အီဂျစ်လက်ရွေးစင်အသင်းနဲ့ ပူးပေါင်းစဉ် ကိုဗစ်ပိုးတွေ့ခြင်းကြောင့် အီဂျစ်မှာပဲ ဆက်ရှိနေတဲ့ ဆာလက်ဟာ ဒီအပတ်မှာပဲ လီဗာပူးကို ပြန်လာခွင့်ရနိုင်တဲ့ အခြေအနေ ရှိနေပါတယ်။

ပြီးခဲ့တဲ့ သောကြာနေ့တုန်းက ဆာလက်ကို ကိုဗစ်စစ်ဆေးရာမှာ ပိုးတွေ့တယ်ဆိုတဲ့ ရလဒ် ၂ ကြိမ် ထွက်ခဲ့တာပါ။ ဆာလက်မှာ ကိုဗစ် လက္ခဏာတွေ ပြသခြင်းတော့ မရှိပါဘူး။ အီဂျစ်ဘက်က သူ့ကို ပြည်တွင်းမှာ အထူး ကုသမှုပုံစံတွေဖြင့် ၂ ပတ် ထားရှိဖို့ စီစဉ်ထားခဲ့တာဖြစ်တယ်။

သို့ပေမယ့်လို့ အီဂျစ် ကျန်းမာရေးဝန်ကြီး ဦးဆောင်တဲ့ ကိုဗစ်-၁၉ ကော်မတီက ဆာလက်ကို အထူးစစ်ဆေးမှုတွေ လုပ်ပေးပြီးတဲ့နောက် ကြာသပတေးနေ့မှာ ပြန်လည် စစ်ဆေးပေးမှာဖြစ်တယ်။ ၎င်းတို့ကတော့ ဒီတစ်ကြိမ် စစ်ဆေးမှုက negative ရလဒ် ထွက်မယ်လို့ မျှော်လင့်ထားပြီး ဆာလက်ကို ခရီးထွက်ခွင့် ပြန်ပေးသွားမှာ ဖြစ်ပါတယ်။

အဲ့လိုဖြစ်လာခဲ့ရင် ဆာလက်ဟာ ကြာသပတေးနေ့မှာ လီဗာပူးအသင်းနဲ့ ပြန်လည် ပူးပေါင်းမှာဖြစ်ပြီး တနင်္ဂနွေနေ့ လက်စတာနဲ့ပွဲကြို အသင်းလိုက် လေ့ကျင့်ရေးမှာ ပြန်လည် ပါဝင်သွားနိုင်တယ်လို့ သိရတယ်။ အကောင်းဆုံးအခြေအနေက negative ၂ ကြိမ်ထွက်မှ ဆာလက်ကို ပြန်ခေါ်ဖို့ဖြစ်ပြီး လီဗာပူးဆေးအဖွဲ့ရဲ့ သဘောထားကို မသိရသေးပါဘူး။

ချွင်းချက်အနေနဲ့ ဆာလက်ဟာ လီဗာပူးနဲ့ ဒီအပတ်မှာ ပြန်လည် ပူးပေါင်းခဲ့ရင်တောင်မှ လက်စတာနဲ့ပွဲကိုတော့ ပါဝင်ခွင့်ရဖွယ် မရှိပါဘူး။ သူက positive ၂ ကြိမ်တိုင် တွေ့ထားတဲ့ ကစားသမားဖြစ်လို့ ကြာသပတေးနေ့မှာ negative ထွက်ပြီး နောက်ထပ် စစ်ဆေးမှုတွေမှာလည်း ပိုးမတွေ့မှာသာ ကြားရက် အတ္တလန်တာပွဲလောက်မှာ ပါဝင်ခွင့်ရဖွယ်ရှိတယ်။

လီဗာပူးအသင်းကတော့ ဆာလက်နဲ့ အဆက်မပြတ် ဆက်သွယ်နေပြီး သူ့မှာ ပိုးမတွေ့ဘူးဆိုတဲ့ ရလဒ် ထွက်လို့ အသင်းဆရာဝန်က ခွင့်ပြုတာနဲ့ တစ်ပြိုင်နက် အင်္ဂလန်ကို ပြန်ခေါ်နိုင်ဖို့ အကုန် အဆင်သင့် လုပ်ထားတယ်လို့ သိရပါတယ်။

