾကာင့္ အခ်ိန္တစ္ခု ေစာင့္ရဦးမွာက ေသခ်ာပါတယ္။

အသက္ ၂၇ ႏွစ္အရြယ္ ကြင္းလယ္လူဟာ မႏွစ္က ရာသီေႏွာင္းပိုင္းမွာ ေဘာလံုး ျပန္ကစားႏုိင္ခဲ့သလို ရာသီၾကိဳမွာလည္း အေကာင္းဆံုး ပါဝင္ေနခဲ့တာပါ။ ဒါေပမယ့္လို႔ မေမွ်ာ္လင့္ဘဲ ဒူးမွာ ဒဏ္ရာရခဲ့တယ္လို႔ သိရကာ ထိုစဥ္တည္းက ျမင္ကြင္းေတြကေန လံုးဝ ေပ်ာက္ကြယ္ေနခဲ့တာ ျဖစ္ပါတယ္။

သူနဲ႔အတူ ဒဏ္ရာရေနခဲ့တဲ့ ရွာကီြရီ၊ ကိတ္တာတို႔ကေတာ့ ျပန္သက္သာလာျပီျဖစ္ကာ ရွာကီြရီဟာ ပြဲထြက္ခြင့္ေတြ ျပန္ရေနပါျပီ။ ကိတ္တာကေတာ့ အရန္ခံုမွာ ျမင္ေနရေပမယ့္ ပြဲထြက္ လူစာရင္းမွာေကာ အရန္လူစာရင္းမွာ ပါဝင္လာေသးျခင္း မရွိေသးပါဘူး။ ႏွစ္ဦးလံုးဟာ ႏုိင္ငံတကာသီတင္းပတ္မွာ သက္ဆိုင္ရာ လက္ေရြးစင္အသင္းေတြအတြက္ ကစားေပးထားႏုိင္ပါတယ္။

ႏိုဝင္ဘာလ အေစာတုန္းကေတာ့ မန္ေနဂ်ာကေလာ့ပ္က ” က်ေန္ာတို႔ အေကာင္းဆံုး လုပ္ေနပါတယ္။ အထူးသျဖင့္ ခ်ိန္ဘာလိန္ေပါ့။ အခ်ိန္ယူရမွာပါ ဒါေပမယ့္ ၾကည့္ရတာ အေျခအေန ေကာင္းပါတယ္။ ဒဏ္ရာက အခ်ိန္ယူရမယ္ဆိုတာေတာ့ အားလံုး သိပါတယ္ ” လို႔ ဆိုခဲ့တာျဖစ္တယ္။

ခ်ိန္ဘာလိန္ရဲ႕ ဒဏ္ရာဟာ ၃ လေက်ာ္ ၄ လထဲကို ဝင္လာခဲ့ပါျပီ။ ေအာက္တိုဘာလ လဝက္ေလာက္တုန္းက ေျခေထာက္ ျပန္သက္သာလာေနျပီဆိုတာကို အင္စတာဂရမ္ကေန မွ်ေဝခဲ့တဲ့ ခ်ိန္ဘာလိန္ဟာ ျမက္ခင္ျပင္ေပၚက ပံုကိုပါ ထပ္မံ ေဖာ္ျပလာခဲ့တာျဖစ္ပါတယ္။