မနေ့တုန်းက နယ်သာလန်အတွက် ဂိုးသွင်းပေးပြီး အောင်ပွဲခံခဲ့တဲ့ ဝိုက်နယ်ဒမ်ရဲ့ အပြုအမှုဟာ အသင်းဖော် ဗန်ဒိုက်အတွက် ရည်ရွယ်တယ်လို့ သိရပါတယ်။

လီဗာပူးအသင်းဟာ ဘာစီလိုနာအသင်းမှ အသက် ၁၇ နှစ်အရွယ် လူငယ်ကစားသမား ဘလိတ်ကို ခေါ်ယူနိုင်ဖို့ ကြိုးစား ချဉ်းကပ်နေတယ်လို့ သိရပါတယ်။

အီဂျစ် ကျန်းမာရေးဝန်ကြီက ဆာလက်ကို PCR စစ်ဆေးမှု ပြုလုပ်ပေးမှာဖြစ်ပြီး ရလဒ်က negative ဆိုရင် လီဗာပူးထံ ပြန်ခွင့် ပြုမှာဖြစ်တယ်။ ဒါပေမယ့်လို့ ၎င်းတို့ကတော့ နှစ်ကြိမ်ထိ စစ်ဆေးလိုနေတာကြောင့် လက်စတာပွဲကတော့ လွဲဦးမှာ ဖြစ်ပါတယ်။

လီဗာပူးအသင်းဟာ ခံစစ်ပြဿနာကို အစောတလျင် ဖြေရှင်းသွားမှာ မဟုတ်သော်လည်း စပါးအသင်းမှ အသက် ၂၄ နှစ်အရွယ် ခံစစ်သမား ဆန်းချက်စ်ကို စောင့်ကြည့်နေပါတယ်။

လက်စတာဂိုးသမား ရှမိုက်ကယ်ဟာ လက်ရွေးစင် တာဝန် ထမ်းဆောင်ရင် အသေးစား ဒဏ်ရာ ရခဲ့ပါတယ်။ သူဟာ လီဗာပူးပွဲကို ပါဝင်နိုင်မလား မသေချာသေးပါဘူး။

ရာသီကြို လေ့ကျင့်ရေးမှာ မမျှော်လင့်ဘဲ ဒဏ်ရာရသွားခဲ့တဲ့ ချိန်ဘာလိန်ဟာ မနေ့တုန်းက မြက်ခင်းပြင်ပေါ်မှာ ဘောလုံးနဲ့အတူ မြင်တွေ့ရတာကြောင့် အနည်းဆုံး တစ်ဦးချင်း လေ့ကျင့်ရေးတွေကို ပြန်လုပ်နိုင်နေပြီလို့ ယူဆစရာ ရှိလာပါတယ်။

ယာဂင်ကလော့ပ်ဟာ အားကစားလောကမှာ အကြီးကျယ်ဆုံး နည်းပြတစ်ယောက်ဖြစ်တယ်လို့ ဆောက်သမ်တန် ဥက္ကဌဟောင်း ခရူးဂါက ဆိုလိုက်ပြီး လီဗာပူးနည်းပြရဲ့ ဘောလုံးအပေါ် ချစ်ခင်မှုနဲ့ ရိုးသားမှုကိုလဲ ချီးကျူးပြောဆိုခဲ့ပါတယ်။

ရော်ဘတ်ဆန်ဟာ ဆားဘီးယားနဲ့ပွဲမှာ မိနစ် ၁၂၀ လုံး ကစားခဲ့ခြင်းကြောင့် တံကောက်ကြောလို့ ယူဆရတဲ့ ဒဏ်ရာရနေကာ တနင်္ဂနွေနေ့မှာ အနားရခဲ့ပေမယ့် နိုင်ငံတကာ သီတင်းပတ်အတွင်း စကော်တလန်ရဲ့ နောက်ဆုံး လက်ရွေးစင်ပွဲမှာ ပါဝင်လာနိုင်ပါသေးတယ်။

မန်စီးတီးကွင်းလယ်လူ ဒီဘရိုင်းက လီဗာပူးညာအစွန်လူ ထရန့်က တိုက်စစ်အားသန်ပြီး မန်စီးတီး ညာအစွန်လူ ဝေါ်ကာရဲ့ ကစားပုံကတော့ မတူညီတာကြောင့် နှိုင်းယှဉ် ဝေဖန်ခံရတဲ့ အနေအထားက မမျှတပါဘူးလို့ ထုတ်ပြောသွားပါတယ်။

လီဗာပူးအသင်းမှာ စီနီယာကစားသမား ၉ ဦးထိ ဒဏ်ရာရနေပြီး နိုင်ငံတကာပွဲအပြီး ပြန်လည် ယှဉ်ပြိုင်မယ့် လက်စတာနဲ့ပွဲမှာ ထုတ်သုံးဖို့ အကန့်အသတ်တွေ ရှိလာခဲ့ပါပြီ။

