၂၀၂၀-၂၀၂၁ ဘောလုံးရာသီမှာတော့ လီဗာပူးအသင်းဟာ ဂျာစီ စပွန်ဆာ စာချုပ်အသစ်အဖြစ် NIKE နဲ့ လက်တွဲခဲ့ပြီဖြစ်ပါတယ်။

ဒီရာသီမှာ လီဗာပူးဂျာစီတွေရဲ့ ဖြန့်ဝေနိုင်အားဟာ ယခင် ကုမ္ပဏီဖြစ်တဲ့ NB ရဲ့ ဖြန့်ဝေနိုင်မှုနဲ့ ၂ ဆကျော် ကွာခြားသွားခဲ့ပါတယ်။ လီဗာပူးအသင်းရဲ့ ကစားသမားသစ်တွေဖြစ်တဲ့ ကိုစတက်၊ ဂျိုတာ၊ သီယာဂိုတို့ရဲ့ ဂျာစီတွေကလည်း ရောင်းကောင်းခဲ့ပြီး ပရိသတ်အကြိုက်ဖြစ်ကာ ကလပ်ရဲ့ ရောင်းအကောင်းဆုံး ဂျာစီနံပါတ် ပိုင်ရှင်တွေက အောက်ပါအတိုင်း ဖြစ်ပါတယ်။

7. Jordan Henderson

လီောပူးအသင်းခေါင်းဆောင်ဖြစ်တဲ့ ဟန်ဒါဆန်ဟာ ဒီဘက်နှစ်တွေမှာ သူ့ရဲ့ ဦးဆောင်နိုင်စွမ်းနဲ့ ကိုယ်ကျိုးမငဲ့တဲ့ စိတ်ဓါတ်ကောင်းတွေကြောင့် အဝတ်လဲခန်းရဲ့ လေးစားခံကစားသမား ဖြစ်လာခဲ့တယ်။ သူဟာ လီဗာပူးမှာ ဆယ်စုနှစ်လောက်ထိ ရှိလာခဲ့ပြီဖြစ်ကာ ပရိသတ်တွေရဲ့ နှစ်သက်လေးစားမှုကိုလည်း ပိုမို ရရှိလာခဲ့ပါပြီ။

မနှစ်ကရာသီအတွင်း ဗြိတိန်အားကစား ကလောင်ရှင်တွေပေးတဲ့ တစ်နှစ်တာ အကောင်းဆုံး ကစားသမားဆုကို ရရှိခဲ့တဲ့ထိ ဟန်ဒါဆန်ရဲ့ အရှိန်အဝါက ကြီးမားလာခဲ့တယ်။ သူဟာ လီဗာပူးအသင်းရဲ့ ဂျာစီရောင်းအကောင်းဆုံး ကစားသမားများစာရင်းမှာ နံပါတ် ၇ ချိတ်နေပါတယ်။

6. Roberto Firmino

တိုက်စစ်ပိုင်းမှာ ဆာလက်၊ မာနေးတို့လောက် လေးစားမှုနဲ့ ကျော်ဇောမှု မရှိပေမယ့်လည်း လီဗာပူးပရိသတ်တွေ အရူးအမူး ချစ်ရတဲ့ တိုက်စစ်သမားဖြစ်တယ်။ ချန်ပီယံလိဂ်ပွဲတွေမှာ ထူးထူးဆန်းဆန်း စကေးတွေနဲ့ ဘောလုံးပရိသတ်တွေကို ဖမ်းစားတတ်တဲ့ ဖာမင်နိုဟာ မတူ ခြားနားတဲ့ နံပါတ် ၉ ဝတ် အထောင်တိုက်စစ်သမားမျိုးဖြစ်တယ်။

ယာဂင်ကလော့ပ် အောင်မြင်မှုအတွက် အရေးပါတဲ့ ထောက်တိုင်လည်းဖြစ်တဲ့ ဘော်ဘီဟာ ကလပ်ရဲ့ ရောင်းအကောင်းဆုံး ဂျာစီပိုင်ရှင်တွေထဲက တစ်ဦးဖြစ်ပါတယ်။

