လက်စတာနဲ့ပွဲကြို လီဗာပူးအသင်းရဲ့ ဒဏ်ရာပြဿနာတွေနဲ့ ပက်သက်လို့ လီဗာပူးသတင်းထောက်ဖြစ်သူ David Maddock က အခုလို ဖော်ပြပါတယ်။

ဟန်ဒါဆန်ဟာ အင်္ဂလန်လူစာရင်းကနေ နုတ်ထွက်ပြီး ပြန်လာခဲ့ပြီဖြစ်တယ်။ ဟန်ဒါဆန်မှာ ကာလရှည် ရင်ဆိုင်ထားရတဲ့ နောက်ကျော ဒဏ်ရာရှိပြီး ဒီတစ်ခေါက်မှာတော့ ဒဏ်ရာပြန်ဖြစ်လာမှာ စိုးရိမ်တာအတွက် ပြန်လာခဲ့ခြင်းဖြစ်တယ်။ ရော်ဘတ်ဆန်ကလည်း တံကောက်ကြောဒဏ်ရာ ဖြစ်နိုင်မယ့် အနေအထားမျိုးကနေ ရုန်းထွက်ဖို့ ကြားပွဲကို အနားယူူထားပါတယ်။

သူတို့ နှစ်ဦးလုံးဟာ သက်ဆိုင်ရာ လက်ရွေးစင်အသင်းတွေရဲ့ ပွဲတွေကို စတင် လွဲချော်ထားသူတွေဖြစ်သော်ညား လီဗာပူးအသင်းဘက်ကတော့ ရော်ဘတ်ဆန်ကော ဟန်ဒါဆန်ပါ ဒီအပတ်အကုန် လက်စတာနဲ့ပွဲမှာ ပါဝင်နိုင်မယ်လို့ မျှော်လင့်ထားပါတယ်။ နှစ်ဦးလုံးရဲ့ အခြေအနေတွေက စိုးရိမ်စရာ အနေအထားမှာလည်း မဟုတ်ပါဘူး။

အကယ်လို့ သူတို့နှစ်ဦး မပါနိုင်ခဲ့ရင်လည်း မန်နေဂျာကလော့ပ်မှာ အခြားသော ရွေးချယ်စရာတွေက ရှိနေဦးမှာဖြစ်တယ်။ ဘယ်အစွန်အတွက် ကိုစတက် ရှိနေသေးသလို ကွင်းလယ်မှာလည်း ရှာကွီရီ၊ ကိတ်တာ၊ ဂျုံးနဲ့ မီနာမီနိုတို့ ရှိနေပါတယ်။

သတင်းကောင်းကတော့ ဒီအပတ်မှာ ဖာဘင်ညိုဟာ လီဗာပူးနဲ့အတူ လေ့ကျင့်ရေး ပြန်ဆင်းနိုင်မှာဖြစ်ပြီး လက်စတာနဲ့ပွဲမှာ မာတစ်နဲ့ တွဲဘက်ပြီး ခံစစ်ကြောင်းမှာ နေရာယူပေးနိုင်ပါတယ်။ မာတစ်ကလည်း ခြေကျင်းဝတ်ဒဏ်ရာကနေ သက်သာလာနေခဲ့ပြီး မန်စီးတီးနဲ့ပွဲမှာပါ ပွဲထွက်ထားနိုင်ပါပြီ။

မကြာခင်မှာပဲ သီယာဂိုကလည်း လေ့ကျင့်ရေး ပြန်ဆင်းနိုင်ဖို့ မျှော်လင့်ထားရတယ်။ ခြေထောက်ဒဏ်ရာ အခြေအနေ ကောင်းနေတဲ့ သီယာဂိုဟာ အက်ဆာမှာ စတင်တဲ့ အသင်းလိုက် လေ့ကျင့်ရေးမှာ အပြည့်အဝ ပြန်လည် လုပ်ဆောင်သွားနိုင်ပါတယ်။

အီဂျစ်မှာရှိနေတဲ့ ဆာလက်ကတော့ သူ့ရဲ့ ပိုးစစ်မှု negative ထွက်မယ်ဆိုရင် ဒီအပတ် ကြာသပတေးနေ့မှာတင် အင်္ဂလန်ကို ပြန်လာမှာပါ။ ဒါပေမယ့်လို့ ဗြိတိန်ရဲ့ စည်းမျဉ်းအရ လက်စတာနဲ့ပွဲမှာ ပါဝင်ခွင့်ရမှာတော့ မဟုတ်သေးပါဘူး။

