ဂူဒီဆင်ပက်ခ်မှာ ၂-၂ သရေကျတဲ့ ပွဲအတွင်း ပစ်ဖိုဒ့်ရဲ့ ဗန်ဒိုက်ကို နာကျင်အောင် ထိခိုက်စေမှု၊ ဟန်ဒါဆန်ရဲ့ အနိုင်ဂိုးကို လူကျွံဘောအဖြစ် ပယ်ဖျက်မှုတွေဟာ လီဗာပူးပရိသတ်တွေကြားမှာ ပြောစရာတွေ အများကြီး ဖြစ်ခဲ့တဲ့ ဖြစ်ရပ်တွေပါ။

အဆိုပါပွဲမှာတော့ VAR ဒိုင်လူကြီး ကိုတီရဲ့ ပစ်ဖိုဒ့်ရဲ့ ဖြတ်ထုတ်မှုကို စစ်ဆေးဖို့ရာ ပျက်ကွက်မှု၊ ဟန်ဒါဆန်ရဲ့ အနိုင်ဂိုးကို ခွင့်ပြုဖို့ရာ အငြင်းပွားဖွယ် လူကျွံစည်းမျဉ်းကို ဆွဲခဲ့မှုတွေအတွက် ကိုတီဟာ ဝေဖန်မှုတွေ အများကြီး ရင်ဆိုင်ခဲ့ရတယ်။ သူဟာ အခြားသော ပွဲတွေမှာလည်း မှားယွင်းတဲ့ ဆုံးဖြတ်ချက်တွေ လုပ်ခဲ့တာကြောင့် ခေတ္တအနားပေးဖို့ထိ မှတ်ချက်ပေးခံရတာတွေ ရှိခဲ့ပါတယ်။

လီဗာပူးအသင်းဘက်က မာဆေးဆိုဒ်ဒါဘီပွဲအတွင်း လီဗာပူးအသင်း နစ်နာဖို့ ဆုံးဖြတ်ချက်ကြီးတွေ လုပ်ခဲ့တဲ့ VAR ဒိုင်လူကြီးရဲ့ အပြုအမှုကြောင့် ပွဲကို စစ်ဆေးပေးဖို့ ပရီးမီးယားလိဂ်ကိုတောင် တရားဝင် တောင်းဆိုခဲ့ရတာဖြစ်တယ်။ အဆိုပါပွဲအပြီး နောက်အပတ်မှာတော့ လိဂ်က ကိုတီကို VAR ဒိုင်အဖြစ်ကနေ သီတင်းပတ်အကုန်မှာ အနားပေးခဲ့ပါတယ်။

ဒါပေမယ့်လို့ ကိုတီဟာ ပွဲတွေကို ပြန်လည် တာဝန်ယူနေပြီဖြစ်သလို နိုင်ငံတကာ သီတင်းပတ်အပြီး လီဗာပူးနဲ့ လက်စတာပွဲကိုပါ VAR ဒိုင်အဖြစ် တာဝန်ယူသွားမှာ ဖြစ်တယ်။

လီဗာပူးပရိသတ်တွေက ဒီဆုံးဖြတ်ချက်ကို အများကြီး အံ့သြသင့်ခဲ့ကြပြီး လောလောလတ်လတ်ပဲ ပြဿနာတွေတက်နေတဲ့ ဒိုင်လူကြီးကို ထပ်ကာ တာဝန်ပေးတဲ့ ပရီးမီးယားလိဂ်ကိုလည်း မေးခွန်းထုတ်နေခဲ့ကြတယ်။

ဒီရာသီမှာ VAR ဆုံးဖြတ်ချက်ကြောင့် ထိခိုက်မှု အများဆုံးအသင်းက လီဗာပူးဖြစ်တယ်လို့ ပရီးမီးယားလိဂ် စစ်တမ်းတွေအရ သိရပြီး VAR ဆုံးဖြတ်ချက်နဲ့အတူ သွင်းဂိုးတွေကို ပယ်ဖျက်ခံရမှု၊ ပင်နယ်တီပေးရမှုတွေ အများဆုံး ရှိထားတဲ့အသင်းဖြစ်ပါတယ်။

