ဂျာမနီအသင်းကို မန်နေဂျာအဖြစ် တာဝန်ယူဖို့ ကလော့ပ် စိတ်ဝင်စားနေတယ်ဆိုတဲ့ သတင်းတွေက ကောလဟာလတွေပဲဖြစ်ပြီး သူဟာ လီဗာပူးအတွက်ပဲ အာရုံစိုက်နေတာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့တစ်ကြိမ် ကိုဗစ် စစ်ဆေးမှုမှာ ရလဒ်ကောင်းထွက်ထားတဲ့ ဆာလက်ဟာ ဒီတစ်ကြိမ်မှာတော့ positive ပြန်တွေ့ပါတယ်။ သူဟာ လက်စတာပွဲကို သေချာပေါက်လွဲမှာဖြစ်ပြီး အတ္တလန်တာပွဲကိုလည်း လွဲချော်ဖို့ များသွားပါပြီ။

လီဗာပူးအသင်းနဲ့ သတင်းထွက်နေတဲ့ ဆဲလ်ဘတ်ကွင်းလယ်လူ Dominik Szoboszlai ဟာ အသင်းပြောင်းဖို့ ရှိနေကာ နယ်မြေသစ်မှာ ကျင်လယ်လိုနေတယ်လို့ ကစားသမားရဲ့ အေးဂျင့်က ထုတ်ပြောပါတယ်။

ချန်ပီယံရှစ်မှာတော့ လူစားလဲမှု ၅ ခု ပြုလုပ်ခွင့်ကို စတင်ဖို့ သဘောတူညီကြပြီဖြစ်ပြီး နိုင်ငံတကာ သီတင်းပတ်အကုန်မှာ စတင် ကျင့်သုံးသွားမှာဖြစ်ပါတယ်။

လီဗာပူးခံစစ်သမား ရိုင်းစ်ဝီလီယမ်ဟာ ဒဏ်ရာကြောင့် ကလပ်ထံ ပြန်ပို့ခံရခြင်း မဟုတ်ဘဲ ဒဏ်ရာရနိုင်တဲ့ အနေအထားမှာ ကလပ်ဘက်က ကစားသမားကို ပြန်လိုချင်တာကြောင့် ပြန်ပို့ပေးခဲ့ခြင်းပဲဖြစ်ပါတယ်။ သူဟာ လက်စတာနဲ့ပွဲမှာ ပါဝင်ပေးဖို့ အဆင်ပြေပါတယ်။

လီဗာပူးရဲ့ လေ့ကျင့်ရေးတွေ အခြေစိုက်ရာဖြစ်တဲ့ ကာဘီက အကယ်ဒမီ လေ့ကျင့်ရေးဘက်ခြမ်းမှာတော့ ကိုဗစ်ကူးစက်မှုတွေ မြင့်တက်နေတဲ့ အနေအထားဖြစ်ပြီး အကယ်ဒမီနည်းပြနဲ့ ဝန်ထမ်းပေါင်း ၁၀ ဦးလောက်ထိ ကိုဗစ်ပိုး တွေ့ရှိထားပါတယ်။

ယူနိုက်တက်ကြယ်ပွင့် ကွင်းလယ်လူ ဂျိမ်းဂါနာက လီဗာပူးရဲ့ ဂန္တဝင်ကစားသမားကြီး စတီဗင်ဂျရတ်က သူ့ရဲ့ စံပြကစားသမားပါလို့ ဝန်ခံပါတယ်။

ပရီးမီးယားလိဂ်ဟာ လာမယ့်အပတ် အကုန်မှာ အလုပ်ပါမစ်ဆိုင်ရာ စည်းမျဉ်း စည်းကမ်းတွေကို ပြောင်းလဲ ပြင်ဆင်ခြင်းအတွက် ဘောလုံးအဖွဲ့ချုပ်နဲ့ လိဂ်တွေကြားမှာ သဘောတူညီမှုကို အတည်ပြုတော့မှာပါ။ စည်းမျဉ်းသစ်မှာတော့ နိုင်ငံခြားသား ကစားသမားတွေ ပါဝင်မှု အကန့်အသတ် ရှိလာပါလိမ့်မယ်။

