ပရီးမီးယားလိဂ်ကတော့ အမှတ်ပေးချန်ပီယံ လီဗာပူးနဲ့ ဒီရာသီ အမှတ်ပေးဇယားကို ဦးဆောင်ထားသူ လက်စတာတို့ ယှဉ်ပြိုင်ရမယ့်ပွဲအတွက် VAR ဒိုင်လူကြီးကို ပြောင်းလဲပေးခဲ့ပြီဖြစ်ပါတယ်။

မူလတုန်းက ပရီးမီးယားလိဂ်ရဲ့ အညံ့ဆုံး ဒိုင်တစ်ဦးလို့ ဝေဖန်ခံထားရတဲ့ ဒေးဗစ်ကိုတီကို အဆိုပါပွဲအတွက် တာဝန်ပေးထားတာပါ။ သူဟာ မာဆေးဆိုဒ်ဒါဘီမှာ ကစားသမားဘဝ အဆုံးသတ်သွားနိုင်တဲ့ အခြေအနေဆိုးကို ရင်ဆိုင်ခဲ့ရတဲ့ ဗန်ဒိုက်ဖြစ်ရပ်ကို စစ်ဆေးဖို့ ပျက်ကွက်ခဲ့သူဖြစ်ပြီး လိဂ်ရဲ့ ဒိုင်အဖြစ်ကနေပါ သီတင်းပတ်ကြာ အနားပေးခြင်း ခံခဲ့ရဖူးသူဖြစ်တယ်။

သူ့နေရာမှာတော့ အန်ဒရီ မာရီနာကို အစားဝင်ပြီး စီမံစေမှာဖြစ်ပါတယ်။ ကိုတီကတော့ အိုထရတ်ဖိုဒ့်မှာ ယှဉ်ပြိုင်ကစားမယ့် မန်ချက်စတာယူနိုက်တက်နဲ့ ဝက်ဘရွန်းပွဲကို ပြောင်းလဲ တာဝန်ယူသွားမယ်လို့ သိရတယ်။

အောက်တိုဘာလတုန်းက ဗန်ဒိုက်ရဲ့ ဖြစ်ရပ်အတွက် လီဗာပူးအသင်းက ပရီးမီးယားလိဂ်ကို ဆက်သွယ်ပြီး စုံးစမ်းမှုလုပ်ပေးဖို့ တောင်းဆိုခဲ့တယ်။ ထိုစဉ်တုန်းက လီဗာပူးအသင်းခေါင်းဆောင် ဟန်ဒါဆန်က အနိုင်ဂိုးကို လူကျွံဘော သက်မှတ်ခဲ့ရာမှာ VAR က ထုတ်ပြတဲ့ လူကျွံစည်းက လိုသလို ကွေးထားသလားလို့ မေးခွန်းထုတ်ခြင်းအတွက် အရေးယူခံရဖို့ နီးစပ်ခဲ့ပါတယ်။

ကလပ်နဲ့ ပြဿနာကြီးတွေ ဖြစ်ထားတဲ့ ကိုတီ ကို နိုင်ငံတကာသီတင်းပတ်အကုန် လက်စတာနဲ့ပွဲမှာ ကိုင်တွယ်စေမှာကို လီဗာပူးပရိသတ်တွေက ပြင်းပြင်းထန်ထန် ကန့်ကွက်နေခဲ့ကြတာဖြစ်တယ်။ လိဂ်ဘက်ကတော့ အဆိုပါကိစ္စကို ဖြေရှင်းပေးမှုအဖြစ် VAR ဒိုင်လူကြီးကို ပြောင်းလဲပေးခဲ့ပြီဖြစ်ပါတယ်။

မာဆေးဆိုဒ်ဒါဘီမှာ ဒဏ်ရာရခဲ့တဲ့ ဗန်ဒိုက်ဟာ ကာလရှည် အနားယူနေခဲ့ရပြီဖြစ်သလို နောက်ထပ် ကစားသမား သီယာဂိုကလည်း အခုချိန်ထိ ဘောလုံးပြန် မကစားနိုင်သေးတာ ဖြစ်ပါတယ်။

