အက်သလက်တီကိုအသင်းမှာ တောက်ပလာနေတဲ့ ဘယ်အစွန်လူ ရိုဒီက သူယူဆတဲ့ ကမ္ဘာအကောင်းဆုံး ဘယ်အစွန်လူ နှစ်ဦးကို ရွေးထုတ်မှု ပြုလုပ်သွားပါတယ်။

ဘရာဇီးကစားသမားရဲ့ လက်တလော ထိပ်တန်း ဘယ်အစွန်လူ နှစ်ဦးကတော့ တောင်အမေရိကသားတွေနဲ့ စပိန်သားတွေ မဟုတ်ဘဲ စကော်တလန်သား ရော်ဘတ်ဆန်နဲ့ ကနေဒါလူငယ်လေး အယ်ဖွန်ဆို ဒေးဗစ်တို့ပဲဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ၂ ရာသီမှာ ချန်ပီယံလိဂ်ဖလားတွေကို ကိုယ်စီ ကိုင်မြောက်ခဲ့ပြီး ဥရောပ ဘောလုံးဇာတ်ခုံပေါ် ခုန်တက်လာခဲ့ကြတဲ့ လူငယ် အစွန်လူ နှစ်ဦးက အစွန်သမားတွေရဲ့ စံနမူနာ ကစားတွေအဖြစ် ရိုဒီက မြင်ပါတယ်။

ဘရာဇီးအစွန်လူက “ လီဗာပူးရဲ့ ရော်ဘတ်ဆန်နဲ့ ဘိုင်ယန်မြူးနစ်ရဲ့ အယ်ဖွန်ဆို ဒေးဗစ်တို့က သိပ်ကောင်းတဲ့ ကစားသမားတွေပါ။ ဒေးဗစ်က ကျနော်ထက် ငယ်ပါတယ်၊ ရော်ဘတ်ဆန်ကလည်း ငယ်ရွယ်သေးတဲ့ ကစားသမားပါ။ သူတို့က အရမ်းကို အလားအလာကောင်းတွေ ပိုင်ဆိုင်ထားတဲ့ ကစားသမားကောင်းတွေပါ။ ” လို့ ဆိုခဲ့တာဖြစ်တယ်။

လိုဒီကပဲ သူအရမ်း အားကျရတဲ့ ဘယ်အစွန်လူတွေနဲ့ ပက်သက်လို့လည်း “ ရော်ဘတ်တို ကားလိုစ့်က သိပ်ကောင်းတဲ့ ကစားသမားပါ။ ဒါပေမယ့် ကျနော်က ငယ်ရွယ်သေးတဲ့ သူ့အကြောင်းကို အများကြီး မသိလိုက်ပါဘူး။

ဖီးလစ်ပီ လူးဝစ်နဲ့ အဲလက်စ် ဆန်ဒရိုတို့ကိုလည်း သဘောကျပါတယ်။ သူတို့နဲ့ ပက်သက်ပြီးလည်း အများကြီး ကြည့်ခဲ့ပါတယ်။ သူတို့ ခံစစ်ကစားပုံ၊ ပွဲဖတ်မှုတွေကောပါပဲ။ မာဆယ်လိုလည်း အတူတူပါပဲ ” လို့ ဆိုခဲ့တာဖြစ်ပါတယ်။

ZAWGYI

အက္သလက္တီကိုအသင္းမွာ ေတာက္ပလာေနတဲ့ ဘယ္အစြန္လူ ရိုဒီက သူယူဆတဲ့ ကမၻာအေကာင္းဆံုး ဘယ္အစြန္လူ ႏွစ္ဦးကို ေရြးထုတ္မႈ ျပဳလုပ္သြားပါတယ္။

ဘရာဇီးကစားသမားရဲ႕ လက္တေလာ ထိပ္တန္း ဘယ္အစြန္လူ ႏွစ္ဦးကေတာ့ ေတာင္အေမရိကသားေတြနဲ႔ စပိန္သားေတြ မဟုတ္ဘဲ စေကာ္တလန္သား ေရာ္ဘတ္ဆန္နဲ႔ ကေနဒါလူငယ္ေလး အယ္ဖြန္ဆို ေဒးဗစ္တို႔ပဲျဖစ္ပါတယ္။

ျပီးခဲ့တဲ့ ၂ ရာသီမွာ ခ်န္ပီယံလိဂ္ဖလားေတြကို ကိုယ္စီ ကိုင္ေျမာက္ခဲ့ျပီး ဥေရာပ ေဘာလံုးဇာတ္ခံုေပၚ ခုန္တက္လာခဲ့ၾကတဲ့ လူငယ္ အစြန္လူ ႏွစ္ဦးက အစြန္သမားေတြရဲ႕ စံနမူနာ ကစားေတြအျဖစ္ ရိုဒီက ျမင္ပါတယ္။

ဘရာဇီးအစြန္လူက “ လီဗာပူးရဲ႕ ေရာ္ဘတ္ဆန္နဲ႔ ဘိုင္ယန္ျမဴးနစ္ရဲ႕ အယ္ဖြန္ဆို ေဒးဗစ္တို႔က သိပ္ေကာင္းတဲ့ ကစားသမားေတြပါ။ ေဒးဗစ္က က်ေနာ္ထက္ ငယ္ပါတယ္၊ ေရာ္ဘတ္ဆန္ကလည္း ငယ္ရြယ္ေသးတဲ့ ကစားသမားပါ။ သူတို႔က အရမ္းကို အလားအလာေကာင္းေတြ ပိုင္ဆိုင္ထားတဲ့ ကစားသမားေကာင္းေတြပါ။ ” လို႔ ဆိုခဲ့တာျဖစ္တယ္။

လိုဒီကပဲ သူအရမ္း အားက်ရတဲ့ ဘယ္အစြန္လူေတြနဲ႔ ပက္သက္လို႔လည္း “ ေရာ္ဘတ္တို ကားလိုစ့္က သိပ္ေကာင္းတဲ့ ကစားသမားပါ။ ဒါေပမယ့္ က်ေနာ္က ငယ္ရြယ္ေသးတဲ့ သူ႔အေၾကာင္းကို အမ်ားၾကီး မသိလိုက္ပါဘူး။

ဖီးလစ္ပီ လူးဝစ္နဲ႔ အဲလက္စ္ ဆန္ဒရိုတို႔ကိုလည္း သေဘာက်ပါတယ္။ သူတို႔နဲ႔ ပက္သက္ျပီးလည္း အမ်ားၾကီး ၾကည့္ခဲ့ပါတယ္။ သူတို႔ ခံစစ္ကစားပံု၊ ပြဲဖတ္မႈေတြေကာပါပဲ။ မာဆယ္လိုလည္း အတူတူပါပဲ ” လို႔ ဆိုခဲ့တာျဖစ္ပါတယ္။