လက်စတာနဲ့ပွဲမှာ အဓိက တိုက်စစ်သမား ဆာလက်ကို ကိုဗစ်ကြောင့် လက်လွတ်ရမယ့် လီဗာပူးအတွက် နောက်ထပ် ထိုးနှက်ချက်တစ်ခု ပေါ်ထွက်လာပြန်ပါပြီ။

လီဗာပူးအသင်းခေါင်းဆောင် ဟန်ဒါဆန်ဟာ အင်္ဂလန်အသင်းနဲ့ ဘယ်ဂျီယံအသင်းတို့ ယှဉ်ပြိုင်ကစားတဲ့ နိုင်ငံတကာသီတင်းပတ် ဒုတိယမြောက်ပွဲမှာ ရခဲ့တဲ့ ပေါင်ခြံဒဏ်ရာကြောင့် လက်စတာနဲ့ပွဲကို လွဲချော်သွားဖို့ ရှိနေပါတယ်။ ဒီသတင်းကိုတော့ လီဗာပူးသတင်းထောက် Paul Joyce က ဖော်ပြခဲ့ခြင်းဖြစ်တယ်။

ဟန်ဒါဆန်ဟာ အက်ဆာလေ့ကျင့်ရေးကွင်းကို ပြန်ရောက်လာနေခဲ့ပြီး ကလပ် ဆေးအဖွဲ့က တာဝန်ရှိသူတွေနဲ့ တွေ့ဆုံထားခဲ့တယ်။ သူဟာ အက်ဆာမှာ အသင်းဖော်တွေ လေ့ကျင့်နေတာကို ကြည့်ရှုမှုတော့ လုပ်သွားပါတယ်။ လက်စတာနဲ့ပွဲကို လွဲမယ့် ဟန်ဒါဆန်ဟာ အတ္တလန်တာပွဲမှာ ပါဝင်နိုင်မလားလည်း မသေချာသေးပါဘူး။

ဟန်ဒါဆန် မပါနိုင်ရင်တော့ နံပါတ် ၆ နေရာကို ဂီနီ ဆင်းကစားဖွယ်ရှိတယ်။ ကွင်းလယ်တွဲဘက်အဖြစ် ကိတ်တာ၊ ဂျုံး၊ မာနေး၊ ရှာကွီရီတို့ထဲက နှစ်ဦးကို တွဲဘက်ပေးဖို့ ရှိပါတယ်။ လီဗာပူးလူစာရင်းက ဒဏ်ရာရ ကစားသမား များလွန်းတာကြောင့် ကစားသမားတွေ နေရာပြောင်းကစားတာတွေလည်း ပိုမြင်လာရဦးမှာပါ။

နိုင်ငံတကာ သီတင်းပတ်မတိုင်ခင် မန်စီးတီးပွဲမှာ ထရန့် ဒဏ်ရာရခဲ့ပြီး နိုင်ငံတကာ သီတင်းပတ်အတွင်းမှာ ဂိုးမက်စ်၊ ဟန်ဒါဆန်တို့ ဒဏ်ရာရခဲ့တာပါ။ ဘယ်အစွန်လူ ရော်ဘတ်ဆန်ကလည်း အသေးစားဒဏ်ရာ ရခဲ့ပေမယ့် မနက်က စကော်တလန်ပွဲမှာ ပြန်ပါသွားခဲ့တယ်။

အသင်းပရိသတ်တွေက ဖာဘင်ညို၊ သီယာဂိုတို့ရဲ့ အခြေအနေကို စောင့်နားထောင်နေတယ်။ သူတို့နှစ်ဦးဟာ လက်စတာပွဲ မတိုင်ခင်မှာ စီနီယာလေ့ကျင့်ရေး ပြန်ဝင်မယ်ဆိုတဲ့ သတင်းတွေလည်း ကြားထားရတယ်။ ဒါပေမယ့်လို့ အခုချိန်ထိ လူမြင်ကွင်းကို ထွက်မလာသေးတာကလည်း ပရိသတ်တွေကို စိုးထိတ်မှုတွေ ဖြစ်နေစေပါတယ်။