ZAWGYI

အီဂ်စ္လက္ေရြးစင္အသင္းနဲ႔ ပူးေပါင္းစဥ္ ကိုဗစ္ပိုးေတြ႔ျခင္းေၾကာင့္ အီဂ်စ္မွာပဲ ဆက္ရွိေနတဲ့ ဆာလက္ဟာ ဒီအပတ္မွာပဲ လီဗာပူးကို ျပန္လာခြင့္ရႏုိင္တဲ့ အေျခအေန ရွိေနပါတယ္။

ျပီးခ့ဲတဲ့ ေသာၾကာေန႔တုန္းက ဆာလက္ကို ကိုဗစ္စစ္ေဆးရာမွာ ပိုးေတြ႔တယ္ဆိုတဲ့ ရလဒ္ ၂ ၾကိမ္ ထြက္ခဲ့တာပါ။ ဆာလက္မွာ ကိုဗစ္ လကၡဏာေတြ ျပသျခင္းေတာ့ မရွိပါဘူး။ အီဂ်စ္ဘက္က သူ႔ကို ျပည္တြင္းမွာ အထူး ကုသမႈပံုစံေတြျဖင့္ ၂ ပတ္ ထားရွိဖို႔ စီစဥ္ထားခဲ့တာျဖစ္တယ္။

သို႔ေပမယ့္လို႔ အီဂ်စ္ က်န္းမာေရးဝန္ၾကီး ဦးေဆာင္တဲ့ ကိုဗစ္-၁၉ ေကာ္မတီက ဆာလက္ကို အထူးစစ္ေဆးမႈေတြ လုပ္ေပးျပီးတဲ့ေနာက္ ၾကာသပေတးေန႔မွာ ျပန္လည္ စစ္ေဆးေပးမွာျဖစ္တယ္။ ၄င္းတို႔ကေတာ့ ဒီတစ္ၾကိမ္ စစ္ေဆးမႈက negative ရလဒ္ ထြက္မယ္လို႔ ေမွ်ာ္လင့္ထားျပီး ဆာလက္ကို ခရီးထြက္ခြင့္ ျပန္ေပးသြားမွာ ျဖစ္ပါတယ္။

အဲ့လိုျဖစ္လာခဲ့ရင္ ဆာလက္ဟာ ၾကာသပေတးေန႔မွာ လီဗာပူးအသင္းနဲ႔ ျပန္လည္ ပူးေပါင္းမွာျဖစ္ျပီး တနဂၤေႏြေန႔ လက္စတာနဲ႔ပြဲၾကိဳ အသင္းလိုက္ ေလ့က်င့္ေရးမွာ ျပန္လည္ ပါဝင္သြားႏုိင္တယ္လို႔ သိရတယ္။ အေကာင္းဆံုးအေျခအေနက negative ၂ ၾကိမ္ထြက္မွ ဆာလက္ကို ျပန္ေခၚဖို႔ျဖစ္ျပီး လီဗာပူးေဆးအဖြဲ႔ရဲ႕ သေဘာထားကို မသိရေသးပါဘူး။

ခၽြင္းခ်က္အေနနဲ႔ ဆာလက္ဟာ လီဗာပူးနဲ႔ ဒီအပတ္မွာ ျပန္လည္ ပူးေပါင္းခဲ့ရင္ေတာင္မွ လက္စတာနဲ႔ပြဲကိုေတာ့ ပါဝင္ခြင့္ရဖြယ္ မရွိပါဘူး။ သူက positive ၂ ၾကိမ္တိုင္ ေတြ႔ထားတဲ့ ကစားသမားျဖစ္လို႔ ၾကာသပေတးေန႔မွာ negative ထြက္ျပီး ေနာက္ထပ္ စစ္ေဆးမႈေတြမွာလည္း ပိုးမေတြ႔မွာသာ ၾကားရက္ အတၱလန္တာပြဲေလာက္မွာ ပါဝင္ခြင့္ရဖြယ္ရွိတယ္။

လီဗာပူးအသင္းကေတာ့ ဆာလက္နဲ႔ အဆက္မျပတ္ ဆက္သြယ္ေနျပီး သူ႔မွာ ပိုးမေတြ႔ဘူးဆိုတဲ့ ရလဒ္ ထြက္လို႔ အသင္းဆရာဝန္က ခြင့္ျပဳတာနဲ႔ တစ္ျပိဳင္နက္ အဂၤလန္ကို ျပန္ေခၚႏုိင္ဖို႔ အကုန္ အဆင္သင့္ လုပ္ထားတယ္လို႔ သိရပါတယ္။