လီဗာပူးအသင်းဟာ အက်ဆာ လေ့ကျင့်ရေးကွင်းကို စီနီယာအသင်းအတွက် စသုံးနေပြီဖြစ်ပါတယ်။ ဒီအပတ်မှာပဲ စီနီယာအသင်းသားတွေ ပြန်ဝင်လာမှုနဲ့အတူ ပထမဆုံး အသင်းလိုက် လေ့ကျင့်ရေးကိုလည်း ပြုလုပ်သွားဖို့ ရှိနေပါတယ်။

မဲဝုဒ်လေ့ကျင့်ရေးကွင်းကတော့ နှစ်ပေါင်း ၇၀ အကြာမှာ နိဂုံးချုပ်ခဲ့ပြီဖြစ်လို့ ၂၀၂၀ ဆိုတဲ့ ဒီကနေ့အချိန်မှာ ဖွင့်လှစ်တဲ့ အက်ဆာ လေ့ကျင့်ရေးက ဘယ်လိုများဖြစ်နေမှာပါလဲ။ ဒါကတော့ လူအချို့သိလိုနေတဲ့ မေးခွန်းတစ်ခုပါ။ အက်ဆာလေ့ကျင့်ရေးကွင်းမှာ အချိန်နဲ့ ပက်သက်လို့ ထူးထူးခြားခြား ကိစ္စတစ်ခု လုပ်သွားပါတယ်။

လေ့ကျင့်ရေးကွင်းမှာတော့ နှစ်ပေါင်း ၅၀ ကြာ ပိတ်ထားမယ့် အချိန်သေတ္တာလေးတစ်လုံးကို ထားရှိမှာဖြစ်ပါတယ်။ အဆိုပါ သေတ္တာထဲမှာတော့ မန်နေဂျာကလော့ပ် အပါအဝင် လီဗာပူး ကစားသမားတွေရဲ့ အထူး ပစ္စည်းတွေကို ထားရှိမှာဖြစ်ပြီး သက္ကရာဇ် ၂၀၇၀ ခုနှစ်ရောက်မှာ ဖွင့်ကြည့်မှာပါ။

လီဗာပူးပရိသတ်တွေအတွက်ကတော့ ကိုယ်ရဲ့ သားသမီးတွေ၊ ညီကိုတွေကို ဇာတ်လမ်းလေးတစ်ခု ပြောပြလို့ ရပါပြီ။ ဥပမာ- ငါတို့ခေတ်ရဲ့ အကောင်းဆုံး မန်နေဂျာနဲ့ အကောင်းဆုံး ကစားသမားတွေရဲ့ အသုံးအဆောင်တွေပါတဲ့ သေတ္တာတစ်ခုကို မင်းတို့ခေတ်မှာ ဖွင့်လိမ့်မယ်ဆိုတဲ့ အိပ်ရာဝင် ဇာတ်လမ်းလေးပေါ့။

အဆိုပါ သေတ္တာထဲမှာတော့ ၂၀၁၉ ချန်ပီယံလိဂ် ဗိုလ်လုပွဲမှာ ယာဂင်ကလော့ပ် ဝတ်ဆင်ခဲ့တဲ့ မျက်မှန်၊ အယ်လီဆန်ရဲ့ လက်အိတ်နဲ့ ဗန်ဒိုက်ရဲ့ ဖိနပ်။ အသင်းပိုင်ရှင် FSG ဘက်က ကိုယ်တိုင် ရေးသားထားတဲ့ လက်ရေးမူနဲ့ စာတစ်စောင်၊ စီနီယာအသင်း အပါအဝင် သက်တမ်းအလိုက် အသင်းတွေအားလုံးရဲ့ အဖွဲ့လိုက် ဓါတ်ပုံတွေ၊ အသင်းဝန်ထမ်းတွေနဲ့ ပက်သက်တာတွေ၊

