လီဗာပူးမန်နေဂျာ ယာဂင်ကလော့ပ်က အက်ဆာလေ့ကျင့်ရေးကို ပြောင်းလာပြီးနောက်မှာ သူအမြင်ချင်ဆုံးက လူငယ်အသင်းတွေ ဘယ်လိုလေ့ကျင့်သလဲ ဆိုတာပါပဲလို့ ထုတ်ပြောလိုက်ပါတယ်။

အက်ဆာလေ့ကျင့်ရေးဟာ ကာဘီက လီဗာပူးအကယ်ဒမီ ဘေးမှာပဲ တည်ဆောက်ထားတာပါ။ ဒါကြောင့် စီနီယာနဲ့ လူငယ်အသင်းတွေကို တစ်နေရာတည်းမှာ ပူးတွဲထားလိုက်ပြီဖြစ်ကာ နှစ်ပေါင်း ၇၀ အတွင်း ပထမဆုံးအကြိမ်အဖြစ် လီဗာပူူးအကယ်ဒမီ ကစားသမားတွေဟာ သူတို့ အားကျရတဲ့ ပထမအသင်းသားတွေ ဘာတွေကို ဘယ်လို လေ့ကျင့်လဲဆိုတာကို ကြည့်ခွင့် ရလာကြပါပြီ။

တစ်ဘက်မှာ ကလော့ပ် ကိုယ်တိုင်ကလည်း လူငယ်တွေရဲ့ အခြေအနေကို လေ့လာခွင့် ရခဲ့ပြီဖြစ်ပါတယ်။

ကလော့ပ်ကပဲ “ ဒါက အခြေခံ လိုအပ်ချက်ပါပဲ။ အရမ်းလည်း အရေးကြီးပါတယ်။ ဒီမယ် ကျနော်က လူငယ်လေးတွေနဲ့ အမြဲတမ်း ထိတွေ့ဆက်ဆံလိုတဲ့ နည်းပြမျိုးပါ။ သူတို့အကြောင်းကို သိချင်သလို ကျနေ်ာတို့ရဲ့ လေ့ကျင့်ရေးတွေကိုလည်း အခြားသော နည်းပြတွေကို ကြည့်ခွင့် ပေးချင်ပါတယ်။

အဲ့တာတွေက ပြဿနာ မဟုတ်ပါဘူး။ ကျနေ်ာတို့ အသင်းမှာ ဘာလျှို့ဝှက်ချက်မှလည်း မရှိဘူး။ ဒီတော့ ပထမအသင်းရဲ့ လေ့ကျင့်ရေးကို လာကြည့်ချင်တဲ့ ဘယ်လူငယ်မဆို လာပြီးကြည့်လို့ ရပါတယ်။

ဒါက အချက်တစ်ချက်ပေါ့လေ။ အခြားသော ကိစ္စကတော့ မဲဝုဒ်မှာတုန်းက ကျနော်တို့ဟာ ၈ နာရီ၊ ၉ နာရီ၊ ၁၀ နာရီကနေ ၁၁ နာရီလောက်ထိကို လေ့ကျင့်ကြတာပါ။ လုပ်စရာတွေ အများကြီးရှိပေမယ့် ကျနော်မှာ အချိန်ပိုနေတာတွေလည်း ရှိပါတယ်။ အားနေတဲ့ အချိန်တွေမှာ ယူ-၁၂ ကနေ ယူ-၁၅ ထိ အသင်းတွေရဲ့ လေ့ကျင့်မှုတွေကို စောင့်ကြည့်ရတာကိုလည်း သဘောကျပါတယ်။

ကောင်လေးတွေအကြောင်းလည်း ပိုသိချင်တယ်။ အချို့ကို ပထမအသင်း လေ့ကျင့်ရေးထံ ခေါ်ယူပြီး ဒီမှာ ဘာတွေလုပ်နေလဲဆိုတာကို ပြချင်တယ်။ ဒါက တိုးတက်မှုအတွက် အထောက်အကူ ဖြစ်စေပါတယ်။ ကြီးကြီးမားမား အကူအညီဖြစ်စေမှာပါ။ စီနီယာနဲ့ အကယ်ဒမီတို့ဟာ အရမ်းကို နီးစပ်သွားမယ့် ဆက်ဆံရေးလည်း ရှိလာပါမယ်။ ဒါက သိပ်ကောင်းပါတယ် ” လို့ ဆိုခဲ့တာဖြစ်ပါတယ်။

