ယာဂင်ကလော့ပ်ရဲ့ လက်ထောက်ဖြစ်သူ ပပ် လင်ဒါးဟာ သိပ်ကို ထူးချွန်တဲ့ လူငယ်နည်းပြတစ်ဦးဖြစ်ကြောင်း လီဗာပူးအကယ်ဒမီ ကစားသမားဟောင်းဖြစ်သူ ကော်နာ မာစတာဆန်က ထုတ်ပြောခဲ့ပါတယ်။

လင်ဒါးဟာ မန်နေဂျာကလော့ပ် ခေတ်လွန်မှာ လီဗာပူးမန်နေဂျာဖြစ်လာနိုင်သူ တစ်ဦးအဖြစ် စတီဗင်ဂျရတ်၊ နေးဂဲလ်စမန်းတို့နည်းတူ လီဗာပူးပရိသတ်တွေကြား လူသိများသူ တစ်ဦးဖြစ်တယ်။ မန်နေဂျာကလော့ပ်ဟာ ကာရာဘောင်းနဲ့ အက်ဖ်အေပွဲကြို မီဒီယာတွေ့ဆုံမှုတွေမှာ သူ့အစား လင်ဒါးကို တက်ရောက်စေတာမျိုးတွေလည်း လုပ်ခွင့်ပေးထားတာ ဖြစ်ပါတယ်။

ကော်နာ မာစတာဆန်က ” ကျနော် ပိုင်ဆိုင်ခဲ့သမျှထဲမှာ အကောင်းဆုံး နည်းပြဖြစ်ပါတယ်။ ကျနော်က နည်းပြကောင်းတွေ အများကြီးနဲ့လည်း လက်တွဲခွင့်ရခဲ့သူပါ ” လို့ Goal နဲ့ အင်တာဗျူးမှာ ပြောပါတယ်။

ယာဂင်ကလော့ပ်ရဲ့ နံပါတ် ၂ ဖြစ်တဲ့ ပပ်လင်ဒါးဟာ လီဗာပူးမှာတော့ အကယ်ဒမီ အသင်းသားတွေကို စီနီယာအသင်းထံ ပို့ပေးရတဲ့ နည်းပြတာဝန်ကို ကနဦး ရယူခဲ့တာပါ။ နောက်ပိုင်းမှာ သူ့ရဲ့ ဘောလုံးအတွေးအခေါ်နဲ့ လေ့ကျင့်ရေးကွင်းတွင်း လုပ်နိုင်စွမ်းတွေကြောင့် ယာဂင်ကလော့ပ်ရဲ့ လက်ထောက်နည်းပြနေရာကို အဆင့်ဆင့် တိုးမြင့် ရောက်လာခဲ့ခြင်း ဖြစ်ပါတယ်။

” ပပ်က ပွဲတွေကို အရမ်းကို နှစ်သက်မှုအားကြီးသူ ဖြစ်ပါတယ်။ သူက ကျနော်ထံက အကောင်းဆုံးတွေကို ရဖို့ ကြိုးစားခဲ့တယ်။ လေ့ကျင့်ရေးကွင်းကို သွားရောက်တဲ့ နေ့တိုင်းမှာ ဒီလေ့ကျင့်မှုတွေနဲ့အတူ ကိုယ်က ပိုကောင်းလာတော့မှာပဲလို့ အမြဲတမ်း တွေးမိတယ်။

လီဗာပူးမှာ ကလော့ပ်ကပဲ အဓိကလူဆိုတာ သေချာပါတယ်။ ဒါပေမယ့်လို့ အသင်း အောင်မြင်လာမှုတွေမှာ ပပ်ရဲ့ အရေးပါမှုကလည်း သိပ်ကို ကြီးမားတဲ့ အကြောင်းရင်းဖြစ်ပါတယ်။ သိပ်ကောင်းတဲ့ နည်းပြနဲ့ လူပုဂ္ဂိုလ်ဖြစ်ပါတယ်။ ” လို့ မာစတာဆန်က ထုတ်ပြောခဲ့တာ ဖြစ်ပါတယ်။

၂၀၁၈ ခုနှစ်မှာ ယာဂင်ကလော့ပ်ရဲ့ ညာလက်ရုံး ဖြစ်လာတဲ့ နယ်သာလန်သားဟာ ချန်ပီယံလိဂ်နဲ့ ပရီးမီးယားလိဂ် အောင်မြင်မှုတွေမှာ အရေးပါသူတစ်ဦး ဖြစ်ခဲ့ပါတယ်။ သူဟာ ပထမအသင်းရေးရာ နည်းပြ ဗစ်တာ မားတိုစ့်ကို အသင်းထံ ခေါ်ယူခဲ့သေးပြီး ဂျိုတာကို ခေါ်ယူဖို့အတွက် ကလော့ပ်ကို အဓိက တိုက်တွန်းခဲ့သူလည်း ဖြစ်ပါတယ်။

