မနေ့တုန်းက အီဂျစ်ဘောလုံးအဖွဲ့ ဆာလက်ရဲ့ ကိုဗစ် စစ်ဆေးမှုရလဒ်မှာ positive ပြန်တွေ့ကြောင်းကို ထုတ်ပြန်ကြေညာပေးခဲ့ပြီဖြစ်ပါတယ်။

ပြီးခဲ့တဲ့အပတ် သောကြာနေ့က positive နှစ်ကြိမ် တွေ့ထားတဲ့ ဆာလက်ဟာ ဗုဒ္ဓဟူးနေ့ စစ်ဆေးမှုရလဒ် မတိုင်ခင်မှာ negative တစ်ကြိမ် ရလဒ်ထွက်ထားတာပါ။ အကယ်လို့ သူ့ရဲ့ စစ်ဆေးမှုမှာ negative နှစ်ကြိမ်ဆက်တိုက် ဖြစ်မယ်ဆိုရင် အီဂျစ်ကနေ လီဗာပူးကို ပြန်သွားဖို့ကို အီဂျစ်ဘက်က ခွင့်ပြုဖို့ စီစဉ်ထားခဲ့တာဖြစ်တယ်။

ဒါပေမယ့်လည်း အသက် ၂၈ နှစ်အရွယ် တိုက်စစ်သမားရဲ့ ကိုဗစ် စစ်ဆေးမှုရလဒ်က မျှော်လင့်ထားတဲ့ ရလဒ် မထွက်ခြင်းကြောင့် သူဟာ လီဗာပူးကို ပြန်လာခွင့်ရဦးမှာ မဟုတ်ပါဘူး။ အီဂျစ်မှာပဲ သီးသန့် ခွဲထားမှုတွေကနေ ရလဒ်ကောင်း ပြန်ထွက်ဖို့ကို စောင့်မျှော်နေရဦးမှာဖြစ်တယ်။

ဗြိတိန်အစိုးရရဲ့ ကိုဗစ်ဆိုင်ရာ စည်းမျဉ်းအရ ကြာသပတေးနေ့မှာ လီဗာပူးကို ဆာလက် ပြန်ရောက်လာရင်တောင် ဒီအပတ်အကုန် လက်စတာနဲ့ပွဲမှာ ပါဝင်ခွင့်ပေးမှာ မဟုတ်ပါဘူး။ ချန်ပီယံလိဂ်ပွဲအဖြစ် အတ္တလန်တာနဲ့ ယှဉ်ပြိုင်ရတဲ့ပွဲလောက်မှ ပါဝင်ခွင့်ရနိုင်မှာပါ။

သို့သော် ဆာလက်ရဲ့ ဆေးစစ်မှုက မျှော်လင့်ထားသလို မဟုတ်တဲ့နောက် သူဟာ လက်စတာပွဲကိုကော၊ အတ္တလန်တာပွဲကိုပါ လွဲချော်ဖို့ သေချာခဲ့ပြန်ပြီဖြစ်ပါတယ်။ ဆာလက်ဟာ နိုင်ငံတကာသီတင်းပတ်အပြီး ဒုတိယမြောက် အမှတ်ပေးပွဲဖြစ်တဲ့ ဘရိုက်တန်နဲ့ပွဲမှာ ပါဝင်သွားနိုင်ဖို့လည်း မသေချာတဲ့ အနေအထားကို ရင်ဆိုင်လာရတယ်။

အီဂျစ်ဘက်က ဆာလက်ကို အကောင်းဆုံး ဂရုစိုက်ပေးနေပေမယ့် ကိုဗစ်စစ်ဆေးမှုမှာ negative ရလဒ် ၂ ကြိမ် မထွက်သ၍ကတော့ သူဟာ ဗြိတိန်ကို ပြန်လာခွင့် ရဦးမှာ မဟုတ်ဘူးလို့ သိရပါတယ်။