ZAWGYI

လက္စတာနဲ႔ပြဲမွာ အဓိက တိုက္စစ္သမား ဆာလက္ကို ကိုဗစ္ေၾကာင့္ လက္လြတ္ရမယ့္ လီဗာပူးအတြက္ ေနာက္ထပ္ ထိုးႏွက္ခ်က္တစ္ခု ေပၚထြက္လာျပန္ပါျပီ။

လီဗာပူးအသင္းေခါင္းေဆာင္ ဟန္ဒါဆန္ဟာ အဂၤလန္အသင္းနဲ႔ ဘယ္ဂ်ီယံအသင္းတို႔ ယွဥ္ျပိဳင္ကစားတဲ့ ႏုိင္ငံတကာသီတင္းပတ္ ဒုတိယေျမာက္ပြဲမွာ ရခဲ့တဲ့ ေပါင္ျခံဒဏ္ရာေၾကာင့္ လက္စတာနဲ႔ပြဲကို လြဲေခ်ာ္သြားဖို႔ ရွိေနပါတယ္။ ဒီသတင္းကိုေတာ့ လီဗာပူးသတင္းေထာက္ Paul Joyce က ေဖာ္ျပခဲ့ျခင္းျဖစ္တယ္။

ဟန္ဒါဆန္ဟာ အက္ဆာေလ့က်င့္ေရးကြင္းကို ျပန္ေရာက္လာေနခဲ့ျပီး ကလပ္ ေဆးအဖြဲ႔က တာဝန္ရွိသူေတြနဲ႔ ေတြ႔ဆံုထားခဲ့တယ္။ သူဟာ အက္ဆာမွာ အသင္းေဖာ္ေတြ ေလ့က်င့္ေနတာကို ၾကည့္ရႈမႈေတာ့ လုပ္သြားပါတယ္။ လက္စတာနဲ႔ပြဲကို လြဲမယ့္ ဟန္ဒါဆန္ဟာ အတၱလန္တာပြဲမွာ ပါဝင္ႏုိင္မလားလည္း မေသခ်ာေသးပါဘူး။

ဟန္ဒါဆန္ မပါႏုိင္ရင္ေတာ့ နံပါတ္ ၆ ေနရာကို ဂီနီ ဆင္းကစားဖြယ္ရွိတယ္။ ကြင္းလယ္တြဲဘက္အျဖစ္ ကိတ္တာ၊ ဂ်ံဳး၊ မာေနး၊ ရွာကီြရီတို႔ထဲက ႏွစ္ဦးကို တြဲဘက္ေပးဖို႔ ရွိပါတယ္။ လီဗာပူးလူစာရင္းက ဒဏ္ရာရ ကစားသမား မ်ားလြန္းတာေၾကာင့္ ကစားသမားေတြ ေနရာေျပာင္းကစားတာေတြလည္း ပိုျမင္လာရဦးမွာပါ။

ႏုိင္ငံတကာ သီတင္းပတ္မတိုင္ခင္ မန္စီးတီးပြဲမွာ ထရန္႔ ဒဏ္ရာရခဲ့ျပီး ႏုိင္ငံတကာ သီတင္းပတ္အတြင္းမွာ ဂိုးမက္စ္၊ ဟန္ဒါဆန္တို႔ ဒဏ္ရာရခဲ့တာပါ။ ဘယ္အစြန္လူ ေရာ္ဘတ္ဆန္ကလည္း အေသးစားဒဏ္ရာ ရခဲ့ေပမယ့္ မနက္က စေကာ္တလန္ပြဲမွာ ျပန္ပါသြားခဲ့တယ္။

အသင္းပရိသတ္ေတြက ဖာဘင္ညိဳ၊ သီယာဂိုတို႔ရဲ႕ အေျခအေနကို ေစာင့္နားေထာင္ေနတယ္။ သူတို႔ႏွစ္ဦးဟာ လက္စတာပြဲ မတိုင္ခင္မွာ စီနီယာေလ့က်င့္ေရး ျပန္ဝင္မယ္ဆိုတဲ့ သတင္းေတြလည္း ၾကားထားရတယ္။ ဒါေပမယ့္လို႔ အခုခ်ိန္ထိ လူျမင္ကြင္းကို ထြက္မလာေသးတာကလည္း ပရိသတ္ေတြကို စိုးထိတ္မႈေတြ ျဖစ္ေနေစပါတယ္။