၂၀၁၉ ခုနှစ်က ချန်ပီယံလိဂ် ဆီမီးဖိုင်နယ်မှာတော့ သိပ်ကောင်တဲ့ နှစ်ကျော့အဖြစ် လီဗာပူးနဲ့ ဘာစီလိုနာတို့ ထိပ်တိုက်တွေ့ခဲ့ကြပါတယ်။

ပထမအကျော့အဖြစ် နူးကမ့်ကွင်းအတွင်း ယှဉ်ပြိုင်ကစားရာမှာ ဘာစီလိုနာက ၃-၀ နဲ့ ဂိုးပြတ် အနိုင်ရခဲ့တာပါ။ အဆိုပါပွဲမှာ မက်ဆီဟာ တတိယမြောက် သွင်းဂိုးအဖြစ် ဖရီးကစ်ဂိုးကို လှလှပပ သွင်းယူခဲ့သေးတာဖြစ်ပါတယ်။

ယူအီးအက်ဖ်အေပွဲတွေဟာ လေးစားမှုကို အဓိကထားတဲ့ ပြိုင်ပွဲတစ်ရပ်ဖြစ်ပြီး အသင်းခေါင်းဆောင်တွေဟာ ‘Respect’ ဆိုတဲ့ စာတန်းကိုတောင် ကပ္ပတိန်လက်ပတ်မှာ ဝတ်ဆင်ရသေးတာပါ။ ဘာစီလိုနာနဲ့ လီဗာပူးပွဲမှာတော့ ကွင်းလယ်ဒိုင်လူကြီး Björn Kuipers က ယူအီးအက်ဖ်အေရဲ့ အမှတ်အသားကို ထိန်းသိမ်းခဲ့တယ်။

မက်ဆီက တတိယဂိုးသွင်းပြီးနောက်မှာ သူ့ကွင်းဘက်ခြမ်းကို ပြန်လာဖို့ ကြံ့ကြာနေတာပါ။ ဘာကာကို ဗိုလ်လုပွဲ ပြန်ပို့နိုင်ပြီလို့ သူယူဆတဲ့ သွင်းဂိုးအတွက် ပျော်ရွှင်စွာ အောင်ပွဲခံနေခဲ့တာဖြစ်တယ်။ ကွင်းလယ်ဒိုင်က မက်ဆီကို ပွဲကို အမြန်ပြန်စဖို့နဲ့ ပြိုင်ဘက် လီဗာပူးကို လေးစားမှုပေးဖို့ သတိပေးခဲ့တဲ့ ဗီဒီယိုတစ်ခု ထွက်ပေါ်လာခဲ့ပါတယ်။

ကွင်းလယ်ဒိုင်က ” မက်ဆီ။ ဘာဖြစ်နေတာလဲ? လာစမ်းပါ။ ပြိုင်ဘက်ကို လေးစားမှုလေးတော့ ပြစမ်းပါကွာ။ အမြဲတမ်း မင်းဒီလိုပဲ လုပ်နေတာပဲ။ လာစမ်းပါ။ အဲ့လိုမျိုး မလုပ်စမ်းပါနဲ့။ ” လို့ အော်ငေါက်ခဲ့တယ်။ မက်ဆီက ကွင်းလယ်ဒိုင်ကို အဓွန့်ပြန်တက်ဖို့ ကြိုးစားချိန်မှာလည်း သူက ဘာကာဘက်ခြမ်းကို နေရာယူဖို့ မက်ဆီကို တွန်းထုတ်ခဲ့ပြီး နေရာပြန်ယူဖို့ သတိပေးခဲ့တာဖြစ်တယ်။

ပထမအကျော့ပွဲကတော့ ၃-၀ နဲ့ ပြီးဆုံးခဲ့ပြီး အန်ဖီးမှာ ပြန်လည် ရင်ဆိုင်ကစားတဲ့ ဆီမီးဖိုင်နယ် ဒုတိယအကျော့မှာတော့ လီဗာပူးအသင်းဟာ ဘာစီလိုနာကို ၄-၀ နဲ့ အနိုင်ယူကာ ဗိုလ်လုပွဲကို တက်ရောက်သွားခဲ့တာ ဖြစ်ပါတယ်။