ZAWGYI

မေန႔တုန္းက အီဂ်စ္ေဘာလံုးအဖြဲ႔႕ ဆာလက္ရဲ႕ ကိုဗစ္ စစ္ေဆးမႈရလဒ္မွာ positive ျပန္ေတြ႔ေၾကာင္းကို ထုတ္ျပန္ေၾကညာေပးခဲ့ျပီျဖစ္ပါတယ္။

ျပီးခဲ့တဲ့အပတ္ ေသာၾကာေန႔က positive ႏွစ္ၾကိမ္ ေတြ႔ထားတဲ့ ဆာလက္ဟာ ဗုဒၶဟူးေန႔ စစ္ေဆးမႈရလဒ္ မတိုင္ခင္မွာ negative တစ္ၾကိမ္ ရလဒ္ထြက္ထားတာပါ။ အကယ္လို႔ သူ႔ရဲ႕ စစ္ေဆးမႈမွာ negative ႏွစ္ၾကိမ္ဆက္တိုက္ ျဖစ္မယ္ဆိုရင္ အီဂ်စ္ကေန လီဗာပူးကို ျပန္သြားဖို႔ကို အီဂ်စ္ဘက္က ခြင့္ျပဳဖို႔ စီစဥ္ထားခဲ့တာျဖစ္တယ္။

ဒါေပမယ့္လည္း အသက္ ၂၈ ႏွစ္အရြယ္ တိုက္စစ္သမားရဲ႕ ကိုဗစ္ စစ္ေဆးမႈရလဒ္က ေမွ်ာ္လင့္ထားတဲ့ ရလဒ္ မထြက္ျခင္းေၾကာင့္ သူဟာ လီဗာပူးကို ျပန္လာခြင့္ရဦးမွာ မဟုတ္ပါဘူး။ အီဂ်စ္မွာပဲ သီးသန္႔ ခြဲထားမႈေတြကေန ရလဒ္ေကာင္း ျပန္ထြက္ဖို႔ကို ေစာင့္ေမွ်ာ္ေနရဦးမွာျဖစ္တယ္။

ျဗိတိန္အစိုးရရဲ႕ ကိုဗစ္ဆိုင္ရာ စည္းမ်ဥ္းအရ ၾကာသပေတးေန႔မွာ လီဗာပူးကို ဆာလက္ ျပန္ေရာက္လာရင္ေတာင္ ဒီအပတ္အကုန္ လက္စတာနဲ႔ပြဲမွာ ပါဝင္ခြင့္ေပးမွာ မဟုတ္ပါဘူး။ ခ်န္ပီယံလိဂ္ပြဲအျဖစ္ အတၱလန္တာနဲ႔ ယွဥ္ျပိဳင္ရတဲ့ပြဲေလာက္မွ ပါဝင္ခြင့္ရႏုိင္မွာပါ။

သို႔ေသာ္ ဆာလက္ရဲ႕ ေဆးစစ္မႈက ေမွ်ာ္လင့္ထားသလို မဟုတ္တဲ့ေနာက္ သူဟာ လက္စတာပြဲကိုေကာ၊ အတၱလန္တာပြဲကိုပါ လြဲေခ်ာ္ဖို႔ ေသခ်ာခဲ့ျပန္ျပီျဖစ္ပါတယ္။ ဆာလက္ဟာ ႏိုင္ငံတကာသီတင္းပတ္အျပီး ဒုတိယေျမာက္ အမွတ္ေပးပြဲျဖစ္တဲ့ ဘရိုက္တန္နဲ႔ပြဲမွာ ပါဝင္သြားႏုိင္ဖို႔လည္း မေသခ်ာတဲ့ အေနအထားကို ရင္ဆုိင္လာရတယ္။

အီဂ်စ္ဘက္က ဆာလက္ကို အေကာင္းဆံုး ဂရုစိုက္ေပးေနေပမယ့္ ကိုဗစ္စစ္ေဆးမႈမွာ negative ရလဒ္ ၂ ၾကိမ္ မထြက္သ၍ကေတာ့ သူဟာ ျဗိတိန္ကို ျပန္လာခြင့္ ရဦးမွာ မဟုတ္ဘူးလို႔ သိရပါတယ္။