ပရီးမီးယားလိဂ်တိုက်စစ်သမား မိုင်ကယ်အိုဝင်က ဒီရာသီမှာ အမှတ်ပေးလိဂ်အတွင်း ပြိုင်ဘက်တွေက လီဗာပူးကို ဘာလို့ ယှဉ်ပြိုင်လာနိုင်သလဲဆိုတာကို သုံးသပ်ပြောဆိုပါတယ်။

အိုဝင်ကတော့ လီဗာပူးရဲ့ လူစာရင်းက ကောင်းမွန် တောင့်တင်းပေမယ့် ဗန်ဒိုက်လို အဓိက ကစားသမားကို ဆုံးရံှူးထားတာက ချန်ပီယံစိန်ခေါ်မှုကို ထိခိုက်တယ်လို့ မြင်တယ်။ အဓိကအားဖြင့် ပွဲကြီးတွေမှာ သက်ရောက်မှုကြီးနိုင်မယ့် ကစားသမားကြီးတွေကို လက်လွတ်ရတာက လီဗာပူးရဲ့ အားနည်းချက်ဖြစ်လာတယ်လို့ သူက မြင်တာပါ။

အိုဝင်က “ ကစားသမားတွေအားလုံး ကြံ့ခိုင်နေရင် လီဗာပူးက အင်္ဂလန်ရဲ့ အကောင်းဆုံးအသင်းဆိုတာကို ကျနော်ကတော့ သံသယမရှိပါဘူး။ သူတို့ ပရီးမီးယားလိဂ်ကို ထပ်ပြီးလည်း အနိုင်ရနိုင်ပါတယ်။ အခုအချိန်မှာတော့ အဲ့တာက နည်းနည်းလျော့ပါးသွားပါပြီ။

ပရီးမီးယားလိဂ်ဘက်က အမြင်အရဆိုရင် လီဗာပူးက ပွဲတိုင်းကို အနိုင်ရနိုင်ဆဲ အသင်းလို့ ထင်ပါတယ်။ အချို့သောပွဲတွေမှာ တကယ်ကို စမ်းသပ်ခံရမှုကြီးတွေ ရင်ဆိုင်ရတဲ့အခါ မင်းမှာ အဓိက ကစားသမား တစ်ဦး (သို့) နှစ်ဦးလောက် မရှိပေမယ့်လည်း အခြားအသင်းထက် ပိုကောင်းကောင်း ကစားလို့ ရနိုင်ပါတယ်။

ဒါပေမယ့်လို့ ချန်ပီယံလိဂ်မှာ ကွာတားဖိုင်နယ်လို အဆင့်ကို ရောက်နေပြီဆိုရင်တော့ မင်းရဲ့အသင်းမှာ ရှိနေတဲ့ ကစားသမားနဲ့ အဖြစ်ပဲ ကစားလို့ မရပါဘူး။ လီဗာပူးရဲ့ တစ်သင်းလုံးက သိပ်ကောင်းတာတော့ မှန်ပါတယ်။ ဒါပေမယ့် သေချာတဲ့ အခြေအနေတွေမှာ ကလပ်ကို မတင်ပေးနိုင်တဲ့ ကစားသမား တစ်ဦး၊ နှစ်ဦးဆိုတာ အမြဲတမ်း ရှိတတ်ပါတယ် ” လို့ ဆိုခဲ့တာဖြစ်တယ်။

လီဗာပူးဟာ ဗန်ဒိုက်လို ကစားသမားကို လက်လွတ်ထားရတာဖြစ်တယ်။ ဒါ့အပြင် ဒဏ်ရာနဲ့ ကိုဗစ်ကြောင့် စီနီယာအသင်းသား ၁၆ ယောက်ကိုလည်း လက်လွတ်ရမှုတွေ ရင်ဆိုင်ထားရပြီဖြစ်ပါတယ်။ ဒီအခြေအနေကို ကလော့ပ် ဘယ်လို ရင်ဆိုင် ကျော်ဖြတ်မလဲဆိုတာကိုပဲ စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။