ZAWGYI

ယာဂင္ကေလာ့ပ္ရဲ႕ လက္ေထာက္ျဖစ္သူ ပပ္ လင္ဒါးဟာ သိပ္ကို ထူးခၽြန္တဲ့ လူငယ္နည္းျပတစ္ဦးျဖစ္ေၾကာင္း လီဗာပူးအကယ္ဒမီ ကစားသမားေဟာင္းျဖစ္သူ ေကာ္နာ မာစတာဆန္က ထုတ္ေျပာခဲ့ပါတယ္။

လင္ဒါးဟာ မန္ေနဂ်ာကေလာ့ပ္ ေခတ္လြန္မွာ လီဗာပူးမန္ေနဂ်ာျဖစ္လာႏုိင္သူ တစ္ဦးအျဖစ္ စတီဗင္ဂ်ရတ္၊ ေနးဂဲလ္စမန္းတို႔နည္းတူ လီဗာပူးပရိသတ္ေတြၾကား လူသိမ်ားသူ တစ္ဦးျဖစ္တယ္။ မန္ေနဂ်ာကေလာ့ပ္ဟာ ကာရာေဘာင္းနဲ႔ အက္ဖ္ေအပြဲၾကိဳ မီဒီယာေတြ႔ဆံုမႈေတြမွာ သူ႔အစား လင္ဒါးကို တက္ေရာက္ေစတာမ်ိဳးေတြလည္း လုပ္ခြင့္ေပးထားတာ ျဖစ္ပါတယ္။

ေကာ္နာ မာစတာဆန္က ” က်ေနာ္ ပိုင္ဆိုင္ခဲ့သမွ်ထဲမွာ အေကာင္းဆံုး နည္းျပျဖစ္ပါတယ္။ က်ေနာ္က နည္းျပေကာင္းေတြ အမ်ားၾကီးနဲ႔လည္း လက္တြဲခြင့္ရခဲ့သူပါ ” လို႔ Goal နဲ႔ အင္တာဗ်ဴးမွာ ေျပာပါတယ္။

ယာဂင္ကေလာ့ပ္ရဲ႕ နံပါတ္ ၂ ျဖစ္တဲ့ ပပ္လင္ဒါးဟာ လီဗာပူးမွာေတာ့ အကယ္ဒမီ အသင္းသားေတြကို စီနီယာအသင္းထံ ပို႔ေပးရတဲ့ နည္းျပတာဝန္ကို ကနဦး ရယူခဲ့တာပါ။ ေနာက္ပိုင္းမွာ သူ႔ရဲ႕ ေဘာလံုးအေတြးအေခၚနဲ႔ ေလ့က်င့္ေရးကြင္းတြင္း လုပ္ႏုိင္စြမ္းေတြေၾကာင့္ ယာဂင္ကေလာ့ပ္ရဲ႕ လက္ေထာက္နည္းျပေနရာကို အဆင့္ဆင့္ တိုးျမင့္ ေရာက္လာခဲ့ျခင္း ျဖစ္ပါတယ္။

” ပပ္က ပြဲေတြကို အရမ္းကို ႏွစ္သက္မႈအားၾကီးသူ ျဖစ္ပါတယ္။ သူက က်ေနာ္ထံက အေကာင္းဆံုးေတြကို ရဖို႔ ၾကိဳးစားခဲ့တယ္။ ေလ့က်င့္ေရးကြင္းကို သြားေရာက္တဲ့ ေန႔တိုင္းမွာ ဒီေလ့က်င့္မႈေတြနဲ႔အတူ ကိုယ္က ပိုေကာင္းလာေတာ့မွာပဲလို႔ အျမဲတမ္း ေတြးမိတယ္။

လီဗာပူးမွာ ကေလာ့ပ္ကပဲ အဓိကလူဆိုတာ ေသခ်ာပါတယ္။ ဒါေပမယ့္လို႔ အသင္း ေအာင္ျမင္လာမႈေတြမွာ ပပ္ရဲ႕ အေရးပါမႈကလည္း သိပ္ကို ၾကီးမားတဲ့ အေၾကာင္းရင္းျဖစ္ပါတယ္။ သိပ္ေကာင္းတဲ့ နည္းျပနဲ႔ လူပုဂၢိဳလ္ျဖစ္ပါတယ္။ ” လို႔ မာစတာဆန္က ထုတ္ေျပာခဲ့တာ ျဖစ္ပါတယ္။

၂၀၁၈ ခုႏွစ္မွာ ယာဂင္ကေလာ့ပ္ရဲ႕ ညာလက္ရံုး ျဖစ္လာတဲ့ နယ္သာလန္သားဟာ ခ်န္ပီယံလိဂ္နဲ႔ ပရီးမီးယားလိဂ္ ေအာင္ျမင္မႈေတြမွာ အေရးပါသူတစ္ဦး ျဖစ္ခဲ့ပါတယ္။ သူဟာ ပထမအသင္းေရးရာ နည္းျပ ဗစ္တာ မားတိုစ့္ကို အသင္းထံ ေခၚယူခဲ့ေသးျပီး ဂ်ိဳတာကို ေခၚယူဖို႔အတြက္ ကေလာ့ပ္ကို အဓိက တိုက္တြန္းခဲ့သူလည္း ျဖစ္ပါတယ္။