ZAWGYI

လက္စတာနဲ႔ပြဲၾကိဳ လီဗာပူးအသင္းရဲ႕ ဒဏ္ရာျပႆနာေတြနဲ႔ ပက္သက္လို႔ လီဗာပူးသတင္းေထာက္ျဖစ္သူ David Maddock က အခုလို ေဖာ္ျပပါတယ္။

ဟန္ဒါဆန္ဟာ အဂၤလန္လူစာရင္းကေန ႏုတ္ထြက္ျပီး ျပန္လာခဲ့ျပီျဖစ္တယ္။ ဟန္ဒါဆန္မွာ ကာလရွည္ ရင္ဆိုင္ထားရတဲ့ ေနာက္ေက်ာ ဒဏ္ရာရွိျပီး ဒီတစ္ေခါက္မွာေတာ့ ဒဏ္ရာျပန္ျဖစ္လာမွာ စိုးရိမ္တာအတြက္ ျပန္လာခဲ့ျခင္းျဖစ္တယ္။ ေရာ္ဘတ္ဆန္ကလည္း တံေကာက္ေၾကာဒဏ္ရာ ျဖစ္ႏုိင္မယ့္ အေနအထားမ်ိဳးကေန ရုန္းထြက္ဖို႔ ၾကားပြဲကို အနားယူူထားပါတယ္။

သူတို႔ ႏွစ္ဦးလံုးဟာ သက္ဆိုင္ရာ လက္ေရြးစင္အသင္းေတြရဲ႕ ပြဲေတြကို စတင္ လြဲေခ်ာ္ထားသူေတြျဖစ္ေသာ္ညား လီဗာပူးအသင္းဘက္ကေတာ့ ေရာ္ဘတ္ဆန္ေကာ ဟန္ဒါဆန္ပါ ဒီအပတ္အကုန္ လက္စတာနဲ႔ပြဲမွာ ပါဝင္ႏုိင္မယ္လို႔ ေမွ်ာ္လင့္ထားပါတယ္။ ႏွစ္ဦးလံုးရဲ႕ အေျခအေနေတြက စိုးရိမ္စရာ အေနအထားမွာလည္း မဟုတ္ပါဘူး။

အကယ္လို႔ သူတို႔ႏွစ္ဦး မပါႏုိင္ခဲ့ရင္လည္း မန္ေနဂ်ာကေလာ့ပ္မွာ အျခားေသာ ေရြးခ်ယ္စရာေတြက ရွိေနဦးမွာျဖစ္တယ္။ ဘယ္အစြန္အတြက္ ကိုစတက္ ရွိေနေသးသလို ကြင္းလယ္မွာလည္း ရွာကီြရီ၊ ကိတ္တာ၊ ဂ်ံဳးနဲ႔ မီနာမီႏိုတို႔ ရွိေနပါတယ္။

သတင္းေကာင္းကေတာ့ ဒီအပတ္မွာ ဖာဘင္ညိဳဟာ လီဗာပူးနဲ႔အတူ ေလ့က်င့္ေရး ျပန္ဆင္းႏုိင္မွာျဖစ္ျပီး လက္စတာနဲ႔ပြဲမွာ မာတစ္နဲ႔ တြဲဘက္ျပီး ခံစစ္ေၾကာင္းမွာ ေနရာယူေပးႏုိင္ပါတယ္။ မာတစ္ကလည္း ေျခက်င္းဝတ္ဒဏ္ရာကေန သက္သာလာေနခဲ့ျပီး မန္စီးတီးနဲ႔ပြဲမွာပါ ပြဲထြက္ထားႏုိင္ပါျပီ။

မၾကာခင္မွာပဲ သီယာဂိုကလည္း ေလ့က်င့္ေရး ျပန္ဆင္းႏုိင္ဖို႔ ေမွ်ာ္လင့္ထားရတယ္။ ေျခေထာက္ဒဏ္ရာ အေျခအေန ေကာင္းေနတဲ့ သီယာဂိုဟာ အက္ဆာမွာ စတင္တဲ့ အသင္းလိုက္ ေလ့က်င့္ေရးမွာ အျပည့္အဝ ျပန္လည္ လုပ္ေဆာင္သြားႏုိင္ပါတယ္။

အီဂ်စ္မွာရွိေနတဲ့ ဆာလက္ကေတာ့ သူ႔ရဲ႕ ပိုးစစ္မႈ negative ထြက္မယ္ဆိုရင္ ဒီအပတ္ ၾကာသပေတးေန႔မွာတင္ အဂၤလန္ကို ျပန္လာမွာပါ။ ဒါေပမယ့္လို႔ ျဗိတိန္ရဲ႕ စည္းမ်ဥ္းအရ လက္စတာနဲ႔ပြဲမွာ ပါဝင္ခြင့္ရမွာေတာ့ မဟုတ္ေသးပါဘူး။