ZAWGYI

ဂူဒီဆင္ပက္ခ္မွာ ၂-၂ သေရက်တဲ့ ပြဲအတြင္း ပစ္ဖိုဒ့္ရဲ႕ ဗန္ဒိုက္ကို နာက်င္ေအာင္ ထိခိုက္ေစမႈ၊ ဟန္ဒါဆန္ရဲ႕ အႏုိင္ဂိုးကို လူကၽြံေဘာအျဖစ္ ပယ္ဖ်က္မႈေတြဟာ လီဗာပူးပရိသတ္ေတြၾကားမွာ ေျပာစရာေတြ အမ်ားၾကီး ျဖစ္ခဲ့တဲ့ ျဖစ္ရပ္ေတြပါ။

အဆိုပါပြဲမွာေတာ့ VAR ဒိုင္လူၾကီး ကိုတီရဲ႕ ပစ္ဖိုဒ့္ရဲ႕ ျဖတ္ထုတ္မႈကို စစ္ေဆးဖို႔ရာ ပ်က္ကြက္မႈ၊ ဟန္ဒါဆန္ရဲ႕ အႏုိင္ဂိုုးကို ခြင့္ျပဳဖို႔ရာ အျငင္းပြားဖြယ္ လူကၽြံစည္းမ်ဥ္းကို ဆြဲခဲ့မႈေတြအတြက္ ကိုတီဟာ ေဝဖန္မႈေတြ အမ်ားၾကီး ရင္ဆိုင္ခဲ့ရတယ္။ သူဟာ အျခားေသာ ပြဲေတြမွာလည္း မွားယြင္းတဲ့ ဆံုးျဖတ္ခ်က္ေတြ လုပ္ခဲ့တာေၾကာင့္ ေခတၱအနားေပးဖို႔ထိ မွတ္ခ်က္ေပးခံရတာေတြ ရွိခဲ့ပါတယ္။

လီဗာပူးအသင္းဘက္က မာေဆးဆိုဒ္ဒါဘီပြဲအတြင္း လီဗာပူးအသင္း နစ္နာဖို႔ ဆံုးျဖတ္ခ်က္ၾကီးေတြ လုပ္ခဲ့တဲ့ VAR ဒိုင္လူၾကီးရဲ႕ အျပဳအမႈေၾကာင့္ ပြဲကို စစ္ေဆးေပးဖို႔ ပရီးမီးယားလိဂ္ကိုေတာင္ တရားဝင္ ေတာင္းဆိုခဲ့ရတာျဖစ္တယ္။ အဆိုပါပြဲအျပီး ေနာက္အပတ္မွာေတာ့ လိဂ္က ကိုတီကို VAR ဒိုင္အျဖစ္ကေန သီတင္းပတ္အကုန္မွာ အနားေပးခဲ့ပါတယ္။

ဒါေပမယ့္လို႔ ကိုတီဟာ ပြဲေတြကို ျပန္လည္ တာဝန္ယူေနျပီျဖစ္သလို ႏုိင္ငံတကာ သီတင္းပတ္အျပီး လီဗာပူးနဲ႔ လက္စတာပြဲကိုပါ VAR ဒိုင္အျဖစ္ တာဝန္ယူသြားမွာ ျဖစ္တယ္။

လီဗာပူးပရိသတ္ေတြက ဒီဆံုးျဖတ္ခ်က္ကို အမ်ားၾကီး အံ့ၾသသင့္ခဲ့ၾကျပီး ေလာေလာလတ္လတ္ပဲ ျပႆနာေတြတက္ေနတဲ့ ဒိုင္လူၾကီးကို ထပ္ကာ တာဝန္ေပးတဲ့ ပရီးမီးယားလိဂ္ကိုလည္း ေမးခြန္းထုတ္ေနခဲ့ၾကတယ္။

ဒီရာသီမွာ VAR ဆံုးျဖတ္ခ်က္ေၾကာင့္ ထိခိုက္မႈ အမ်ားဆံုးအသင္းက လီဗာပူးျဖစ္တယ္လို႔ ပရီးမီးယားလိဂ္ စစ္တမ္းေတြအရ သိရျပီး VAR ဆံုးျဖတ္ခ်က္နဲ႔အတူ သြင္းဂိုးေတြကို ပယ္ဖ်က္ခံရမႈ၊ ပင္နယ္တီေပးရမႈေတြ အမ်ားဆံုး ရွိထားတဲ့အသင္းျဖစ္ပါတယ္။