ZAWGYI

ပရီးမီးယားလိဂ္ကေတာ့ အမွတ္ေပးခ်န္ပီယံ လီဗာပူးနဲ႔ ဒီရာသီ အမွတ္ေပးဇယားကို ဦးေဆာင္ထားသူ လက္စတာတို႔ ယွဥ္ျပိဳင္ရမယ့္ပြဲအတြက္ VAR ဒိုင္လူၾကီးကို ေျပာင္းလဲေပးခဲ့ျပီျဖစ္ပါတယ္။

မူလတုန္းက ပရီးမီးယားလိဂ္ရဲ႕ အညံ့ဆံုး ဒိုင္တစ္ဦးလို႔ ေဝဖန္ခံထားရတဲ့ ေဒးဗစ္ကိုတီကို အဆိုပါပြဲအတြက္ တာဝန္ေပးထားတာပါ။ သူဟာ မာေဆးဆိုဒ္ဒါဘီမွာ ကစားသမားဘဝ အဆံုးသတ္သြားႏုိင္တဲ့ အေျခအေနဆိုးကို ရင္ဆိုင္ခဲ့ရတဲ့ ဗန္ဒိုက္ျဖစ္ရပ္ကို စစ္ေဆးဖို႔ ပ်က္ကြက္ခဲ့သူျဖစ္ျပီး လိဂ္ရဲ႕ ဒိုင္အျဖစ္ကေနပါ သီတင္းပတ္ၾကာ အနားေပးျခင္း ခံခဲ့ရဖူးသူျဖစ္တယ္။

သူ႔ေနရာမွာေတာ့ အန္ဒရီ မာရီနာကို အစားဝင္ျပီး စီမံေစမွာျဖစ္ပါတယ္။ ကိုတီကေတာ့ အိုထရတ္ဖိုဒ့္မွာ ယွဥ္ျပိဳင္ကစားမယ့္ မန္ခ်က္စတာယူႏုိက္တက္နဲ႔ ဝက္ဘရြန္းပြဲကို ေျပာင္းလဲ တာဝန္ယူသြားမယ္လို႔ သိရတယ္။

ေအာက္တိုဘာလတုန္းက ဗန္ဒိုက္ရဲ႕ ျဖစ္ရပ္အတြက္ လီဗာပူးအသင္းက ပရီးမီးယားလိဂ္ကို ဆက္သြယ္ျပီး စံုးစမ္းမႈလုပ္ေပးဖို႔ ေတာင္းဆိုခဲ့တယ္။ ထိုစဥ္တုန္းက လီဗာပူးအသင္းေခါင္းေဆာင္ ဟန္ဒါဆန္က အႏုိင္ဂိုးကို လူကၽြံေဘာ သက္မွတ္ခဲ့ရာမွာ VAR က ထုတ္ျပတဲ့ လူကၽြံစည္းက လိုသလို ေကြးထားသလားလို႔ ေမးခြန္းထုတ္ျခင္းအတြက္ အေရးယူခံရဖို႔ နီးစပ္ခဲ့ပါတယ္။

ကလပ္နဲ႔ ျပႆနာၾကီးေတြ ျဖစ္ထားတဲ့ ကိုတီ ကို ႏုိင္ငံတကာသီတင္းပတ္အကုန္ လက္စတာနဲ႔ပြဲမွာ ကိုင္တြယ္ေစမွာကို လီဗာပူးပရိသတ္ေတြက ျပင္းျပင္းထန္ထန္ ကန္႔ကြက္ေနခဲ့ၾကတာျဖစ္တယ္။ လိဂ္ဘက္ကေတာ့ အဆိုပါကိစၥကို ေျဖရွင္းေပးမႈအျဖစ္ VAR ဒိုင္လူၾကီးကို ေျပာင္းလဲေပးခဲ့ျပီျဖစ္ပါတယ္။

မာေဆးဆိုဒ္ဒါဘီမွာ ဒဏ္ရာရခဲ့တဲ့ ဗန္ဒိုက္ဟာ ကာလရွည္ အနားယူေနခဲ့ရျပီျဖစ္သလို ေနာက္ထပ္ ကစားသမား သီယာဂိုကလည္း အခုခ်ိန္ထိ ေဘာလံုးျပန္ မကစားႏုိင္ေသးတာ ျဖစ္ပါတယ္။