လီဗာပူးအသင်းဟာ ဒီဘက်နှစ်တွေမှာ အောင်မြင်လာမှုနဲ့အတူ ဥရောပနဲ့ ကမ္ဘာ ထိပ်တန်း အဆင့်သက်မှတ်ချက်တွေမှာ ထိပ်ဆုံး နေရာတွေကို ပြန်လည် တက်လှမ်းလာနေခဲ့ပါတယ်။

ဒီနှစ်အတွက် ကမ္ဘာအဖိုးအတန်ဆုံး ကလပ်များစာရင်းကို Transfermarkt က ထုတ်ပြန်ရာမှာလည်း ဥရောပပြိုင်ဘက်တွေဖြစ်တဲ့ ဘိုင်ယန်မြူးနစ်၊ ဘာစီလိုနာ၊ ရီးရဲလ်မက်ဒရစ်နဲ့ ပြည်တွင်းပြိုင်ဘက် မန်စီးတီးတို့ကို ကျော်ဖြတ်ပြီး ထိပ်ဆုံးမှာ ရှိနေခဲ့ပါတယ်။ ကိုဗစ်ကပ်ဘေးကြောင့် ကလပ်တွေရဲ့ တန်ကြေးတွေ အနည်းငယ် ကျဆင်းပေမယ့် လီဗာပူးကတော့ ထိပ်ဆုံးက ရှိနေဆဲပါ။

အန်ဖီးကွင်းကြီးကို အဆင့်မြင့် တိုးချဲ့ပြီး နောက်ပိုင်းမှာ လေ့ကျင့်ရေးကွင်းသစ်ကိုလည်း တည်ဆောက် ပြောင်းရွှေ့နိုင်ခဲ့ပါပြီ။ လီဗာပူးအသင်းဟာ ကောင်းမွန်တဲ့ စီးပွားရေးစာချုပ်တွေ၊ စပွန်စာ စာချုပ်တွေနဲ့အတူ ပရီးမီးယားလိဂ်ရဲ့ powerhouse အသင်းအဖြစ် ပြန်လည် အခြေခိုင်လာခဲ့ပြီဖြစ်ပါတယ်။

Transfermarkt က လူစာရင်းတွေရဲ့ တန်ကြေးကိုပဲ အဓိက တွက်ချက်ခြင်းဖြစ်ပြီး အထက်က ပြောသလို စီးပွားရေးကိစ္စတွေတော့ မပါခဲ့ပါဘူး။ လီဗာပူးရဲ့ တန်ကြေးက ဂလိုဘယ်အဆင့်မှာ အမြင့်ဆုံးအဖြစ် ၉၇၃.၃၅ သန်း ဖြစ်ပါတယ်။ ဒါဟာ ဒုတိယနေရာက မန်စီးတီးကို ပေါင် ၁ သန်းကျော် အသာနဲ့ ကျော်ဖြတ်ထားနိုင်ခြင်းဖြစ်တယ်။

လီဗာပူးရဲ့ တန်ကြေးအကြီးဆုံး ကစားသမားတွေက ဆာဒီယို မာနေးနဲ့ ဆာလက်တို့ဖြစ်ပြီး ပေါင် ၁၀၈ သန်း တန်ကြေးရှိပါတယ်။ အမ်ဘတ်ပီရဲ့ ပေါင် ၁၆၂ သန်း၊ နေမာရဲ့ ပေါင် ၁၁၅.၂ သန်းတို့ပြီးရင် ဈေးအကြီးဆုံး ကစားသမား သုံးဦးထဲက ၂ ဦးဟာ လီဗာပူးအသင်းက ဖြစ်ပါတယ်။

ခံစစ်သမားတွေထဲမှာတော့ ဈေးအကြီးဆုံး ကစားသမားက ထရန့်ဖြစ်ပြီး ပေါင် ၉၉ သန်း တန်ကြေးရှိတာဖြစ်တယ်။ အယ်လီဆန်နဲ့ ဗန်ဒိုက်တို့ရဲ့ တန်ကြေးကတော့ ပေါင် ၇၂ သန်း အသီးသီးရှိမှာဖြစ်တယ်။ နွေမှာ ခေါ်ယူထားတဲ့ သီယာဂိုက ပေါင် ၄၃ သန်း တန်ကြေးရှိနေသလို ဂျိုတာက ပေါင် ၃၆ သန်း တန်ကြေးရှိနေတယ်။

လီဗာပူးအသင်းမှာ စတင်ကာ နေရာရလာတဲ့ ကားတစ်ဂျုံးရဲ့ တန်ကြေးက ပေါင် ၄.၅ သန်းဖြစ်ပြီး နီကိုး ဝီလီယမ်ရဲ့ တန်ကြေးက ပေါင် ၃.၅ သန်း ဖြစ်ပါတယ်။

