လီဗာပူးအသင်းဟာ လာလီဂါကလပ် ဘာစီလိုနာနဲ့ စီးရီအေကလပ် အင်တာမီလန်တို့က ချိတ်ဆက်နေတဲ့ ဝိုက်နယ်ဒမ်ကို လုပ်ခတိုးပေးပြီး အသင်းမှာ ဆက်ထိန်းထားဖို့ ကြိုးစားလာတယ်လို့ သတင်းတွေ ထွက်ပေါ်လာပါတယ်။

လီဗာပူးသတင်းထောက်တွေရဲ့ ထုတ်ပြန်ချက်တွေလို ခိုင်လုံတဲ့ အဆင့်မှာ မရှိသေးပေမယ့် လက်တလော ထွက်ပေါ်နေတဲ့ သတင်းတွေအရ လီဗာပူးဘက်က ဝိုက်နယ်ဒမ်ကို လုပ်ခ ၄၀% တိုးပေးမှာဖြစ်တယ်။ စာချုပ်ပါသက်တမ်း ဘယ်လောက်ဖြစ်မယ်တော့ မသိရသေးပါဘူး။ ကစားသမားဘက်ကတော့ ၄ နှစ်စာချုပ်လောက်ထိ မျှော်လင့်နေမှာဖြစ်တယ်။

ဝိုက်နယ်ဒမ်ဟာ လီဗာပူးမှာ တစ်ပတ်လုပ်ခ ပေါင် ၇၅၀၀၀ ရနေသူဖြစ်ပြီး စာချုပ်သစ်အရ ပေါင် ၁၁၅၀၀၀ ရမယ်လို့ သိရတယ်။ အသက် ၃၀ ပြည့်တော့ ဝိုက်နယ်ဒမ်က သူ့ရဲ့ ကစားသမားဘဝ နောက်ဆုံး စာချုပ်ဖြစ်လာနိုင်တဲ့ ကိစ္စအတွက် အတော်လေး စဉ်းစားနေတဲ့ သဘောလည်း ဖြစ်ပါတယ်။

ဇန်နဝါရီမှာ အင်္ဂလန်ပြင်ပကလပ်တွေနဲ့ အကြိုသဘောတူညီမှု ရယူခွင့်ရှိသွားမယ့် ဝိုက်နယ်ဒမ်ကတော့ လီဗာပူးမှာ ဆက်နေလိုစိတ် ပြသထားတယ်။ စာချုပ်သစ်ကိစ္စအတွက် မနှစ်က နှစ်ဘက် တာဝန်ရှိသူတွေ ဆွေးနွေးပေမယ့် မအောင်မြင်ခဲ့ပါဘူး။

ဝိုက်နယ်ဒမ်ကတော့ စာချုပ်ကိစ္စကို လီဗာပူးအသင်းထံပဲ မေးဖို့ ပွင့်ပွင့်လင်းလင်း ထုတ်ပြောထားပြီး ကလပ်ဘက်က ကမ်းလှမ်းမှုကိုပဲ စောင့်နေတဲ့ အနေအထားဖြစ်တယ်။ နယ်သာလန်သားဟာ ယာဂင်ကလော့ပ် အားကိုးရတဲ့ ကွင်းလယ်လူဖြစ်သလို မန်နေဂျာရဲ့ သဘောအရ ကလပ်ဘက်က စာချုပ်သစ် ကြိုးစားပေးဦးမယ့် အခြေအနေလို့ ယူဆရတယ်။

ဝိုက်နယ်ဒမ်ဟာ ကြံ့ခိုင်မှု ကောင်းမွန်သူဖြစ်ပြီး လီဗာပူး ကစားသမားဘဝမှာ ဒဏ်ရာ ပြဿနာလည်း ကြီးကြီးမားမား မရှိထားသူ ဖြစ်ပါတယ်။

