အက်သလက်တီကိုအသင်းမှာ တောက်ပလာနေတဲ့ ဘယ်အစွန်လူ ရိုဒီက သူယူဆတဲ့ ကမ္ဘာအကောင်းဆုံး ဘယ်အစွန်လူ နှစ်ဦးက စကော်တလန်သား ရော်ဘတ်ဆန်နဲ့ ကနေဒါလူငယ်လေး အယ်ဖွန်ဆို ဒေးဗစ်တို့ပဲဖြစ်ကြောင်း ထုတ်ပြောလိုက်ပါတယ်။

လီဗာပူးမန်နေဂျာ ယာဂင်ကလော့ပ်က အက်ဆာလေ့ကျင့်ရေးကို ပြောင်းလာပြီးနောက်မှာ သူအမြင်ချင်ဆုံးက လူငယ်အသင်းတွေ ဘယ်လိုလေ့ကျင့်သလဲ ဆိုတာပါပဲလို့ ထုတ်ပြောလိုက်ပါတယ်။

အီဂျစ်လက်ရွေးစင်အသင်းနဲ့ ပူးပေါင်းစဉ် ကိုဗစ်ပိုးတွေ့ခြင်းကြောင့် အီဂျစ်မှာပဲ ဆက်ရှိနေတဲ့ ဆာလက်ဟာ ဒီအပတ်မှာပဲ လီဗာပူးကို ပြန်လာခွင့်ရနိုင်တဲ့ အခြေအနေ ရှိနေပါတယ်။ သူရဲ့ စစ်ဆေးချက် အဆင်ပြေမယ်ဆိုရင် အတ္တလန်တာနဲ့ပွဲနေစပြီး ပါဝင်ပေးနိုင်မှာပါ။

ယာဂင်ကလော့ပ်ရဲ့ လက်ထောက်ဖြစ်သူ ပပ် လင်ဒါးဟာ သိပ်ကို ထူးချွန်တဲ့ လူငယ်နည်းပြတစ်ဦးဖြစ်ကြောင်း လီဗာပူးအကယ်ဒမီ ကစားသမားဟောင်းဖြစ်သူ ကော်နာ မာစတာဆန်က ထုတ်ပြောခဲ့ပါတယ်။

ဒီကနေ့ စတင်ဖွင့်လှစ်လိုက်တဲ့ အက်ဆာလေ့ကျင့်ရေးကွင်းမှာ နှစ်ပေါင်း ၅၀ ကြာ ပိတ်ထားမယ့် အချိန်သေတ္တာလေးတစ်လုံးကို ထားရှိမှာဖြစ်ပါတယ်။ အဆိုပါ သေတ္တာထဲမှာတော့ မန်နေဂျာကလော့ပ် အပါအဝင် လီဗာပူး ကစားသမားတွေရဲ့ အထူး ပစ္စည်းတွေကို ထားရှိမှာဖြစ်ပြီး သက္ကရာဇ် ၂၀၇၀ ခုနှစ်ရောက်မှာ ဖွင့်လှစ်သွားမှာပါ။

လီဗာပူးအသင်းဘက်က ရော်ဘတ်ဆန်ကော ဟန်ဒါဆန်ပါ ဒီအပတ်အကုန် လက်စတာနဲ့ပွဲမှာ ပါဝင်နိုင်မယ်လို့ မျှော်လင့်ထားပါတယ်။ နှစ်ဦးလုံးရဲ့ အခြေအနေတွေက စိုးရိမ်စရာ အနေအထားမှာလည်း မဟုတ်ပါဘူး။

ဒီအပတ်မှာ ဖာဘင်ညိုဟာ လီဗာပူးနဲ့အတူ လေ့ကျင့်ရေး ပြန်ဆင်းနိုင်မှာဖြစ်ပြီး မကြာခင်မှာပဲ သီယာဂိုကလည်း လေ့ကျင့်ရေး ပြန်ဆင်းနိုင်ဖို့ ကလပ်ဘက်က မျှော်လင့်နေပါတယ်။

မာဆေးဆိုဒ်ဒါဘီမှာ VAR ဒိုင်အဖြစ် တာဝန်ယူခဲ့တဲ့ ဒိုင်လူကြီး ကိုတီဟာ နိုင်ငံတကာ သီတင်းပတ်အပြီး လီဗာပူးနဲ့ လက်စတာပွဲကိုပါ VAR ဒိုင်အဖြစ် တာဝန်ယူသွားမှာ ဖြစ်ပါတယ်။

၂၀၁၉ ခုနှစ်က ချန်ပီယံလိဂ် ဆီမီးဖိုင်နယ်မှာ ပထမအကျော့အဖြစ် ဘာစီလိုနာက လီဗာပူးကို ၃-၀ နဲ့ ဂိုးပြတ် အနိုင်ရခဲ့တဲ့ ပွဲအတွင်း မက်ဆီကို လီဗာပူးအသင်းအား လေးစားမှုထားဖို့ ကွင်းလယ်ဒိုင်က တိုက်တွန်းခဲ့ရတဲ့ ဗီဒီယို ထွက်ပေါ်နေပါတယ်။