ZAWGYI

လီဗာပူးမန္ေနဂ်ာ ယာဂင္ကေလာ့ပ္က အက္ဆာေလ့က်င့္ေရးကို ေျပာင္းလာျပီးေနာက္မွာ သူအျမင္ခ်င္ဆံုးက လူငယ္အသင္းေတြ ဘယ္လိုေလ့က်င့္သလဲ ဆိုတာပါပဲလို႔ ထုတ္ေျပာလိုက္ပါတယ္။

အက္ဆာေလ့က်င့္ေရးဟာ ကာဘီက လီဗာပူးအကယ္ဒမီ ေဘးမွာပဲ တည္ေဆာက္ထားတာပါ။ ဒါေၾကာင့္ စီနီယာနဲ႔ လူငယ္အသင္းေတြကို တစ္ေနရာတည္းမွာ ပူးတြဲထားလိုက္ျပီျဖစ္ကာ ႏွစ္ေပါင္း ၇၀ အတြင္း ပထမဆံုးအၾကိမ္အျဖစ္ လီဗာပူူးအကယ္ဒမီ ကစားသမားေတြဟာ သူတို႔ အားက်ရတဲ့ ပထမအသင္းသားေတြ ဘာေတြကို ဘယ္လို ေလ့က်င့္လဲဆိုတာကို ၾကည့္ခြင့္ ရလာၾကပါျပီ။

တစ္ဘက္မွာ ကေလာ့ပ္ ကိုယ္တိုင္ကလည္း လူငယ္ေတြရဲ႕ အေျခအေနကို ေလ့လာခြင့္ ရခဲ့ျပီျဖစ္ပါတယ္။

ကေလာ့ပ္ကပဲ “ ဒါက အေျခခံ လိုအပ္ခ်က္ပါပဲ။ အရမ္းလည္း အေရးၾကီးပါတယ္။ ဒီမယ္ က်ေနာ္က လူငယ္ေလးေတြနဲ႔ အျမဲတမ္း ထိေတြ႔ဆက္ဆံလိုတဲ့ နည္းျပမ်ိဳးပါ။ သူတို႔အေၾကာင္းကို သိခ်င္သလို က်ေန္ာတို႔ရဲ႕ ေလ့က်င့္ေရးေတြကိုလည္း အျခားေသာ နည္းျပေတြကို ၾကည့္ခြင့္ ေပးခ်င္ပါတယ္။

အဲ့တာေတြက ျပႆနာ မဟုတ္ပါဘူး။ က်ေန္ာတို႔ အသင္းမွာ ဘာလွ်ိဳ႕ဝွက္ခ်က္မွလည္း မရွိဘူး။ ဒီေတာ့ ပထမအသင္းရဲ႕ ေလ့က်င့္ေရးကို လာၾကည့္ခ်င္တဲ့ ဘယ္လူငယ္မဆို လာျပီးၾကည့္လို႔ ရပါတယ္။

ဒါက အခ်က္တစ္ခ်က္ေပါ့ေလ။ အျခားေသာ ကိစၥကေတာ့ မဲဝုဒ္မွာတုန္းက က်ေနာ္တို႔ဟာ ၈ နာရီ၊ ၉ နာရီ၊ ၁၀ နာရီကေန ၁၁ နာရီေလာက္ထိကို ေလ့က်င့္ၾကတာပါ။ လုပ္စရာေတြ အမ်ားၾကီးရွိေပမယ့္ က်ေနာ္မွာ အခ်ိန္ပိုေနတာေတြလည္း ရွိပါတယ္။ အားေနတဲ့ အခ်ိန္ေတြမွာ ယူ-၁၂ ကေန ယူ-၁၅ ထိ အသင္းေတြရဲ႕ ေလ့က်င့္မႈေတြကို ေစာင့္ၾကည့္ရတာကိုလည္း သေဘာက်ပါတယ္။

ေကာင္ေလးေတြအေၾကာင္းလည္း ပိုသိခ်င္တယ္။ အခ်ိဳ႔ကို ပထမအသင္း ေလ့က်င့္ေရးထံ ေခၚယူျပီး ဒီမွာ ဘာေတြလုပ္ေနလဲဆိုတာကို ျပခ်င္တယ္။ ဒါက တိုးတက္မႈအတြက္ အေထာက္အကူ ျဖစ္ေစပါတယ္။ ၾကီးၾကီးမားမား အကူအညီျဖစ္ေစမွာပါ။ စီနီယာနဲ႔ အကယ္ဒမီတို႔ဟာ အရမ္းကို နီးစပ္သြားမယ့္ ဆက္ဆံေရးလည္း ရွိလာပါမယ္။ ဒါက သိပ္ေကာင္းပါတယ္ ” လို႔ ဆိုခဲ့တာျဖစ္ပါတယ္။