အင်္ဂါနေ့မှာတော့ မန်နေဂျာကလော့ပ်ဟာ ပပ်လင်ဒါးနဲ့အတူ အက်ဆာမှာ လက်ကျန် စီနီယာအသင်းသားတွေနဲ့ လူငယ်တွေကို ပေါင်းစပ်ပြီး စတင်ကာ လေ့ကျင့်ရေး ဝင်ခဲ့ပါတယ်။

ဝါရင့် ကစားသမားကြီး ဂျိမ်းမီလ်နာ ဦးဆောင်ကာ ခံစစ်သမားတွေဖြစ်တဲ့ မာတစ်၊ နက်ဖီးလစ်တို့လည်း ပါဝင်ခဲ့ကြတယ်။ လက်ရွေးစင်တာဝန်တွေ မရှိတဲ့ စီနီယာအသင်းသားတွေဖြစ်တဲ့ အတ်ဒရီယန်နဲ့ အိုရီဂီတို့လည်း ပါဝင်ခဲ့ပါတယ်။ လေ့ကျင့်ရေးမှာတော့ လူငယ်လေး ကိုမတ်တီယို၊ ကလာဆန်အပြင် မျက်နှာသစ်တွေလည်း ပါဝင်ခဲ့သေးတာပါ။

နွေတုန်းက အသစ်ခေါ်ယူထားတဲ့ ဘရာဇီးဂိုးသမားလေးကလည်း အင်အားဖြည့် ပါဝင်ခဲ့တယ်။ ထူးထူးခြားခြားဆိုရင်တော့ မြက်ခင်းပြင်က လေ့ကျင့်ရေးမှာ ချိန်ဘာလိန် လေ့ကျင့်နေပုံကို မမြင်သော်လည်း သူကလည်း တစိတ်တပိုင်း ပါဝင်သွားတဲ့ ပုံရိပ် ထွက်ပေါ်လာပါတယ်။

ရာသီကြိုမှာ ဒဏ်ရာရသွားတာကြောင့် အနားယူနေရတဲ့ ချိန်ဘာလိန်ဟာ လီဗာပူးရဲ့ အက်ဆာ လေ့ကျင့်ရေးမှာတော့ စတင်ပူးပေါင်းနေပါပြီ။ အခြေအနေ အတော်ကောင်းနေဟန်ရှိပြီး ယာဂင်က ပရိသတ်တွေက စပရိုက်တိုက်တဲ့ အနေနဲ့ ထုတ်ပြလာမလားက စိတ်ဝင်စားစရာပါပဲ။

ဆာလက် အသင်းထံ ပြန်လာလို့ မရသေးပေမယ့် ဆီနီဂေါအသင်းနဲ့ ပူးပေါင်းထားတဲ့ မာနေးကတော့ အက်ဆာကို ပြန်ရောက်လာပါပြီ။ သူက အသင်းဖော်တွေကို နုတ်ဆက်မှုတောင် လုပ်ထားခဲ့လို့ ဗုဒ္ဓဟူးနေ့ လေ့ကျင့်ရေး (သို့) ကြာသပတေးနေ့ လေ့ကျင့်ရေးမှာ ပါဝင်သွားဖွယ်ရှိတယ်။

အစောဆုံး လေ့ကျင့်ရေးအတွင်း သီယာဂိုနဲ့ ဖာဘင်ညိုတို့ကိုတော့ မမြင်ခဲ့ရပါဘူး။ အင်္ဂလန်ယူ-၂၁ ခံစစ်သမား ရိုင်းစ်ကလည်း အသေးစား ဒဏ်ရာအကြောင်းပြချက်ဖြင့် လက်ရွေးစင်အသင်းကနေ နုတ်ထွက်ပြီး အက်ဆာကို ပြန်လာပြီလို့ သိရပါတယ်။

