ပရီးမီးယားလိဂ်ဟာ လာမယ့်အပတ် အကုန်မှာတော့ အလုပ်ပါမစ်ဆိုင်ရာ စည်းမျဉ်း စည်းကမ်းတွေကို ပြောင်းလဲ ပြင်ဆင်ခြင်းအတွက် ဘောလုံးအဖွဲ့ချုပ်နဲ့ လိဂ်တွေကြားမှာ သဘောတူညီမှုကို အတည်ပြုတော့မှာပါ။

ဗြိတိန်နဲ့ ဥရောပနိုင်ငံတွေကြား အပြောင်းအလဲဆိုင်ရာ သဘောတူညီထားမှုတွေက ရပ်တန့်တော့မှာဖြစ်ကာ ပရီးမီးယားလိဂ်မှာတော့ နိုင်ငံခြားသား ကစားသမားတွေ ပါဝင်မှု အကန့်အသတ် ရှိလာပါလိမ့်မယ်။ အက်ဖ်အေကတော့ Brexit ကိစ္စဟာ ပရီးမီးယားလိဂ်မှာ home-grown ကစားသမားတွေ ပိုမို များပြားလာဖို့ အခွင့်အရေးလို့လည်း ယုံကြည်နေတယ်။

လက်ရှိမှာ ပရီးမီးယားလိဂ်ဟာ စီနီယာလူစာရင်း ၂၅ ဦးကို မှတ်ပုံတင်ခွင့်ပြုရာမှာ non-homegrown ကစားသမား ၁၇ ဦး ခွင့်ပြုထားပါတယ်။ ဒါပေမယ့်လို့ စည်းမျဉ်းသစ်မှာတော့ အဆိုပါ non-homegrown ကစားသမားတွေကို တင်းကြပ်မှာဖြစ်ကာ အင်္ဂလန်လိဂ်မှာ အင်္ဂလန်သားတွေ ပိုမိုနေရာရအောင် လုပ်ဆောင်သွားမယ့် အနေအထားဖြစ်တယ်။

ကလပ်တွေရဲ့ ဒုတိယလူစာရင်းလို့ ဆိုကြတဲ့ ယူ-၂၁ လူစာရင်းမှာ ပင်လယ်ရပ်ခြား ကစားသမား ထည့်သွင်းခွင့်ကို အကန့်အသတ်တွေ တိုးမြင့်မှာဖြစ်ပြီး အင်္ဂလန်သား လူငယ်ကစားသမားတွေကို နေရာပိုရစေဖို့ လုပ်ဆောင်ပါတော့မယ်။ လက်တလောမှာ အကောင်အထည် ဖော်နိုင်ဦးမှာ မဟုတ်ပေမယ့် အက်ဖ်အေကတော့ ကလပ်တွေရဲ့ home-grown စာရင်းကို ၈ ဦးကနေ ၁၂ ဦးထိပါ မြင့်တင်လိုနေပါတယ်။

ဗြိတိန်ရဲ့ အလုပ်ပါမစ် စည်းမျဉ်းမှာ ဥရောပသား မဟုတ်တဲ့ ကစားသမားတွေဟာ (အထူးသဖြင့် တောင်အမေရိက၊ အာဖရိကနဲ့ အာရှ) ပရီးမီးယားလိဂ်ကလပ်တွေနဲ့ ပူးပေါင်းခွင့်မှာ တားမြစ်ချက်တွေ ရှိပါတယ်။ ပါမစ်အသစ်က အရင်ကထက်ကို ပိုကြပ်မယ်လို့ သိရတယ်။

အတည်ပြုမှုတွေ မထွက်လာခင်မှာ ကိစ္စတွေကို ရေရေရာရာ သိရဦးမှာ မဟုတ်ပါဘူး။ သို့ပေမယ့် ပရီးမီးယားလိဂ်ကတော့ ဒီနောက်ပိုင်းမှာ အင်္ဂလန်ကစားသမားတွေ ပိုမို နေရာရလာခြင်းကို သဘောကျနေပြီး ဆက်ပြီးလည်း တိုးပွှားလာဖို့ လုပ်ဆောင်မှာ ဖြစ်ပါတယ်။