၂၀၁၉-၂၀၂၀ ဘောလုံးရာသီ ပရီးမီးယားလိဂ် အောင်မြင်မှုခဲ့တဲ့ ချယ်ဆီးပွဲရဲ့ ပွဲနေ့ ပရိုဂရမ်၊ ၆ ကြိမ်မြောက် ချန်ပီယံလိဂ်ဖလား အောင်မြင်စဉ် ဝတ်ဆင်ခဲ့တဲ့ NB ရဲ့ အိမ်ကွင်းဂျာစီ၊ ကလပ်ရဲ့ နာမည်ကျော် တေးသီချင်း အယ်ဘမ်တွေ၊ ဆာကင်နီကိုယ်တိုင် လက်မှတ်ထိုးထားတဲ့ သူ့ရဲ့ အဖြူအမဲ ဓါတ်ပုံ (၂၀၇၀ မှာတော့ ဆာကင်နီကြီးဟာ သက်ရှိထင်ရှား ရှိတော့မှာ မဟုတ်ပေမယ့် လီဗာပူးရဲ့ မဟာဂန္တဝင်ကြီးအဖြစ် နောင်လူတွေ လေးစားကြပါလိမ့်မယ်)

နှစ်ပေါင်း ၁၀၀ ကျော် သက်တမ်းရှိပြီဖြစ်တဲ့ လီဗာပူးအမာခံ အဖွဲ့ကြီးက လှူဒါန်းတဲ့ ပွဲနေ့ ပဝါ၊ လေ့ကျင့်ရေးကွင်းသစ်ရဲ့ အဆောက်အဦး တည်ဆောက်ပုံပြ မြေပုံ၊ ဒေသခံကျောင်းတွေက လီဗာပူးပရိသတ်လေးတွေရဲ့ ကိုယ်တိုင်ရေး ပန်းချီ၊ ဟေးဘရော့ဖြစ်ရပ်မှ ၉၆ ဦးသော အသင်းပရိသတ်တွေရဲ့ အမှတ်တရ၊ အဆုံးသတ်ခဲ့ပြီဖြစ်တဲ့ မဲဝုဒ်လေ့ကျင့်ရေးကွင်းရဲ့ သမိုင်းကြောင်းနဲ့ ပုံရိပ်တွေ၊

သက်ရှိထင်ရှား ရှိနေဆဲ ဆာကင်နီ၊ ဂျွန်အန်းဒရစ်၊ အီရန်ရှပ်တို့ရဲ့ အနာဂတ် လီဗာပူးပရိသတ်တွေအတွက် ၂၀၂၀ ခုနှစ်က လီဗာပူး အနေအထားအတွက် သူ့ရဲ့ အမှာပါးစကား၊ အကယ်ဒမီနည်းပြ၊ အသင်းခေါင်းဆောင် ဟန်ဒါဆန်၊ မန်နေဂျာ ယာဂင်ကလော့ပ်တို့ရဲ့ အမှာစကားတွေ ပါဝင်ပါလိမ့်မယ်။

အဓိကအားဖြင့် ၂၀၂၀ မှာ လီဗာပူးရဲ့ အခြေအနေကို အနာဂတ် လီဗာပူးပရိသတ်တွေကို အမွေပေးခဲ့တာဖြစ်ပြီး ၂၀၇၀ လီဗာပူးအသင်းဟာ ကမ္ဘာပေါ်မှာ အကြီးကျယ်ဆုံး၊ အခမ်းနားဆုံး၊ အအောင်မြင်ဆုံးတွေနဲ့အတူ အစည်းလုံးဆုံးသော ပရိသတ် အစုအဖွဲ့ ဖြစ်နေဖို့ကတော့ အားလုံးရဲ့ မျှော်လင့်ချက် ဖြစ်နေပါလိမ့်မယ်။