ကမ္ဘာအဖိုးအတန်ဆုံး ကလပ်များစာရင်းကို Transfermarkt က ထုတ်ပြန်ရာမှာလည်း ဥရောပပြိုင်ဘက်တွေဖြစ်တဲ့ ဘိုင်ယန်မြူးနစ်၊ ဘာစီလိုနာ၊ ရီးရဲလ်မက်ဒရစ်နဲ့ ပြည်တွင်းပြိုင်ဘက် မန်စီးတီးတို့ကို ကျော်ဖြတ်ပြီး လီဗာပူးအသင်းက ထိပ်ဆုံးမှာ ရှိနေခဲ့ပါတယ်။

လီဗာပူးအသင်းဟာ လာလီဂါကလပ် ဘာစီလိုနာနဲ့ စီးရီအေကလပ် အင်တာမီလန်တို့က ချိတ်ဆက်နေတဲ့ ဝိုက်နယ်ဒမ်ကို လုပ်ခတိုးပေးပြီး အသင်းမှာ ဆက်ထိန်းထားဖို့ ကြိုးစားလာတယ်လို့ သတင်းတွေ ထွက်ပေါ်လာပါတယ်။

ရာသီကြိုမှာ ဒဏ်ရာရသွားတာကြောင့် အနားယူနေရတဲ့ ချိန်ဘာလိန်ဟာ လီဗာပူးရဲ့ အက်ဆာ လေ့ကျင့်ရေးမှာတော့ စတင်ပူးပေါင်းနေကာ အခြေအနေ အတော်ကောင်းနေတဲ့သဘောကို မြင်ထားရပါတယ်။

ZAWGYI

ဂ်ာမနီအသင္းကို မန္ေနဂ်ာအျဖစ္ တာဝန္ယူဖို႔ ကေလာ့ပ္ စိတ္ဝင္စားေနတယ္ဆိုတဲ့ သတင္းေတြက ေကာလဟာလေတြပဲျဖစ္ျပီး သူဟာ လီဗာပူးအတြက္ပဲ အာရံုစိုက္ေနတာ ျဖစ္ပါတယ္။

ျပီးခဲ့တဲ့တစ္ၾကိမ္ ကိုဗစ္ စစ္ေဆးမႈမွာ ရလဒ္ေကာင္းထြက္ထားတဲ့ ဆာလက္ဟာ ဒီတစ္ၾကိမ္မွာေတာ့ positive ျပန္ေတြ႔ပါတယ္။ သူဟာ လက္စတာပြဲကို ေသခ်ာေပါက္လြဲမွာျဖစ္ျပီး အတၱလန္တာပြဲကိုလည္း လြဲေခ်ာ္ဖို႔ မ်ားသြားပါျပီ။

လီဗာပူးအသင္းနဲ႔ သတင္းထြက္ေနတဲ့ ဆဲလ္ဘတ္ကြင္းလယ္လူ Dominik Szoboszlai ဟာ အသင္းေျပာင္းဖို႔ ရွိေနကာ နယ္ေျမသစ္မွာ က်င္လယ္လိုေနတယ္လို႔ ကစားသမားရဲ႕ ေအးဂ်င့္က ထုတ္ေျပာပါတယ္။

ခ်န္ပီယံရွစ္မွာေတာ့ လူစားလဲမႈ ၅ ခု ျပဳလုပ္ခြင့္ကို စတင္ဖို႔ သေဘာတူညီၾကျပီျဖစ္ျပီး ႏုိင္ငံတကာ သီတင္းပတ္အကုန္မွာ စတင္ က်င့္သံုးသြားမွာျဖစ္ပါတယ္။