ZAWGYI

ပရီးမီးယားလိဂ္ဟာ လာမယ့္အပတ္ အကုန္မွာေတာ့ အလုပ္ပါမစ္ဆိုင္ရာ စည္းမ်ဥ္း စည္းကမ္းေတြကို ေျပာင္းလဲ ျပင္ဆင္ျခင္းအတြက္ ေဘာလံုးအဖြဲ႔ခ်ဳပ္နဲ႔ လိဂ္ေတြၾကားမွာ သေဘာတူညီမႈကို အတည္ျပဳေတာ့မွာပါ။

ျဗိတိန္နဲ႔ ဥေရာပႏုိင္ငံေတြၾကား အေျပာင္းအလဲဆိုင္ရာ သေဘာတူညီထားမႈေတြက ရပ္တန္႔ေတာ့မွာျဖစ္ကာ ပရီးမီးယားလိဂ္မွာေတာ့ ႏုိင္ငံျခားသား ကစားသမားေတြ ပါဝင္မႈ အကန္႔အသတ္ ရွိလာပါလိမ့္မယ္။ အက္ဖ္ေအကေတာ့ Brexit ကိစၥဟာ ပရီးမီးယားလိဂ္မွာ home-grown ကစားသမားေတြ ပိုမို မ်ားျပားလာဖို႔ အခြင့္အေရးလို႔လည္း ယံုၾကည္ေနတယ္။

လက္ရွိမွာ ပရီးမီးယားလိဂ္ဟာ စီနီယာလူစာရင္း ၂၅ ဦးကို မွတ္ပံုတင္ခြင့္ျပဳရာမွာ non-homegrown ကစားသမား ၁၇ ဦး ခြင့္ျပဳထားပါတယ္။ ဒါေပမယ့္လို႔ စည္းမ်ဥ္းသစ္မွာေတာ့ အဆိုပါ non-homegrown ကစားသမားေတြကို တင္းၾကပ္မွာျဖစ္ကာ အဂၤလန္လိဂ္မွာ အဂၤလန္သားေတြ ပိုမိုေနရာရေအာင္ လုပ္ေဆာင္သြားမယ့္ အေနအထားျဖစ္တယ္။

ကလပ္ေတြရဲ႕ ဒုတိယလူစာရင္းလို႔ ဆိုၾကတဲ့ ယူ-၂၁ လူစာရင္းမွာ ပင္လယ္ရပ္ျခား ကစားသမား ထည့္သြင္းခြင့္ကို အကန္႔အသတ္ေတြ တိုးျမင့္မွာျဖစ္ျပီး အဂၤလန္သား လူငယ္ကစားသမားေတြကို ေနရာပိုရေစဖို႔ လုပ္ေဆာင္ပါေတာ့မယ္။ လက္တေလာမွာ အေကာင္အထည္ ေဖာ္ႏုိင္ဦးမွာ မဟုတ္ေပမယ့္ အက္ဖ္ေအကေတာ့ ကလပ္ေတြရဲ႕ home-grown စာရင္းကို ၈ ဦးကေန ၁၂ ဦးထိပါ ျမင့္တင္လိုေနပါတယ္။

ျဗိတိန္ရဲ႕ အလုပ္ပါမစ္ စည္းမ်ဥ္းမွာ ဥေရာပသား မဟုတ္တဲ့ ကစားသမားေတြဟာ (အထူးသျဖင့္ ေတာင္အေမရိက၊ အာဖရိကနဲ႔ အာရွ) ပရီးမီးယားလိဂ္ကလပ္ေတြနဲ႔ ပူးေပါင္းခြင့္မွာ တားျမစ္ခ်က္ေတြ ရွိပါတယ္။ ပါမစ္အသစ္က အရင္ကထက္ကို ပိုၾကပ္မယ္လို႔ သိရတယ္။

အတည္ျပဳမႈေတြ မထြက္လာခင္မွာ ကိစၥေတြကို ေရေရရာရာ သိရဦးမွာ မဟုတ္ပါဘူး။ သို႔ေပမယ့္ ပရီးမီးယားလိဂ္ကေတာ့ ဒီေနာက္ပိုင္းမွာ အဂၤလန္ကစားသမားေတြ ပိုမို ေနရာရလာျခင္းကို သေဘာက်ေနျပီး ဆက္ျပီးလည္း တိုးပႊားလာဖို႔ လုပ္ေဆာင္မွာ ျဖစ္ပါတယ္။