လီဗာပူးရဲ့ လေ့ကျင့်ရေးတွေ အခြေစိုက်ရာဖြစ်တဲ့ ကာဘီက အကယ်ဒမီ လေ့ကျင့်ရေးဘက်ခြမ်းမှာတော့ ကိုဗစ်ကူးစက်မှုတွေ မြင့်တက်နေတဲ့ အနေအထားဖြစ်ပါတယ်။

လောလောဆယ်ထိ သိရတာက အကယ်ဒမီနည်းပြနဲ့ ဝန်ထမ်းပေါင်း ၁၀ ဦးလောက်ထိ ကိုဗစ်ပိုး တွေ့ရှိထားတာဖြစ်တယ်။ ကလပ်က သက်တမ်းအလိုက် လူငယ်အသင်းတွေရဲ့ ဒီအပတ် လေ့ကျင့်ရေး အစီအစဉ်တွေကို ဖျက်သိမ်းမှု ပြုလုပ်ထားတယ်လို့ သိရတယ်။

ဒီအကြောင်းနဲ့ ပက်သက်ပြီး လီဗာပူးအသင်း ပြောရေးဆိုခွင့်ရ ပုဂ္ဂိုလ်ကတော့ “ အကယ်ဒမီ ဝန်ထမ်း အချို့ ကိုဗစ်-၁၉ ကူးစက်ခံထားရကြောင့် စစ်ဆေးတွေ့ရှိလို့ သီးသန့်ထားမှုတွေ လုပ်နေပါတယ်။ ဒီအပတ် လူငယ်အသင်းတွေရဲ့ လေ့ကျင့်ရေး အနည်းငယ်ကိုလည်း ဖျက်သိမ်းမှု လုပ်ထားပါတယ်။

အာဏာပိုင်တွေရဲ့ သက်မှတ်ထားတဲ့ လမ်းညွှန်ချက်အတိုင်းပဲ အကယ်ဒမီအသင်းဘက်မှာ နှိုက်နှိုက်ချွတ်ချွတ် သန့်ရှင်းမှုတွေနဲ့ ပိုးသတ်မှုတွေကိုလည်း ဆက်လက်ပြီး လုပ်ဆောင်နေပါတယ် ” လို့ အကြောင်းပြန်ခဲ့တာဖြစ်တယ်။

အကယ်ဒမီဘက်က ကိုဗစ်ပိုးတွေ့မှုတွေက ကာဘီရဲ့ မြောက်ဘက်ပိုင်းမှာရှိတဲ့ စီနီယာအသင်းရဲ့ လေ့ကျင့်ရေးကို သက်ရောက်မှာ မဟုတ်ဘူးလို့ မာဆေးဆိုဒ် သတင်းတွေက ဖော်ပြတယ်။ စီနီယာအသင်းဟာ မနေ့က စတင်ပြီး ကာဘီက အက်ဆာလေ့ကျင့်ရေးမှာ စတင် လေ့ကျင့်နေခဲ့တာဖြစ်ပါတယယ်။

ရောဂါပိုးတွေ့ထားတဲ့ ဝန်ထမ်းတွေရဲ့ အခြေအနေက စိုးရိမ်စရာ မရှိဘူးလို့ သိရတယ်။ သူတို့အားလုံး အမြန်ပြန်ကောင်းလာဖို့ အသင်းဘက်က ကြိုးစားသွားမှာဖြစ်ပါတယ်။

ZAWGYI

လီဗာပူးရဲ႕ ေလ့က်င့္ေရးေတြ အေျခစိုက္ရာျဖစ္တဲ့ ကာဘီက အကယ္ဒမီ ေလ့က်င့္ေရးဘက္ျခမ္းမွာေတာ့ ကိုဗစ္ကူးစက္မႈေတြ ျမင့္တက္ေနတဲ့ အေနအထားျဖစ္ပါတယ္။

ေလာေလာဆယ္ထိ သိရတာက အကယ္ဒမီနည္းျပနဲ႔ ဝန္ထမ္းေပါင္း ၁၀ ဦးေလာက္ထိ ကိုဗစ္ပိုး ေတြ႔ရွိထားတာျဖစ္တယ္။ ကလပ္က သက္တမ္းအလိုက္ လူငယ္အသင္းေတြရဲ႕ ဒီအပတ္ ေလ့က်င့္ေရး အစီအစဥ္ေတြကို ဖ်က္သိမ္းမႈ ျပဳလုပ္ထားတယ္လို႔ သိရတယ္။

ဒီအေၾကာင္းနဲ႔ ပက္သက္ျပီး လီဗာပူးအသင္း ေျပာေရးဆိုခြင့္ရ ပုဂၢိဳလ္ကေတာ့ “ အကယ္ဒမီ ဝန္ထမ္း အခ်ိဳ႔ ကိုဗစ္-၁၉ ကူးစက္ခံထားရေၾကာင့္ စစ္ေဆးေတြ႔ရွိလုိ႔ သီးသန္႔ထားမႈေတြ လုပ္ေနပါတယ္။ ဒီအပတ္ လူငယ္အသင္းေတြရဲ႕ ေလ့က်င့္ေရး အနည္းငယ္ကိုလည္း ဖ်က္သိမ္းမႈ လုပ္ထားပါတယ္။

အာဏာပိုင္ေတြရဲ႕ သက္မွတ္ထားတဲ့ လမ္းညႊန္ခ်က္အတိုင္းပဲ အကယ္ဒမီအသင္းဘက္မွာ ႏိႈက္ႏိႈက္ခၽြတ္ခၽြတ္ သန္႔ရွင္းမႈေတြနဲ႔ ပိုးသတ္မႈေတြကိုလည္း ဆက္လက္ျပီး လုပ္ေဆာင္ေနပါတယ္ ” လို႔ အေၾကာင္းျပန္ခဲ့တာျဖစ္တယ္။

အကယ္ဒမီဘက္က ကိုဗစ္ပိုးေတြ႔မႈေတြက ကာဘီရဲ႕ ေျမာက္ဘက္ပိုင္းမွာရွိတဲ့ စီနီယာအသင္းရဲ႕ ေလ့က်င့္ေရးကို သက္ေရာက္မွာ မဟုတ္ဘူးလို႔ မာေဆးဆိုဒ္ သတင္းေတြက ေဖာ္ျပတယ္။ စီနီယာအသင္းဟာ မေန႔က စတင္ျပီး ကာဘီက အက္ဆာေလ့က်င့္ေရးမွာ စတင္ ေလ့က်င့္ေနခဲ့တာျဖစ္ပါတယယ္။

ေရာဂါပိုးေတြ႔ထားတဲ့ ဝန္ထမ္းေတြရဲ႕ အေျခအေနက စိုးရိမ္စရာ မရွိဘူးလို႔ သိရတယ္။ သူတို႔အားလံုး အျမန္ျပန္ေကာင္းလာဖို႔ အသင္းဘက္က ၾကိဳးစားသြားမွာျဖစ္ပါတယ္။