ZAWGYI

ပရီးမီးယားလိဂ္တိုက္စစ္သမား မုိင္ကယ္အိုဝင္က ဒီရာသီမွာ အမွတ္ေပးလိဂ္အတြင္း ျပိဳင္ဘက္ေတြက လီဗာပူးကို ဘာလို႔ ယွဥ္ျပိဳင္လာႏုိင္သလဲဆိုတာကို သံုးသပ္ေျပာဆိုပါတယ္။

အိုဝင္ကေတာ့ လီဗာပူးရဲ႕ လူစာရင္းက ေကာင္းမြန္ ေတာင့္တင္းေပမယ့္ ဗန္ဒိုက္လို အဓိက ကစားသမားကို ဆံုးရံွဴးထားတာက ခ်န္ပီယံစိန္ေခၚမႈကို ထိခိုက္တယ္လို႔ ျမင္တယ္။ အဓိကအားျဖင့္ ပြဲၾကီးေတြမွာ သက္ေရာက္မႈၾကီးႏုိင္မယ့္ ကစားသမားၾကီးေတြကို လက္လြတ္ရတာက လီဗာပူးရဲ႕ အားနည္းခ်က္ျဖစ္လာတယ္လို႔ သူက ျမင္တာပါ။

အိုဝင္က “ ကစားသမားေတြအားလံုး ၾကံ႕ခိုင္ေနရင္ လီဗာပူးက အဂၤလန္ရဲ႕ အေကာင္းဆံုးအသင္းဆိုတာကို က်ေနာ္ကေတာ့ သံသယမရွိပါဘူး။ သူတို႔ ပရီးမီးယားလိဂ္ကို ထပ္ျပီးလည္း အႏုိင္ရႏုိင္ပါတယ္။ အခုအခ်ိန္မွာေတာ့ အဲ့တာက နည္းနည္းေလ်ာ့ပါးသြားပါျပီ။

ပရီးမီးယားလိဂ္ဘက္က အျမင္အရဆိုရင္ လီဗာပူးက ပြဲတိုင္းကို အႏုိင္ရႏုိင္ဆဲ အသင္းလို႔ ထင္ပါတယ္။ အခ်ိဳ႔ေသာပြဲေတြမွာ တကယ္ကို စမ္းသပ္ခံရမႈၾကီးေတြ ရင္ဆိုင္ရတဲ့အခါ မင္းမွာ အဓိက ကစားသမား တစ္ဦး (သို႔) ႏွစ္ဦးေလာက္ မရွိေပမယ့္လည္း အျခားအသင္းထက္ ပိုေကာင္းေကာင္း ကစားလို႔ ရႏုိင္ပါတယ္။

ဒါေပမယ့္လို႔ ခ်န္ပီယံလိဂ္မွာ ကြာတားဖိုင္နယ္လို အဆင့္ကို ေရာက္ေနျပီဆိုရင္ေတာ့ မင္းရဲ႕အသင္းမွာ ရွိေနတဲ့ ကစားသမားနဲ႔ အျဖစ္ပဲ ကစားလို႔ မရပါဘူး။ လီဗာပူးရဲ႕ တစ္သင္းလံုးက သိပ္ေကာင္းတာေတာ့ မွန္ပါတယ္။ ဒါေပမယ့္ ေသခ်ာတဲ့ အေျခအေနေတြမွာ ကလပ္ကို မတင္ေပးႏုိင္တဲ့ ကစားသမား တစ္ဦး၊ ႏွစ္ဦးဆိုတာ အျမဲတမ္း ရွိတတ္ပါတယ္ ” လို႔ ဆိုခဲ့တာျဖစ္တယ္။

လီဗာပူးဟာ ဗန္ဒိုက္လို ကစားသမားကို လက္လြတ္ထားရတာျဖစ္တယ္။ ဒါ့အျပင္ ဒဏ္ရာနဲ႔ ကိုဗစ္ေၾကာင့္ စီနီယာအသင္းသား ၁၆ ေယာက္ကိုလည္း လက္လြတ္ရမႈေတြ ရင္ဆိုင္ထားရျပီျဖစ္ပါတယ္။ ဒီအေျခအေနကို ကေလာ့ပ္ ဘယ္လို ရင္ဆိုင္ ေက်ာ္ျဖတ္မလဲဆိုတာကိုပဲ ေစာင့္ၾကည့္ရမွာ ျဖစ္ပါတယ္။