4. Sadio Mane

ပရီးမီးယားလိဂ်ရဲ့ တောင်ပံသမားတွေထဲမှာ မာနေးထက် ပိုကောင်းတဲ့ ကစားသမားက လက်ချိုးရေဖို့တောင် ထွက်လာဖို့ မရှိလောက်ပါဘူး။ ဂိုးသွင်းနှုန်းကောင်းသလို၊ ဂိုးထောက်ပံ့မှုနှုန်းကလည်း မြင့်မားတယ်။ အရေးကြီးချိန်တိုင်းမှာ သွင်းဂိုးရယူပေးတာအတွက်လည်း လီဗာပူးပရိသတ်တွေက သူ့ကို ချစ်ကြပါတယ်။

ဆီနီဂေါရဲ့ ဟီးရိုးဟာ အပေးအကမ်းလည်း ရက်ရောလှပြီး အာဖရိကကို ကိုယ်စားပြုတဲ့ ထူးချွန် ပုဂ္ဂိုလ်အဖြစ်ပါ နာမည်သတင်းကြီးသူဖြစ်ပါတယ်။

4. Mohamed Salah

ပရီးမီးယားလိဂ်ရဲ့ ၂ ရာသီဆက်တိုက် ဂိုးသွင်းအများဆုံး တိုက်စစ်သမားက တစ်ရာသီကို ဂိုး ၂၀ လောက်က ပုံမှန်သွင်းနိုင်သူပါ။ လက်ရှိ ပရီးမီးယားလိဂ်ရဲ့ အကောင်းဆုံး တောင်ပံသမားတွေထဲက တစ်ဦးဖြစ်တဲ့ ဆာလက်ရဲ့ ထူးခြားမှုက ကြံ့ခိုင်မှု သိပ်ကောင်းခြင်းဖြစ်ပြီး သူဟာ ကစားသမားဘဝ ဒဏ်ရာကြီးကြီးမားမားလည်း မရှိပါဘူး။

အီဂျစ်နဲ့ အာရပ်ကမ္ဘာမှာတော့ ဆာလက်ရဲ့ နာမည်သတင်းက မက်ဆီ၊ ရော်နယ်ဒိုနဲ့ တန်းတူ ယှဉ်နိုင်တဲ့ အနေအထားဖြစ်တယ်။ လီဗာပူးရဲ့ ပုံရိပ်အကြီးဆုံး ကစားသမားရဲ့ ဂျာစီတွေက ရောင်းအကောင်းဆုံး စာရင်းထဲ ပါနေတာက အံ့သြစရာ မရှိပါဘူး။

3. Thiago

မျက်နှာသစ် ကစားသမားကြီးဟာ ဘိုင်ယန်မှာတည်းက ကမ္ဘာအဆင့်ခြေစွမ်းတွေကို ပြသထားသူပါ။ ကစားသမားဘဝ ကြီးမားတဲ့ အောင်မြင်မှုတွေ အများကြီးရခဲ့သလို အခြားအသင်းတွေကို ကျော်လွန်ပြီး လီဗာပူးကို ရွေးချယ်ခဲ့တာကလည်း ပရိသတ်တွေ သူ့ကို သဘောကျတဲ့အချက် ဖြစ်ပါလိမ့်မယ်။

2. Trent Alexander-Arnold

လီဗာပူးသားဟာ ကလပ်ရဲ့ အကယ်ဒမီကနေ ပေါ်ထွက်လာကာ လီဗာပူးရဲ့ အောင်မြင်မှုတွေမှာ အဓိကကျခဲ့သူဖြစ်တယ်။ အသက် ၂၂ နှစ်အရွယ်မှာတင် အင်္ဂလန်ရဲ့ ကြယ်ပွင့်လည်းဖြစ်လာခဲ့ကာ ခံစစ်ပိုင်း ဂိုးထောက်ပံ့နိုင်စွမ်းမှာပါ စံချိန်တင်ထားသူဖြစ်တယ်။ လီဗာပူးပရိသတ်တွေ နှစ်ကာလကြာ မျှော်လင့်ထားရတဲ့ ပရီးမီးယားလိဂ်ဖလားကို ကိုင်မြောက်ပေးခဲ့သူလည်းဖြစ်တယ်။