ZAWGYI

မေန႔တုန္းက နယ္သာလန္အတြက္ ဂိုးသြင္းေပးျပီး ေအာင္ပြဲခံခဲ့တဲ့ ဝိုက္နယ္ဒမ္ရဲ႕ အျပဳအမႈဟာ အသင္းေဖာ္ ဗန္ဒိုက္အတြက္ ရည္ရြယ္တယ္လို႔ သိရပါတယ္။

လီဗာပူးအသင္းဟာ ဘာစီလိုနာအသင္းမွ အသက္ ၁၇ ႏွစ္အရြယ္ လူငယ္ကစားသမား ဘလိတ္ကို ေခၚယူႏုိင္ဖို႔ ၾကိဳးစား ခ်ဥ္းကပ္ေနတယ္လို႔ သိရပါတယ္။

အီဂ်စ္ က်န္းမာေရးဝန္ၾကီက ဆာလက္ကို PCR စစ္ေဆးမႈ ျပဳလုပ္ေပးမွာျဖစ္ျပီး ရလဒ္က negative ဆိုရင္ လီဗာပူးထံ ျပန္ခြင့္ ျပဳမွာျဖစ္တယ္။ ဒါေပမယ့္လို႔ ၄င္းတို႔ကေတာ့ ႏွစ္ၾကိမ္ထိ စစ္ေဆးလိုေနတာေၾကာင့္ လက္စတာပြဲကေတာ့ လြဲဦးမွာ ျဖစ္ပါတယ္။

လီဗာပူးအသင္းဟာ ခံစစ္ျပႆနာကို အေစာတလ်င္ ေျဖရွင္းသြားမွာ မဟုတ္ေသာ္လည္း စပါးအသင္းမွ အသက္ ၂၄ ႏွစ္အရြယ္ ခံစစ္သမား ဆန္းခ်က္စ္ကို ေစာင့္ၾကည့္ေနပါတယ္။

လက္စတာဂိုးသမား ရွမိုက္ကယ္ဟာ လက္ေရြးစင္ တာဝန္ ထမ္းေဆာင္ရင္ အေသးစား ဒဏ္ရာ ရခဲ့ပါတယ္။ သူဟာ လီဗာပူးပြဲကို ပါဝင္ႏုိင္မလား မေသခ်ာေသးပါဘူး။

ရာသီၾကိဳ ေလ့က်င့္ေရးမွာ မေမွ်ာ္လင့္ဘဲ ဒဏ္ရာရသြားခဲ့တဲ့ ခ်ိန္ဘာလိန္ဟာ မေန႔တုန္းက ျမက္ခင္းျပင္ေပၚမွာ ေဘာလံုးနဲ႔အတူ ျမင္ေတြ႔ရတာေၾကာင့္ အနည္းဆံုး တစ္ဦးခ်င္း ေလ့က်င့္ေရးေတြကို ျပန္လုပ္ႏုိင္ေနျပီလို႔ ယူဆစရာ ရွိလာပါတယ္။

ယာဂင္ကေလာ့ပ္ဟာ အားကစားေလာကမွာ အႀကီးက်ယ္ဆုံး နည္းျပတစ္ေယာက္ျဖစ္တယ္လို႔ ေဆာက္သမ္တန္ ဥကၠဌေဟာင္း ခ႐ူးဂါက ဆိုလိုက္ၿပီး လီဗာပူးနည္းျပရဲ႕ ေဘာလံုးအေပၚ ခ်စ္ခင္မႈနဲ႔ ႐ိုးသားမႈကိုလဲ ခ်ီးက်ဴးေျပာဆိုခဲ့ပါတယ္။

ေရာ္ဘတ္ဆန္ဟာ ဆားဘီးယားနဲ႔ပြဲမွာ မိနစ္ ၁၂၀ လံုး ကစားခဲ့ျခင္းေၾကာင့္ တံေကာက္ေၾကာလို႔ ယူဆရတဲ့ ဒဏ္ရာရေနကာ တနဂၤေႏြေန႔မွာ အနားရခဲ့ေပမယ့္ ႏုိင္ငံတကာ သီတင္းပတ္အတြင္း စေကာ္တလန္ရဲ႕ ေနာက္ဆံုး လက္ေရြးစင္ပြဲမွာ ပါဝင္လာႏုိင္ပါေသးတယ္။

မန္စီးတီးကြင္းလယ္လူ ဒီဘရိုင္းက လီဗာပူးညာအစြန္လူ ထရန္႔က တိုက္စစ္အားသန္ျပီး မန္စီးတီး ညာအစြန္လူ ေဝၚကာရဲ႕ ကစားပံုကေတာ့ မတူညီတာေၾကာင့္ ႏိႈင္းယွဥ္ ေဝဖန္ခံရတဲ့ အေနအထားက မမွ်တပါဘူးလို႔ ထုတ္ေျပာသြားပါတယ္။

လီဗာပူးအသင္းမွာ စီနီယာကစားသမား ၉ ဦးထိ ဒဏ္ရာရေနျပီး ႏုိင္ငံတကာပြဲအျပီး ျပန္လည္ ယွဥ္ျပိဳင္မယ့္ လက္စတာနဲ႔ပြဲမွာ ထုတ္သံုးဖို႔ အကန္႔အသတ္ေတြ ရွိလာခဲ့ပါျပီ။