ZAWGYI

အက္သလက္တီကိုအသင္းမွာ ေတာက္ပလာေနတဲ့ ဘယ္အစြန္လူ ရိုဒီက သူယူဆတဲ့ ကမၻာအေကာင္းဆံုး ဘယ္အစြန္လူ ႏွစ္ဦးက စေကာ္တလန္သား ေရာ္ဘတ္ဆန္နဲ႔ ကေနဒါလူငယ္ေလး အယ္ဖြန္ဆို ေဒးဗစ္တို႔ပဲျဖစ္ေၾကာင္း ထုတ္ေျပာလိုက္ပါတယ္။

လီဗာပူးမန္ေနဂ်ာ ယာဂင္ကေလာ့ပ္က အက္ဆာေလ့က်င့္ေရးကို ေျပာင္းလာျပီးေနာက္မွာ သူအျမင္ခ်င္ဆံုးက လူငယ္အသင္းေတြ ဘယ္လိုေလ့က်င့္သလဲ ဆိုတာပါပဲလို႔ ထုတ္ေျပာလိုက္ပါတယ္။

အီဂ်စ္လက္ေရြးစင္အသင္းနဲ႔ ပူးေပါင္းစဥ္ ကိုဗစ္ပိုးေတြ႔ျခင္းေၾကာင့္ အီဂ်စ္မွာပဲ ဆက္ရွိေနတဲ့ ဆာလက္ဟာ ဒီအပတ္မွာပဲ လီဗာပူးကို ျပန္လာခြင့္ရႏုိင္တဲ့ အေျခအေန ရွိေနပါတယ္။ သူရဲ႕ စစ္ေဆးခ်က္ အဆင္ေျပမယ္ဆိုရင္ အတၱလန္တာနဲ႔ပြဲေနစျပီး ပါဝင္ေပးႏုိင္မွာပါ။

ယာဂင္ကေလာ့ပ္ရဲ႕ လက္ေထာက္ျဖစ္သူ ပပ္ လင္ဒါးဟာ သိပ္ကို ထူးခၽြန္တဲ့ လူငယ္နည္းျပတစ္ဦးျဖစ္ေၾကာင္း လီဗာပူးအကယ္ဒမီ ကစားသမားေဟာင္းျဖစ္သူ ေကာ္နာ မာစတာဆန္က ထုတ္ေျပာခဲ့ပါတယ္။

ဒီကေန႔ စတင္ဖြင့္လွစ္လိုက္တဲ့ အက္ဆာေလ့က်င့္ေရးကြင္းမွာ ႏွစ္ေပါင္း ၅၀ ၾကာ ပိတ္ထားမယ့္ အခ်ိန္ေသတၱာေလးတစ္လံုးကို ထားရွိမွာျဖစ္ပါတယ္။ အဆိုပါ ေသတၱာထဲမွာေတာ့ မန္ေနဂ်ာကေလာ့ပ္ အပါအဝင္ လီဗာပူး ကစားသမားေတြရဲ႕ အထူး ပစၥည္းေတြကို ထားရွိမွာျဖစ္ျပီး သကၠရာဇ္ ၂၀၇၀ ခုႏွစ္ေရာက္မွာ ဖြင့္လွစ္သြားမွာပါ။

လီဗာပူးအသင္းဘက္က ေရာ္ဘတ္ဆန္ေကာ ဟန္ဒါဆန္ပါ ဒီအပတ္အကုန္ လက္စတာနဲ႔ပြဲမွာ ပါဝင္ႏုိင္မယ္လို႔ ေမွ်ာ္လင့္ထားပါတယ္။ ႏွစ္ဦးလံုးရဲ႕ အေျခအေနေတြက စိုးရိမ္စရာ အေနအထားမွာလည္း မဟုတ္ပါဘူး။

ဒီအပတ္မွာ ဖာဘင္ညိဳဟာ လီဗာပူးနဲ႔အတူ ေလ့က်င့္ေရး ျပန္ဆင္းႏုိင္မွာျဖစ္ျပီး မၾကာခင္မွာပဲ သီယာဂိုကလည္း ေလ့က်င့္ေရး ျပန္ဆင္းႏုိင္ဖို႔ ကလပ္ဘက္က ေမွ်ာ္လင့္ေနပါတယ္။

မာေဆးဆိုဒ္ဒါဘီမွာ VAR ဒိုင္အျဖစ္ တာဝန္ယူခဲ့တဲ့ ဒိုင္လူၾကီး ကိုတီဟာ ႏုိင္ငံတကာ သီတင္းပတ္အျပီး လီဗာပူးနဲ႔ လက္စတာပြဲကိုပါ VAR ဒိုင္အျဖစ္ တာဝန္ယူသြားမွာ ျဖစ္ပါတယ္။

၂၀၁၉ ခုႏွစ္က ခ်န္ပီယံလိဂ္ ဆီမီးဖိုင္နယ္မွာ ပထမအေက်ာ့အျဖစ္ ဘာစီလိုနာက လီဗာပူးကို ၃-၀ နဲ႔ ဂိုးျပတ္ အႏုိင္ရခ့ဲတဲ့ ပြဲအတြင္း မက္ဆီကို လီဗာပူးအသင္းအား ေလးစားမႈထားဖို႔ ကြင္းလယ္ဒိုင္က တိုက္တြန္းခဲ့ရတဲ့ ဗီဒီယို ထြက္ေပၚေနပါတယ္။