ဂျရတ်နောက်ပိုင်း ကိုယ်ပိုင်သမိုင်း ရေးထိုးထားတဲ့ ထရန့်ကို လီဗာပူးပရိသတ်တွေက အရမ်းချစ်မြတ်နိုးပြီး ကလပ်ရဲ့ ရောင်းအကောင်းဆုံး ထိပ်ဆုံးစာရင်းတစ်နေရာကို ရောက်ရှိလာပါတယ်။

1. Virgil van Dijk

ကမ္ဘာစံချိန်တင် ခံစစ်မှူးဟောင်းဟာ လီဗာပူးနဲ့အတူ အထူးတောက်ပလာခဲ့သူပါ။ မနှစ်တုန်းက ဘလွန်းဒီအော့ဆု ဒုတိယနေရာကို ရပ်တည်ခဲ့သူလည်းဖြစ်တယ်။ လက်ရှိ ကမ္ဘာအကောင်းဆုံး ခံစစ်သမား နှစ်ဦးထဲက တစ်ဦးဖြစ်ပြီး လူငယ် ခံစစ်သမားတိုင်းရဲ့ စံပြပုဂ္ဂိုလ်ဆိုလည်း မမှားပါဘူး။

လီဗာပူးအသင်းရဲ့ ရောင်းအကောင်းဆုံး ဂျာစီပိုင်ရှင်ဖြစ်ပြီး ဒီရာသီ သူဒဏ်ရာရသွားတာက မန်နေဂျာကလော့ပ်နဲ့ လီဗာပူးအတွက် အကြီးမားဆုံးသော အထိနာမှုလည်း ဖြစ်ပါတယ်။

ZAWGYI

၂၀၂၀-၂၀၂၁ ေဘာလံုးရာသီမွာေတာ့ လီဗာပူးအသင္းဟာ ဂ်ာစီ စပြန္ဆာ စာခ်ဳပ္အသစ္အျဖစ္ NIKE နဲ႔ လက္တြဲခဲ့ျပီျဖစ္ပါတယ္။

ဒီရာသီမွာ လီဗာပူးဂ်ာစီေတြရဲ႕ ျဖန္႔ေဝႏုိင္အားဟာ ယခင္ ကုမၸဏီျဖစ္တဲ့ NB ရဲ႕ ျဖန္႔ေဝႏုိင္မႈနဲ႔ ၂ ဆေက်ာ္ ကြာျခားသြားခဲ့ပါတယ္။ လီဗာပူးအသင္းရဲ႕ ကစားသမားသစ္ေတြျဖစ္တဲ့ ကိုစတက္၊ ဂ်ိဳတာ၊ သီယာဂိုတို႔ရဲ႕ ဂ်ာစီေတြကလည္း ေရာင္းေကာင္းခဲ့ျပီး ပရိသတ္အၾကိဳက္ျဖစ္ကာ ကလပ္ရဲ႕ ေရာင္းအေကာင္းဆံုး ဂ်ာစီနံပါတ္ ပိုင္ရွင္ေတြက ေအာက္ပါအတိုင္း ျဖစ္ပါတယ္။

7. Jordan Henderson

လီောပူးအသင္းေခါင္းေဆာင္ျဖစ္တဲ့ ဟန္ဒါဆန္ဟာ ဒီဘက္ႏွစ္ေတြမွာ သူ႔ရဲ႕ ဦးေဆာင္ႏုိင္စြမ္းနဲ႔ ကိုယ္က်ိဳးမငဲ့တဲ့ စိတ္ဓါတ္ေကာင္းေတြေၾကာင့္ အဝတ္လဲခန္းရဲ႕ ေလးစားခံကစားသမား ျဖစ္လာခဲ့တယ္။ သူဟာ လီဗာပူးမွာ ဆယ္စုႏွစ္ေလာက္ထိ ရွိလာခဲ့ျပီျဖစ္ကာ ပရိသတ္ေတြရဲ႕ ႏွစ္သက္ေလးစားမႈကိုလည္း ပိုမို ရရွိလာခဲ့ပါျပီ။