လီဗာပူးခံစစ္သမား ရိုင္းစ္ဝီလီယမ္ဟာ ဒဏ္ရာေၾကာင့္ ကလပ္ထံ ျပန္ပို႔ခံရျခင္း မဟုတ္ဘဲ ဒဏ္ရာရႏုိင္တဲ့ အေနအထားမွာ ကလပ္ဘက္က ကစားသမားကို ျပန္လိုခ်င္တာေၾကာင့္ ျပန္ပို႔ေပးခဲ့ျခင္းပဲျဖစ္ပါတယ္။ သူဟာ လက္စတာနဲ႔ပြဲမွာ ပါဝင္ေပးဖို႔ အဆင္ေျပပါတယ္။

လီဗာပူးရဲ႕ ေလ့က်င့္ေရးေတြ အေျခစိုက္ရာျဖစ္တဲ့ ကာဘီက အကယ္ဒမီ ေလ့က်င့္ေရးဘက္ျခမ္းမွာေတာ့ ကိုဗစ္ကူးစက္မႈေတြ ျမင့္တက္ေနတဲ့ အေနအထားျဖစ္ျပီး အကယ္ဒမီနည္းျပနဲ႔ ဝန္ထမ္းေပါင္း ၁၀ ဦးေလာက္ထိ ကိုဗစ္ပိုး ေတြ႔ရွိထားပါတယ္။

ယူႏုိက္တက္ၾကယ္ပြင့္ ကြင္းလယ္လူ ဂ်ိမ္းဂါနာက လီဗာပူးရဲ႕ ဂႏၱဝင္ကစားသမားၾကီး စတီဗင္ဂ်ရတ္က သူ႔ရဲ႕ စံျပကစားသမားပါလို႔ ဝန္ခံပါတယ္။

ပရီးမီးယားလိဂ္ဟာ လာမယ့္အပတ္ အကုန္မွာ အလုပ္ပါမစ္ဆိုင္ရာ စည္းမ်ဥ္း စည္းကမ္းေတြကို ေျပာင္းလဲ ျပင္ဆင္ျခင္းအတြက္ ေဘာလံုးအဖြဲ႔ခ်ဳပ္နဲ႔ လိဂ္ေတြၾကားမွာ သေဘာတူညီမႈကို အတည္ျပဳေတာ့မွာပါ။ စည္းမ်ဥ္းသစ္မွာေတာ့ ႏုိင္ငံျခားသား ကစားသမားေတြ ပါဝင္မႈ အကန္႔အသတ္ ရွိလာပါလိမ့္မယ္။

ကမၻာအဖိုးအတန္ဆံုး ကလပ္မ်ားစာရင္းကို Transfermarkt က ထုတ္ျပန္ရာမွာလည္း ဥေရာပျပိဳင္ဘက္ေတြျဖစ္တဲ့ ဘိုင္ယန္ျမဴးနစ္၊ ဘာစီလိုနာ၊ ရီးရဲလ္မက္ဒရစ္နဲ႔ ျပည္တြင္းျပိဳင္ဘက္ မန္စီးတီးတို႔ကို ေက်ာ္ျဖတ္ျပီး လီဗာပူးအသင္းက ထိပ္ဆံုးမွာ ရွိေနခဲ့ပါတယ္။

လီဗာပူးအသင္းဟာ လာလီဂါကလပ္ ဘာစီလိုနာနဲ႔ စီးရီေအကလပ္ အင္တာမီလန္တို႔က ခ်ိတ္ဆက္ေနတဲ့ ဝိုက္နယ္ဒမ္ကို လုပ္ခတိုးေပးျပီး အသင္းမွာ ဆက္ထိန္းထားဖို႔ ၾကိဳးစားလာတယ္လို႔ သတင္းေတြ ထြက္ေပၚလာပါတယ္။

ရာသီၾကိဳမွာ ဒဏ္ရာရသြားတာေၾကာင့္ အနားယူေနရတဲ့ ခ်ိန္ဘာလိန္ဟာ လီဗာပူးရဲ႕ အက္ဆာ ေလ့က်င့္ေရးမွာေတာ့ စတင္ပူးေပါင္းေနကာ အေျခအေန အေတာ္ေကာင္းေနတဲ့သေဘာကို ျမင္ထားရပါတယ္။