ZAWGYI

လီဗာပူးအသင္းဟာ ဒီဘက္ႏွစ္ေတြမွာ ေအာင္ျမင္လာမႈနဲ႔အတူ ဥေရာပနဲ႔ ကမၻာ ထိပ္တန္း အဆင့္သက္မွတ္ခ်က္ေတြမွာ ထိပ္ဆံုး ေနရာေတြကို ျပန္လည္ တက္လွမ္းလာေနခဲ့ပါတယ္။

ဒီႏွစ္အတြက္ ကမၻာအဖိုးအတန္ဆံုး ကလပ္မ်ားစာရင္းကို Transfermarkt က ထုတ္ျပန္ရာမွာလည္း ဥေရာပျပိဳင္ဘက္ေတြျဖစ္တဲ့ ဘိုင္ယန္ျမဴးနစ္၊ ဘာစီလိုနာ၊ ရီးရဲလ္မက္ဒရစ္နဲ႔ ျပည္တြင္းျပိဳင္ဘက္ မန္စီးတီးတို႔ကို ေက်ာ္ျဖတ္ျပီး ထိပ္ဆံုးမွာ ရွိေနခဲ့ပါတယ္။ ကိုဗစ္ကပ္ေဘးေၾကာင့္ ကလပ္ေတြရဲ႕ တန္ေၾကးေတြ အနည္းငယ္ က်ဆင္းေပမယ့္ လီဗာပူးကေတာ့ ထိပ္ဆံုးက ရွိေနဆဲပါ။

အန္ဖီးကြင္းၾကီးကို အဆင့္ျမင့္ တိုးခ်ဲ႔ျပီး ေနာက္ပိုင္းမွာ ေလ့က်င့္ေရးကြင္းသစ္ကိုလည္း တည္ေဆာက္ ေျပာင္းေရႊ႔ႏုိင္ခဲ့ပါျပီ။ လီဗာပူးအသင္းဟာ ေကာင္းမြန္တဲ့ စီးပြားေရးစာခ်ဳပ္ေတြ၊ စပြန္စာ စာခ်ဳပ္ေတြနဲ႔အတူ ပရီးမီးယားလိဂ္ရဲ႕ powerhouse အသင္းအျဖစ္ ျပန္လည္ အေျခခိုင္လာခဲ့ျပီျဖစ္ပါတယ္။

Transfermarkt က လူစာရင္းေတြရဲ႕ တန္ေၾကးကိုပဲ အဓိက တြက္ခ်က္ျခင္းျဖစ္ျပီး အထက္က ေျပာသလို စီးပြားေရးကိစၥေတြေတာ့ မပါခဲ့ပါဘူး။ လီဗာပူးရဲ႕ တန္ေၾကးက ဂလိုဘယ္အဆင့္မွာ အျမင့္ဆံုးအျဖစ္ ၉၇၃.၃၅ သန္း ျဖစ္ပါတယ္။ ဒါဟာ ဒုတိယေနရာက မန္စီးတီးကို ေပါင္ ၁ သန္းေက်ာ္ အသာနဲ႔ ေက်ာ္ျဖတ္ထားႏုိင္ျခင္းျဖစ္တယ္။

လီဗာပူးရဲ႕ တန္ေၾကးအၾကီးဆံုး ကစားသမားေတြက ဆာဒီယို မာေနးနဲ႔ ဆာလက္တို႔ျဖစ္ျပီး ေပါင္ ၁၀၈ သန္း တန္ေၾကးရွိပါတယ္။ အမ္ဘတ္ပီရဲ႕ ေပါင္ ၁၆၂ သန္း၊ ေနမာရဲ႕ ေပါင္ ၁၁၅.၂ သန္းတို႔ျပီးရင္ ေစ်းအၾကီးဆံုး ကစားသမား သံုးဦးထဲက ၂ ဦးဟာ လီဗာပူးအသင္းက ျဖစ္ပါတယ္။

ခံစစ္သမားေတြထဲမွာေတာ့ ေစ်းအၾကီးဆံုး ကစားသမားက ထရန္႔ျဖစ္ျပီး ေပါင္ ၉၉ သန္း တန္ေၾကးရွိတာျဖစ္တယ္။ အယ္လီဆန္နဲ႔ ဗန္ဒိုက္တို႔ရဲ႕ တန္ေၾကးကေတာ့ ေပါင္ ၇၂ သန္း အသီးသီးရွိမွာျဖစ္တယ္။ ေႏြမွာ ေခၚယူထားတဲ့ သီယာဂိုက ေပါင္ ၄၃ သန္း တန္ေၾကးရွိေနသလို ဂ်ိဳတာက ေပါင္ ၃၆ သန္း တန္ေၾကးရွိေနတယ္။

လီဗာပူးအသင္းမွာ စတင္ကာ ေနရာရလာတဲ့ ကားတစ္ဂ်ံဳးရဲ႕ တန္ေၾကးက ေပါင္ ၄.၅ သန္းျဖစ္ျပီး နီကိုး ဝီလီယမ္ရဲ႕ တန္ေၾကးက ေပါင္ ၃.၅ သန္း ျဖစ္ပါတယ္။