ZAWGYI

၂၀၁၉ ခုႏွစ္က ခ်န္ပီယံလိဂ္ ဆီမီးဖိုင္နယ္မွာေတာ့ သိပ္ေကာင္တဲ့ ႏွစ္ေက်ာ့အျဖစ္ လီဗာပူးနဲ႔ ဘာစီလိုနာတို႔ ထိပ္တိုက္ေတြ႔ခဲ့ၾကပါတယ္။

ပထမအေက်ာ့အျဖစ္ ႏူးကမ့္ကြင္းအတြင္း ယွဥ္ျပိဳင္ကစားရာမွာ ဘာစီလိုနာက ၃-၀ နဲ႔ ဂိုးျပတ္ အႏုိင္ရခ့ဲတာပါ။ အဆိုပါပြဲမွာ မက္ဆီဟာ တတိယေျမာက္ သြင္းဂိုးအျဖစ္ ဖရီးကစ္ဂိုးကို လွလွပပ သြင္းယူခဲ့ေသးတာျဖစ္ပါတယ္။

ယူအီးအက္ဖ္ေအပြဲေတြဟာ ေလးစားမႈကို အဓိကထားတဲ့ ျပိဳင္ပြဲတစ္ရပ္ျဖစ္ျပီး အသင္းေခါင္းေဆာင္ေတြဟာ ‘Respect’ ဆိုတဲ့ စာတန္းကိုေတာင္ ကပၸတိန္လက္ပတ္မွာ ဝတ္ဆင္ရေသးတာပါ။ ဘာစီလိုနာနဲ႔ လီဗာပူးပြဲမွာေတာ့ ကြင္းလယ္ဒိုင္လူၾကီး Björn Kuipers က ယူအီးအက္ဖ္ေအရဲ႕ အမွတ္အသားကို ထိန္းသိမ္းခဲ့တယ္။

မက္ဆီက တတိယဂိုးသြင္းျပီးေနာက္မွာ သူ႔ကြင္းဘက္ျခမ္းကို ျပန္လာဖို႔ ၾကံ႕ၾကာေနတာပါ။ ဘာကာကို ဗိုလ္လုပြဲ ျပန္ပို႔ႏုိင္ျပီလို႔ သူယူဆတဲ့ သြင္းဂိုးအတြက္ ေပ်ာ္ရႊင္စြာ ေအာင္ပြဲခံေနခဲ့တာျဖစ္တယ္။ ကြင္းလယ္ဒိုင္က မက္ဆီကို ပြဲကို အျမန္ျပန္စဖို႔နဲ႔ ျပိဳင္ဘက္ လီဗာပူးကို ေလးစားမႈေပးဖို႔ သတိေပးခဲ့တဲ့ ဗီဒီယိုတစ္ခု ထြက္ေပၚလာခဲ့ပါတယ္။

ကြင္းလယ္ဒိုင္က ” မက္ဆီ။ ဘာျဖစ္ေနတာလဲ? လာစမ္းပါ။ ျပိဳင္ဘက္ကို ေလးစားမႈေလးေတာ့ ျပစမ္းပါကြာ။ အျမဲတမ္း မင္းဒီလိုပဲ လုပ္ေနတာပဲ။ လာစမ္းပါ။ အဲ့လိုမ်ိဳး မလုပ္စမ္းပါနဲ႔။ ” လို႔ ေအာ္ေငါက္ခဲ့တယ္။ မက္ဆီက ကြင္းလယ္ဒိုင္ကို အဓြန္႔ျပန္တက္ဖို႔ ၾကိဳးစားခ်ိန္မွာလည္း သူက ဘာကာဘက္ျခမ္းကို ေနရာယူဖို႔ မက္ဆီကို တြန္းထုတ္ခဲ့ျပီး ေနရာျပန္ယူဖို႔ သတိေပးခဲ့တာျဖစ္တယ္။

ပထမအေက်ာ့ပြဲကေတာ့ ၃-၀ နဲ႔ ျပီးဆံုးခဲ့ျပီး အန္ဖီးမွာ ျပန္လည္ ရင္ဆိုင္ကစားတဲ့ ဆီမီးဖိုင္နယ္ ဒုတိယအေက်ာ့မွာေတာ့ လီဗာပူးအသင္းဟာ ဘာစီလိုနာကို ၄-၀ နဲ႔ အႏုိင္ယူကာ ဗိုလ္လုပြဲကို တက္ေရာက္သြားခဲ့တာ ျဖစ္ပါတယ္။