ZAWGYI

လီဗာပူးအသင္းဟာ လာလီဂါကလပ္ ဘာစီလိုနာနဲ႔ စီးရီေအကလပ္ အင္တာမီလန္တို႔က ခ်ိတ္ဆက္ေနတဲ့ ဝိုက္နယ္ဒမ္ကို လုပ္ခတိုးေပးျပီး အသင္းမွာ ဆက္ထိန္းထားဖို႔ ၾကိဳးစားလာတယ္လို႔ သတင္းေတြ ထြက္ေပၚလာပါတယ္။

လီဗာပူးသတင္းေထာက္ေတြရဲ႕ ထုတ္ျပန္ခ်က္ေတြလို ခိုင္လံုတဲ့ အဆင့္မွာ မရွိေသးေပမယ့္ လက္တေလာ ထြက္ေပၚေနတဲ့ သတင္းေတြအရ လီဗာပူးဘက္က ဝိုက္နယ္ဒမ္ကို လုပ္ခ ၄၀% တိုးေပးမွာျဖစ္တယ္။ စာခ်ဳပ္ပါသက္တမ္း ဘယ္ေလာက္ျဖစ္မယ္ေတာ့ မသိရေသးပါဘူး။ ကစားသမားဘက္ကေတာ့ ၄ ႏွစ္စာခ်ဳပ္ေလာက္ထိ ေမွ်ာ္လင့္ေနမွာျဖစ္တယ္။

ဝိုက္နယ္ဒမ္ဟာ လီဗာပူးမွာ တစ္ပတ္လုပ္ခ ေပါင္ ၇၅၀၀၀ ရေနသူျဖစ္ျပီး စာခ်ဳပ္သစ္အရ ေပါင္ ၁၁၅၀၀၀ ရမယ္လို႔ သိရတယ္။ အသက္ ၃၀ ျပည့္ေတာ့ ဝိုက္နယ္ဒမ္က သူ႔ရဲ႕ ကစားသမားဘဝ ေနာက္ဆံုး စာခ်ဳပ္ျဖစ္လာႏုိင္တဲ့ ကိစၥအတြက္ အေတာ္ေလး စဥ္းစားေနတဲ့ သေဘာလည္း ျဖစ္ပါတယ္။

ဇန္နဝါရီမွာ အဂၤလန္ျပင္ပကလပ္ေတြနဲ႔ အၾကိဳသေဘာတူညီမႈ ရယူခြင့္ရွိသြားမယ့္ ဝိုက္နယ္ဒမ္ကေတာ့ လီဗာပူးမွာ ဆက္ေနလိုစိတ္ ျပသထားတယ္။ စာခ်ဳပ္သစ္ကိစၥအတြက္ မႏွစ္က ႏွစ္ဘက္ တာဝန္ရွိသူေတြ ေဆြးေႏြးေပမယ့္ မေအာင္ျမင္ခဲ့ပါဘူး။

ဝိုက္နယ္ဒမ္ကေတာ့ စာခ်ဳပ္ကိစၥကို လီဗာပူးအသင္းထံပဲ ေမးဖို႔ ပြင့္ပြင့္လင္းလင္း ထုတ္ေျပာထားျပီး ကလပ္ဘက္က ကမ္းလွမ္းမႈကိုပဲ ေစာင့္ေနတဲ့ အေနအထားျဖစ္တယ္။ နယ္သာလန္သားဟာ ယာဂင္ကေလာ့ပ္ အားကိုးရတဲ့ ကြင္းလယ္လူျဖစ္သလို မန္ေနဂ်ာရဲ႕ သေဘာအရ ကလပ္ဘက္က စာခ်ဳပ္သစ္ ၾကိဳးစားေပးဦးမယ့္ အေျခအေနလို႔ ယူဆရတယ္။

ဝိုက္နယ္ဒမ္ဟာ ၾကံ႕ခိုင္မႈ ေကာင္းမြန္သူျဖစ္ျပီး လီဗာပူး ကစားသမားဘဝမွာ ဒဏ္ရာ ျပႆနာလည္း ၾကီးၾကီးမားမား မရွိထားသူ ျဖစ္ပါတယ္။