ZAWGYI

အဂၤါေန႔မွာေတာ့ မန္ေနဂ်ာကေလာ့ပ္ဟာ ပပ္လင္ဒါးနဲ႔အတူ အက္ဆာမွာ လက္က်န္ စီနီယာအသင္းသားေတြနဲ႔ လူငယ္ေတြကို ေပါင္းစပ္ျပီး စတင္ကာ ေလ့က်င့္ေရး ဝင္ခဲ့ပါတယ္။

ဝါရင့္ ကစားသမားၾကီး ဂ်ိမ္းမီလ္နာ ဦးေဆာင္ကာ ခံစစ္သမားေတြျဖစ္တဲ့ မာတစ္၊ နက္ဖီးလစ္တို႔လည္း ပါဝင္ခဲ့ၾကတယ္။ လက္ေရြးစင္တာဝန္ေတြ မရွိတဲ့ စီနီယာအသင္းသားေတြျဖစ္တဲ့ အတ္ဒရီယန္နဲ႔ အိုရီဂီတို႔လည္း ပါဝင္ခဲ့ပါတယ္။ ေလ့က်င့္ေရးမွာေတာ့ လူငယ္ေလး ကိုမတ္တီယို၊ ကလာဆန္အျပင္ မ်က္ႏွာသစ္ေတြလည္း ပါဝင္ခဲ့ေသးတာပါ။

ေႏြတုန္းက အသစ္ေခၚယူထားတဲ့ ဘရာဇီးဂိုးသမားေလးကလည္း အင္အားျဖည့္ ပါဝင္ခဲ့တယ္။ ထူးထူးျခားျခားဆိုရင္ေတာ့ ျမက္ခင္းျပင္က ေလ့က်င့္ေရးမွာ ခ်ိန္ဘာလိန္ ေလ့က်င့္ေနပံုကို မျမင္ေသာ္လည္း သူကလည္း တစိတ္တပိုင္း ပါဝင္သြားတဲ့ ပံုရိပ္ ထြက္ေပၚလာပါတယ္။

ရာသီၾကိဳမွာ ဒဏ္ရာရသြားတာေၾကာင့္ အနားယူေနရတဲ့ ခ်ိန္ဘာလိန္ဟာ လီဗာပူးရဲ႕ အက္ဆာ ေလ့က်င့္ေရးမွာေတာ့ စတင္ပူးေပါင္းေနပါျပီ။ အေျခအေန အေတာ္ေကာင္းေနဟန္ရွိျပီး ယာဂင္က ပရိသတ္ေတြက စပရိုက္တိုက္တဲ့ အေနနဲ႔ ထုတ္ျပလာမလားက စိတ္ဝင္စားစရာပါပဲ။

ဆာလက္ အသင္းထံ ျပန္လာလို႔ မရေသးေပမယ့္ ဆီနီေဂါအသင္းနဲ႔ ပူးေပါင္းထားတဲ့ မာေနးကေတာ့ အက္ဆာကို ျပန္ေရာက္လာပါျပီ။ သူက အသင္းေဖာ္ေတြကို ႏုတ္ဆက္မႈေတာင္ လုပ္ထားခဲ့လို႔ ဗုဒၶဟူးေန႔ ေလ့က်င့္ေရး (သို႔) ၾကာသပေတးေန႔ ေလ့က်င့္ေရးမွာ ပါဝင္သြားဖြယ္ရွိတယ္။

အေစာဆံုး ေလ့က်င့္ေရးအတြင္း သီယာဂိုနဲ႔ ဖာဘင္ညိဳတို႔ကိုေတာ့ မျမင္ခဲ့ရပါဘူး။ အဂၤလန္ယူ-၂၁ ခံစစ္သမား ရိုင္းစ္ကလည္း အေသးစား ဒဏ္ရာအေၾကာင္းျပခ်က္ျဖင့္ လက္ေရြးစင္အသင္းကေန ႏုတ္ထြက္ျပီး အက္ဆာကို ျပန္လာျပီလို႔ သိရပါတယ္။