ယူနိုက်တက်ကြယ်ပွင့် ကွင်းလယ်လူ ဂျိမ်းဂါနာက လီဗာပူးရဲ့ ဂန္တဝင်ကစားသမားကြီး စတီဗင်ဂျရတ်က သူ့ရဲ့ စံပြကစားသမားပါလို့ ဝန်ခံပါတယ်။

မာဆေးဆိုဒ်အနီးမှာ မွေးဖွားလာတဲ့ ဂျိမ်းဂါနာဟာ လီဗာပူးကို အမာခံအားပေးတဲ့ ပရိသတ်ကနေ ပေါက်ဖွားလာသူပါ။ ဒါပေမယ့်လို့ အသက် ၈ နှစ်အရွယ်မှာ ယူနိုက်တက် အကယ်ဒမီမှာ တက်ရောက်ခဲ့သလို သူ့ရဲ့ စီနီယာစာချုပ်ကိုလည်း ယူနိုက်တက်နဲ့ပဲ ချုပ်ဆိုခဲ့သူဖြစ်တယ်။

ဂျိမ်းဂါနာက ” ဒီအကြောင်းကို အကြိမ်တွေ အများကြီး အမေးခံထားရပြီးပါပြီ။ ဘာလို့လည်းဆိုတော့ ကျနော် မွေးဖွားကြီးပြင်းလာတဲ့ နေရာကြောင့်ပါ။ ကျနော်က မန်ချက်စတာ ယူနိုက်တက်က ဆိုပေမယ့် ကျနော်ရဲ့ မိသားစုဝင်တွေ အားလုံးက လီဗာပူးပရိသတ်တွေပါ။ ဂျရတ်ကဆိုရင် ကျနော်ရဲ့ စံပြပုဂ္ဂိုလ်ပဲ ဖြစ်ပါတယ်။

အဖေ့နဲ့အတူ ကြည့်ခဲ့တဲ့ ပွဲတွေအားလုံးမှာ ဂျရတ်က အဓိက ကစားသမားပါပဲ။ သူ့လို ကစားသမား ဖြစ်လိုပါတယ်။ ဒါကြောင့် ဂျရတ် ဝတ်ခဲ့တဲ့ Adidas ရဲ့ Predators ဖိနပ်ကိုပဲ ကျနော် ဝတ်ပါတယ်။ ဒီကနေ့ထိလည်း အဲ့ဖိနပ်တွေကိုပဲ ဝတ်နေဆဲပါ ” လို့ ဆိုခဲ့တာ ဖြစ်ပါတယ်။

ကိုယ်ငယ်စဉ်က အားပေးခဲ့တဲ့ ကလပ်ရဲ့ ပြိုင်ဘက်ကလပ်မှာ တက်ရောက် ပညာသင်ခဲ့တာက ဂါနာတစ်ဦးတည်း မဟုတ်ပါဘူး။ လီဗာပူး ဂန္တဝင်ကြီးဖြစ်တဲ့ ကာရေဂါဟာဆိုရင်လည်း အဲဗာတန်အသင်းကို အားပေးတဲ့ မိသားစုက မွေးဖွားလာခဲ့တဲ့ အဲဗာတန်ပရိသတ်ပါ။ ဒါပေမယ့်လို့ သူဟာ ဘဝတစ်လျှောက်လုံး လီဗာပူးအတွက်ပဲ ကစားခဲ့သူဖြစ်တယ်။

လက်ရှိမှာ ဂျိမ်းဂါနာဟာ ယူနိုက်တက်ကနေ ချန်ပီယံရှစ်ကလပ် ဝတ်ဖိုဒ့်အသင်းကို အငှားထွက်ကစားနေပါတယ်။ အနာဂတ်မှာ သူ ဘယ်အသင်းကို ရောက်မလဲဆိုတာကိုတော့ ဘယ်သူက ကြိုပြောနိုင်မှာပါလဲ။

