ဒီအပတ် ပရီးမီးယားလိဂ် ပွဲစဉ် ၉ အဖြစ် ယှဉ်ပြိုင်ကြမယ့် အမှတ်ပေးဇယား ထိပ်ဆုံးတွေက အသင်းနှစ်သင်းရဲ့ ပွဲဟာ ပွဲကောင်းတစ်ပွဲ ဖြစ်လာမယ်လို့ မိုင်ကယ်အိုဝင်က ပြောပါတယ်။

လီဗာပူးနဲ့ လက်စတာတို့ ထိပ်တိုက်တွေ့ရာမှာ နှစ်သင်းလုံးက ဒဏ်ရာပြဿနာတွေ ရင်ဆိုင်ထားရပေမယ့်လည်း တိုက်စစ်အားပြိုင်ကြမှာဖြစ်ပြီး လီဗာပူးက အသာစီးရသွားနိုင်တယ်လို့ အိုဝင်က သုံးသပ်ခန့်မှန်းခဲ့တယ်။

အိုဝင်က ပြောရာမှာ ‘ လီဗာပူးက ဒီပွဲမှာ အဓိက ကစားသမားတွေ ထုတ်သုံးနိုင်မှာ မဟုတ်ဘူးဆိုတာ ကျနေ်ာတို့ သိကြပါတယ်။ တစ်ခုတည်းသော အကောင်းမြင်စရာက ဂျိုတာ တောက်ပလာနေတာပါပဲ။

သူက မယုံနိုင်လောက်တဲ့ ပုံစံကောင်းမှာ ရှိနေသလို လီဗာပူးအတွက် အရေးပါတဲ့ နေရာကနေ ကစားပေးနေသူ ဖြစ်ပါတယ်။ လီဗာပူးရဲ့ ကွင်းလယ်မှာ အင်အားလျော့မှုတွေ ရှိနေပေမယ့်လည်း ကလော့ပ်မှာ ရွေးချယ်စရာတွေ ရှိနေဆဲဖြစ်ပါတယ်။ ဒီတော့ သူတို့အသင်းက လုံလောက်အောင် ကောင်းနေဆဲဖြစ်ပါတယ်။

လက်စတာကလည်း ကောင်တာတိုက်စစ်တွေကနေ ခြိမ်းခြောက်နိုင်စွမ်းရှိနေတဲ့ အသင်းတစ်သင်းဖြစ်ပါတယ်။ အဲ့တာကပဲ လီဗာပူးအသင်း စိုးရိမ်ရမယ့် နေရာ ဖြစ်ပါတယ်။ ဒါပေမယ့် လက်စတာမှာလည်း ဒဏ်ရာပြဿနာတွေ ရှိနေပါတယ်။

ဒီပွဲကတော့ နှစ်သင်းလုံး ဖွင့်ကစားကြမယ့် ပွဲကောင်းတစ်ပွဲလို ထင်ပါတယ်။ လီဗာပူး အနိုင်ရမှာဖြစ်ပြီး နှစ်သင်းလုံး ဂိုးသွင်းမယ်လို့ မျှော်လင့်ထားပါတယ် ’ ဆိုပြီး ပြောဆိုခဲ့တာ ဖြစ်ပါတယ်။

ပွဲရလဒ်အတွက် အိုဝင်ရဲ့ ခန့်မှန်းရလဒ်ကတော့ လီဗာပူး ၃-၁ လက်စတာဆိုပြီး ဖြစ်ပါတယ်။

ZAWGYI

ဒီအပတ္ ပရီးမီးယားလိဂ္ ပြဲစဥ္ ၉ အျဖစ္ ယွဥ္ျပိဳင္ၾကမယ့္ အမွတ္ေပးဇယား ထိပ္ဆံုးေတြက အသင္းႏွစ္သင္းရဲ႕ ပြဲဟာ ပြဲေကာင္းတစ္ပြဲ ျဖစ္လာမယ္လို႔ မိုင္ကယ္အိုဝင္က ေျပာပါတယ္။

လီဗာပူးနဲ႔ လက္စတာတို႔ ထိပ္တိုက္ေတြ႔ရာမွာ ႏွစ္သင္းလံုးက ဒဏ္ရာျပႆနာေတြ ရင္ဆိုင္ထားရေပမယ့္လည္း တိုက္စစ္အားျပိဳင္ၾကမွာျဖစ္ျပီး လီဗာပူးက အသာစီးရသြားႏုိင္တယ္လို႔ အိုဝင္က သံုးသပ္ခန္႔မွန္းခဲ့တယ္။

အိုဝင္က ေျပာရာမွာ ‘ လီဗာပူးက ဒီပြဲမွာ အဓိက ကစားသမားေတြ ထုတ္သံုးႏုိင္မွာ မဟုတ္ဘူးဆိုတာ က်ေန္ာတို႔ သိၾကပါတယ္။ တစ္ခုတည္းေသာ အေကာင္းျမင္စရာက ဂ်ိဳတာ ေတာက္ပလာေနတာပါပဲ။

သူက မယံုႏုိင္ေလာက္တဲ့ ပံုစံေကာင္းမွာ ရွိေနသလို လီဗာပူးအတြက္ အေရးပါတဲ့ ေနရာကေန ကစားေပးေနသူ ျဖစ္ပါတယ္။ လီဗာပူးရဲ႕ ကြင္းလယ္မွာ အင္အားေလ်ာ့မႈေတြ ရွိေနေပမယ့္လည္း ကေလာ့ပ္မွာ ေရြးခ်ယ္စရာေတြ ရွိေနဆဲျဖစ္ပါတယ္။ ဒီေတာ့ သူတို႔အသင္းက လံုေလာက္ေအာင္ ေကာင္းေနဆဲျဖစ္ပါတယ္။

လက္စတာကလည္း ေကာင္တာတိုက္စစ္ေတြကေန ျခိမ္းေျခာက္ႏုိင္စြမ္းရွိေနတဲ့ အသင္းတစ္သင္းျဖစ္ပါတယ္။ အဲ့တာကပဲ လီဗာပူးအသင္း စိုးရိမ္ရမယ့္ ေနရာ ျဖစ္ပါတယ္။ ဒါေပမယ့္ လက္စတာမွာလည္း ဒဏ္ရာျပႆနာေတြ ရွိေနပါတယ္။

ဒီပြဲကေတာ့ ႏွစ္သင္းလံုး ဖြင့္ကစားၾကမယ့္ ပြဲေကာင္းတစ္ပြဲလို ထင္ပါတယ္။ လီဗာပူး အႏုိင္ရမွာျဖစ္ျပီး ႏွစ္သင္းလံုုး ဂိုးသြင္းမယ္လို႔ ေမွ်ာ္လင့္ထားပါတယ္ ’ ဆိုျပီး ေျပာဆိုခဲ့တာ ျဖစ္ပါတယ္။

ပြဲရလဒ္အတြက္ အိုဝင္ရဲ႕ ခန္႔မွန္းရလဒ္ကေတာ့ လီဗာပူး ၃-၁ လက္စတာဆိုျပီး ျဖစ္ပါတယ္။