မႏွစ္ကရာသီအတြင္း ျဗိတိန္အားကစား ကေလာင္ရွင္ေတြေပးတဲ့ တစ္ႏွစ္တာ အေကာင္းဆံုး ကစားသမားဆုကို ရရွိခဲ့တဲ့ထိ ဟန္ဒါဆန္ရဲ႕ အရွိန္အဝါက ၾကီးမားလာခဲ့တယ္။ သူဟာ လီဗာပူးအသင္းရဲ႕ ဂ်ာစီေရာင္းအေကာင္းဆံုး ကစားသမားမ်ားစာရင္းမွာ နံပါတ္ ၇ ခ်ိတ္ေနပါတယ္။

6. Roberto Firmino

တိုက္စစ္ပိုင္းမွာ ဆာလက္၊ မာေနးတို႔ေလာက္ ေလးစားမႈနဲ႔ ေက်ာ္ေဇာမႈ မရွိေပမယ့္လည္း လီဗာပူးပရိသတ္ေတြ အရူးအမူး ခ်စ္ရတဲ့ တိုက္စစ္သမားျဖစ္တယ္။ ခ်န္ပီယံလိဂ္ပြဲေတြမွာ ထူးထူးဆန္းဆန္း စေကးေတြနဲ႔ ေဘာလံုးပရိသတ္ေတြကို ဖမ္းစားတတ္တဲ့ ဖာမင္ႏိုဟာ မတူ ျခားနားတဲ့ နံပါတ္ ၉ ဝတ္ အေထာင္တုိက္စစ္သမားမ်ိဳးျဖစ္တယ္။

ယာဂင္ကေလာ့ပ္ ေအာင္ျမင္မႈအတြက္ အေရးပါတဲ့ ေထာက္တိုင္လည္းျဖစ္တဲ့ ေဘာ္ဘီဟာ ကလပ္ရဲ႕ ေရာင္းအေကာင္းဆံုး ဂ်ာစီပိုင္ရွင္ေတြထဲက တစ္ဦးျဖစ္ပါတယ္။

4. Sadio Mane

ပရီးမီးယားလိဂ္ရဲ႕ ေတာင္ပံသမားေတြထဲမွာ မာေနးထက္ ပိုေကာင္းတဲ့ ကစားသမားက လက္ခ်ိဳးေရဖို႔ေတာင္ ထြက္လာဖို႔ မရွိေလာက္ပါဘူး။ ဂိုးသြင္းႏႈန္းေကာင္းသလို၊ ဂိုးေထာက္ပံ့မႈႏႈန္းကလည္း ျမင့္မားတယ္။ အေရးၾကီးခ်ိန္တိုင္းမွာ သြင္းဂိုးရယူေပးတာအတြက္လည္း လီဗာပူးပရိသတ္ေတြက သူ႔ကို ခ်စ္ၾကပါတယ္။

ဆီနီေဂါရဲ႕ ဟီးရိုးဟာ အေပးအကမ္းလည္း ရက္ေရာလွျပီး အာဖရိကကို ကိုယ္စားျပဳတဲ့ ထူးခၽြန္ ပုဂၢိဳလ္အျဖစ္ပါ နာမည္သတင္းၾကီးသူျဖစ္ပါတယ္။

4. Mohamed Salah

ပရီးမီးယားလိဂ္ရဲ႕ ၂ ရာသီဆက္တိုက္ ဂိုးသြင္းအမ်ားဆံုး တိုက္စစ္သမားက တစ္ရာသီကို ဂိုး ၂၀ ေလာက္က ပံုမွန္သြင္းႏုိင္သူပါ။ လက္ရွိ ပရီးမီးယားလိဂ္ရဲ႕ အေကာင္းဆံုး ေတာင္ပံသမားေတြထဲက တစ္ဦးျဖစ္တဲ့ ဆာလက္ရဲ႕ ထူးျခားမႈက ၾကံ႕ခိုင္မႈ သိပ္ေကာင္းျခင္းျဖစ္ျပီး သူဟာ ကစားသမားဘဝ ဒဏ္ရာၾကီးၾကီးမားမားလည္း မရွိပါဘူး။