ZAWGYI

ယူႏုိက္တက္ၾကယ္ပြင့္ ကြင္းလယ္လူ ဂ်ိမ္းဂါနာက လီဗာပူးရဲ႕ ဂႏၱဝင္ကစားသမားၾကီး စတီဗင္ဂ်ရတ္က သူ႔ရဲ႕ စံျပကစားသမားပါလို႔ ဝန္ခံပါတယ္။

မာေဆးဆိုဒ္အနီးမွာ ေမြးဖြားလာတဲ့ ဂ်ိမ္းဂါနာဟာ လီဗာပူးကို အမာခံအားေပးတဲ့ ပရိသတ္ကေန ေပါက္ဖြားလာသူပါ။ ဒါေပမယ့္လို႔ အသက္ ၈ ႏွစ္အရြယ္မွာ ယူႏုိက္တက္ အကယ္ဒမီမွာ တက္ေရာက္ခဲ့သလို သူ႔ရဲ႕ စီနီယာစာခ်ဳပ္ကိုလည္း ယူႏုိက္တက္နဲ႔ပဲ ခ်ဳပ္ဆိုခဲ့သူျဖစ္တယ္။

ဂ်ိမ္းဂါနာက ” ဒီအေၾကာင္းကို အၾကိမ္ေတြ အမ်ားၾကီး အေမးခံထားရျပီးပါျပီ။ ဘာလို႔လည္းဆိုေတာ့ က်ေနာ္ ေမြးဖြားၾကီးျပင္းလာတဲ့ ေနရာေၾကာင့္ပါ။ က်ေနာ္က မန္ခ်က္စတာ ယူႏုိက္တက္က ဆိုေပမယ့္ က်ေနာ္ရဲ႕ မိသားစုဝင္ေတြ အားလံုးက လီဗာပူးပရိသတ္ေတြပါ။ ဂ်ရတ္ကဆိုရင္ က်ေနာ္ရဲ႕ စံျပပုဂၢိဳလ္ပဲ ျဖစ္ပါတယ္။

အေဖ့နဲ႔အတူ ၾကည့္ခဲ့တဲ့ ပြဲေတြအားလံုးမွာ ဂ်ရတ္က အဓိက ကစားသမားပါပဲ။ သူ႔လို ကစားသမား ျဖစ္လိုပါတယ္။ ဒါေၾကာင့္ ဂ်ရတ္ ဝတ္ခဲ့တဲ့ Adidas ရဲ႕ Predators ဖိနပ္ကိုပဲ က်ေနာ္ ဝတ္ပါတယ္။ ဒီကေန႔ထိလည္း အဲ့ဖိနပ္ေတြကိုပဲ ဝတ္ေနဆဲပါ ” လို႔ ဆိုခဲ့တာ ျဖစ္ပါတယ္။

ကိုယ္ငယ္စဥ္က အားေပးခဲ့တဲ့ ကလပ္ရဲ႕ ျပိဳင္ဘက္ကလပ္မွာ တက္ေရာက္ ပညာသင္ခဲ့တာက ဂါနာတစ္ဦးတည္း မဟုတ္ပါဘူး။ လီဗာပူး ဂႏၱဝင္ၾကီးျဖစ္တဲ့ ကာေရဂါဟာဆိုရင္လည္း အဲဗာတန္အသင္းကို အားေပးတဲ့ မိသားစုက ေမြးဖြားလာခဲ့တဲ့ အဲဗာတန္ပရိသတ္ပါ။ ဒါေပမယ့္လို႔ သူဟာ ဘဝတစ္ေလွ်ာက္လံုး လီဗာပူးအတြက္ပဲ ကစားခဲ့သူျဖစ္တယ္။

လက္ရွိမွာ ဂ်ိမ္းဂါနာဟာ ယူႏုိက္တက္ကေန ခ်န္ပီယံရွစ္ကလပ္ ဝတ္ဖိုဒ့္အသင္းကို အငွားထြက္ကစားေနပါတယ္။ အနာဂတ္မွာ သူ ဘယ္အသင္းကို ေရာက္မလဲဆိုတာကိုေတာ့ ဘယ္သူက ၾကိဳေျပာႏုိင္မွာပါလဲ။