ZAWGYI

လီဗာပူးအသင္းဟာ အက္ဆာ ေလ့က်င့္ေရးကြင္းကို စီနီယာအသင္းအတြက္ စသံုးေနျပီျဖစ္ပါတယ္။ ဒီအပတ္မွာပဲ စီနီယာအသင္းသားေတြ ျပန္ဝင္လာမႈနဲ႔အတူ ပထမဆံုး အသင္းလိုက္ ေလ့က်င့္ေရးကိုလည္း ျပဳလုပ္သြားဖို႔ ရွိေနပါတယ္။

မဲဝုဒ္ေလ့က်င့္ေရးကြင္းကေတာ့ ႏွစ္ေပါင္း ၇၀ အၾကာမွာ နိဂံုးခ်ဳပ္ခဲ့ျပီျဖစ္လို႔ ၂၀၂၀ ဆိုတဲ့ ဒီကေန႔အခ်ိန္မွာ ဖြင့္လွစ္တဲ့ အက္ဆာ ေလ့က်င့္ေရးက ဘယ္လိုမ်ားျဖစ္ေနမွာပါလဲ။ ဒါကေတာ့ လူအခ်ိဳ႔သိလိုေနတဲ့ ေမးခြန္းတစ္ခုပါ။ အက္ဆာေလ့က်င့္ေရးကြင္းမွာ အခ်ိန္နဲ႔ ပက္သက္လို႔ ထူးထူးျခားျခား ကိစၥတစ္ခု လုပ္သြားပါတယ္။

ေလ့က်င့္ေရးကြင္းမွာေတာ့ ႏွစ္ေပါင္း ၅၀ ၾကာ ပိတ္ထားမယ့္ အခ်ိန္ေသတၱာေလးတစ္လံုးကို ထားရွိမွာျဖစ္ပါတယ္။ အဆိုပါ ေသတၱာထဲမွာေတာ့ မန္ေနဂ်ာကေလာ့ပ္ အပါအဝင္ လီဗာပူး ကစားသမားေတြရဲ႕ အထူး ပစၥည္းေတြကို ထားရွိမွာျဖစ္ျပီး သကၠရာဇ္ ၂၀၇၀ ခုႏွစ္ေရာက္မွာ ဖြင့္ၾကည့္မွာပါ။

လီဗာပူးပရိသတ္ေတြအတြက္ကေတာ့ ကိုယ္ရဲ႕ သားသမီးေတြ၊ ညီကိုေတြကို ဇာတ္လမ္းေလးတစ္ခု ေျပာျပလို႔ ရပါျပီ။ ဥပမာ- ငါတို႔ေခတ္ရဲ႕ အေကာင္းဆံုး မန္ေနဂ်ာနဲ႔ အေကာင္းဆံုး ကစားသမားေတြရဲ႕ အသံုးအေဆာင္ေတြပါတဲ့ ေသတၱာတစ္ခုကို မင္းတို႔ေခတ္မွာ ဖြင့္လိမ့္မယ္ဆိုတဲ့ အိပ္ရာဝင္ ဇာတ္လမ္းေလးေပါ့။

အဆိုပါ ေသတၱာထဲမွာေတာ့ ၂၀၁၉ ခ်န္ပီယံလိဂ္ ဗိုလ္လုပြဲမွာ ယာဂင္ကေလာ့ပ္ ဝတ္ဆင္ခဲ့တဲ့ မ်က္မွန္၊ အယ္လီဆန္ရဲ႕ လက္အိတ္နဲ႔ ဗန္ဒိုက္ရဲ႕ ဖိနပ္။ အသင္းပိုင္ရွင္ FSG ဘက္က ကိုယ္တိုင္ ေရးသားထားတဲ့ လက္ေရးမူနဲ႔ စာတစ္ေစာင္၊ စီနီယာအသင္း အပါအဝင္ သက္တမ္းအလိုက္ အသင္းေတြအားလံုးရဲ႕ အဖြဲ႔လိုက္ ဓါတ္ပံုေတြ၊ အသင္းဝန္ထမ္းေတြနဲ႔ ပက္သက္တာေတြ၊