အီဂ်စ္နဲ႔ အာရပ္ကမၻာမွာေတာ့ ဆာလက္ရဲ႕ နာမည္သတင္းက မက္ဆီ၊ ေရာ္နယ္ဒိုနဲ႔ တန္းတူ ယွဥ္ႏုိင္တဲ့ အေနအထားျဖစ္တယ္။ လီဗာပူးရဲ႕ ပံုရိပ္အၾကီးဆံုး ကစားသမားရဲ႕ ဂ်ာစီေတြက ေရာင္းအေကာင္းဆံုး စာရင္းထဲ ပါေနတာက အံ့ၾသစရာ မရွိပါဘူး။

3. Thiago

မ်က္ႏွာသစ္ ကစားသမားၾကီးဟာ ဘိုင္ယန္မွာတည္းက ကမၻာအဆင့္ေျခစြမ္းေတြကို ျပသထားသူပါ။ ကစားသမားဘဝ ၾကီးမားတဲ့ ေအာင္ျမင္မႈေတြ အမ်ားၾကီးရခဲ့သလို အျခားအသင္းေတြကို ေက်ာ္လြန္ျပီး လီဗာပူးကို ေရြးခ်ယ္ခဲ့တာကလည္း ပရိသတ္ေတြ သူ႔ကို သေဘာက်တဲ့အခ်က္ ျဖစ္ပါလိမ့္မယ္။

2. Trent Alexander-Arnold

လီဗာပူးသားဟာ ကလပ္ရဲ႕ အကယ္ဒမီကေန ေပၚထြက္လာကာ လီဗာပူးရဲ႕ ေအာင္ျမင္မႈေတြမွာ အဓိကက်ခဲ့သူျဖစ္တယ္။ အသက္ ၂၂ ႏွစ္အရြယ္မွာတင္ အဂၤလန္ရဲ႕ ၾကယ္ပြင့္လည္းျဖစ္လာခဲ့ကာ ခံစစ္ပိုင္း ဂိုးေထာက္ပံ့ႏိုင္စြမ္းမွာပါ စံခ်ိန္တင္ထားသူျဖစ္တယ္။ လီဗာပူးပရိသတ္ေတြ ႏွစ္ကာလၾကာ ေမွ်ာ္လင့္ထားရတဲ့ ပရီးမီးယားလိဂ္ဖလားကို ကိုင္ေျမာက္ေပးခဲ့သူလည္းျဖစ္တယ္။

ဂ်ရတ္ေနာက္ပိုင္း ကိုယ္ပိုင္သမိုင္း ေရးထိုးထားတဲ့ ထရန္႔ကို လီဗာပူးပရိသတ္ေတြက အရမ္းခ်စ္ျမတ္ႏိုးျပီး ကလပ္ရဲ႕ ေရာင္းအေကာင္းဆံုး ထိပ္ဆံုးစာရင္းတစ္ေနရာကို ေရာက္ရွိလာပါတယ္။

1. Virgil van Dijk

ကမၻာစံခ်ိန္တင္ ခံစစ္မွဴးေဟာင္းဟာ လီဗာပူးနဲ႔အတူ အထူးေတာက္ပလာခဲ့သူပါ။ မႏွစ္တုန္းက ဘလြန္းဒီေအာ့ဆု ဒုတိယေနရာကို ရပ္တည္ခဲ့သူလည္းျဖစ္တယ္။ လက္ရွိ ကမၻာအေကာင္းဆံုး ခံစစ္သမား ႏွစ္ဦးထဲက တစ္ဦးျဖစ္ျပီး လူငယ္ ခံစစ္သမားတိုင္းရဲ႕ စံျပပုဂၢိဳလ္ဆိုလည္း မမွားပါဘူး။

လီဗာပူးအသင္းရဲ႕ ေရာင္းအေကာင္းဆံုး ဂ်ာစီပိုင္ရွင္ျဖစ္ျပီး ဒီရာသီ သူဒဏ္ရာရသြားတာက မန္ေနဂ်ာကေလာ့ပ္နဲ႔ လီဗာပူးအတြက္ အၾကီးမားဆံုးေသာ အထိနာမႈလည္း ျဖစ္ပါတယ္။