၂၀၁၉-၂၀၂၀ ေဘာလံုးရာသီ ပရီးမီးယားလိဂ္ ေအာင္ျမင္မႈခဲ့တဲ့ ခ်ယ္ဆီးပြဲရဲ႕ ပြဲေန႔ ပရိုဂရမ္၊ ၆ ၾကိမ္ေျမာက္ ခ်န္ပီယံလိဂ္ဖလား ေအာင္ျမင္စဥ္ ဝတ္ဆင္ခဲ့တဲ့ NB ရဲ႕ အိမ္ကြင္းဂ်ာစီ၊ ကလပ္ရဲ႕ နာမည္ေက်ာ္ ေတးသီခ်င္း အယ္ဘမ္ေတြ၊ ဆာကင္နီကိုယ္တိုင္ လက္မွတ္ထိုးထားတဲ့ သူ႔ရဲ႕ အျဖဴအမဲ ဓါတ္ပံု (၂၀၇၀ မွာေတာ့ ဆာကင္နီၾကီးဟာ သက္ရွိထင္ရွား ရွိေတာ့မွာ မဟုတ္ေပမယ့္ လီဗာပူးရဲ႕ မဟာဂႏၱဝင္ၾကီးအျဖစ္ ေနာင္လူေတြ ေလးစားၾကပါလိမ့္မယ္)

ႏွစ္ေပါင္း ၁၀၀ ေက်ာ္ သက္တမ္းရွိျပီျဖစ္တဲ့ လီဗာပူးအမာခံ အဖြဲ႔ၾကီးက လွဴဒါန္းတဲ့ ပြဲေန႔ ပဝါ၊ ေလ့က်င့္ေရးကြင္းသစ္ရဲ႕ အေဆာက္အဦး တည္ေဆာက္ပံုျပ ေျမပံု၊ ေဒသခံေက်ာင္းေတြက လီဗာပူးပရိသတ္ေလးေတြရဲ႕ ကိုယ္တိုင္ေရး ပန္းခ်ီ၊ ေဟးဘေရာ့ျဖစ္ရပ္မွ ၉၆ ဦးေသာ အသင္းပရိသတ္ေတြရဲ႕ အမွတ္တရ၊ အဆံုးသတ္ခဲ့ျပီျဖစ္တဲ့ မဲဝုဒ္ေလ့က်င့္ေရးကြင္းရဲ႕ သမိုင္းေၾကာင္းနဲ႔ ပံုရိပ္ေတြ၊

သက္ရွိထင္ရွား ရွိေနဆဲ ဆာကင္နီ၊ ဂၽြန္အန္းဒရစ္၊ အီရန္ရွပ္တို႔ရဲ႕ အနာဂတ္ လီဗာပူးပရိသတ္ေတြအတြက္ ၂၀၂၀ ခုႏွစ္က လီဗာပူး အေနအထားအတြက္ သူ႔ရဲ႕ အမွာပါးစကား၊ အကယ္ဒမီနည္းျပ၊ အသင္းေခါင္းေဆာင္ ဟန္ဒါဆန္၊ မန္ေနဂ်ာ ယာဂင္ကေလာ့ပ္တို႔ရဲ႕ အမွာစကားေတြ ပါဝင္ပါလိမ့္မယ္။

အဓိကအားျဖင့္ ၂၀၂၀ မွာ လီဗာပူးရဲ႕ အေျခအေနကို အနာဂတ္ လီဗာပူးပရိသတ္ေတြကို အေမြေပးခဲ့တာျဖစ္ျပီး ၂၀၇၀ လီဗာပူးအသင္းဟာ ကမၻာေပၚမွာ အၾကီးက်ယ္ဆံုး၊ အခမ္းနားဆံုး၊ အေအာင္ျမင္ဆံုးေတြနဲ႔အတူ အစည္းလံုးဆံုးေသာ ပရိသတ္ အစုအဖြဲ႔ ျဖစ္ေနဖို႔ကေတာ့ အားလံုးရဲ႕ ေမွ်ာ္လင့္ခ်က္ ျဖစ္ေနပါလိမ့္မယ္။