လီဗာပူးဟာ အက်ဆာလေ့ကျင့်ရေးကို ပြောင်းရွှေ့ရာမှာ မဲဝုဒ်ရဲ့ ဂန္တဝင် အငွေ့အသက်ကို အတူ သယ်ဆောင်လာခဲ့ပါကြောင်း လက်ထောက်နည်းပြ ပပ်လင်ဒါးက ထုတ်ပြောလိုက်ပါတယ်။

AXA Traing Centre မှာ လီဗာပူးအသင်းကြီးနဲ့ ယူ ၂၃ အသင်းတို့ အဆောက်အအုံတစ်ခုထဲ အတူပေါင်းထားတာဖြစ်ပြီး ကမ္ဘာ့အဆင့်မီ ပစ္စည်းအစုံအလင်နဲ့အတူ လေ့ကျင့်စေမှာပါ။ အက်ဆာဟာ လုံးဝပြီးပြည့်စုံတဲ့နေရာဖြစ်ကြောင်းလည်း ယာဂင်ကလော့ပ်က မှတ်ချက်ပေး ပြောဆိုထားခဲ့တာဖြစ်တယ်။

မဲဝုဒ်ကနေ ၉၂၀၀ မီတာစကွဲ ကျယ်ဝန်းတဲ့ လေ့ကျင်ရေးကွင်းအသစ်ဆီကို ဝန်ထမ်းတွေ ပြောင်းရွှေ့ရတာက လီဗာပူးရဲ့ ခေတ်သစ်တစ်ခုကို အကူးအပြောင်း လုပ်ခြင်းအတွက် ဟာကွက်မရှိ ပြည့်ဝစေခဲ့တာပါလို့ လင်ဒါးက ယုံကြည်နေတာပါ။

ပပ်လင်ဒါးက “ဂန္တဝင်တွေ၊ မိသားစု၊ သမိုင်းကြောင်း အားလုံးက မဲဝုဒ်မှာ အတူရှိခဲ့ကြတာပါ၊ ကိုယ်ပိုင် သမိုင်းကြောင့်နဲ့အတူ မဲဝုဒ်က အထင်ကြီးစရာ နေရာတစ်ခု ဖြစ်ခဲ့တယ်၊ အဲ့ဒီ့မှာ အသင်း အသစ် အသစ်တွေ မွေးဖွားခဲ့တယ်၊ နည်းဗျူဟာအသစ်တွေ ဖန်တီးခဲ့တယ်၊ လူငယ်တွေက အရေးပါတဲ့ ကစားသမားတွေအဖြစ် ပြောင်းလဲလာခဲ့တယ်။

သူများတွေထက် ပိုပြီးတော့ စိတ်အားထက်သန်တဲ့ ရည်မှန်းချက် ကြီးမားတဲ့ ကစားသမားတွေနဲ့အတူ လိဂ်ဖလား၊ ချန်ပီယံလိဂ်ဖလားတွေ အောင်မြင်ခဲ့တဲ့ လက်ရှိအသင်းနဲ့ မဲဝုဒ်ကို စွန့်ခွာနိုင်ခဲ့တာဟာ သိပ်ကို စိတ်ကျေနပ်စရာ ကောင်းပါတယ်၊ ကျွန်တော်တို့ နောက်ထပ်ခြေလှမ်းသစ်အတွက် အဆင်သင့်ဖြစ်နေပါပြီ၊ အနာဂတ်အတွက် အဆင်သင့်ဖြစ်နေပါပြီ။

ကျွန်တော့် အမြင်မှာတော့ နေရာဆိုတာ လူက ဖန်တီးတာပါ။ ဒါကြောင့် ကျွန်တော်တို့နဲ့အတူ မဲဝုဒ်ကို ယူဆောင်ခဲ့ပြီးတော့ မဲဝုဒ်က ကျွန်တော်တို့ စိတ်ထဲမှာ ရှင်သန်နေပါတယ်၊ လီဗာပူး မျိုးဆက်သစ်တိုင်းက အတိတ်ကို ကိုယ်စားပြုတယ်၊ စိတ်ကူးစိတ်သန်းတွေနဲ့ ထက်သန်တဲ့စိတ်ဓာတ်က အောင်မြင်မှုဆီ ရောက်ရှိစေမှာပါ။

ကျွန်တော်တို့တွေ တည်တည်ငြိမ်ငြိမ်နဲ့ ခြေစွမ်းကောင်းတွေ ပြသနိုင်ခဲ့တဲ့ အကြောင်းအရင်းတစ်ခုက မဲဝုဒ်ရဲ့ ပတ်ဝန်းကျင်က လူတွေကြောင့်ပါ၊ အဲ့ဒါက ကျွန်တော်တို့ ကိုယ်ပိုင် နေအိမ်တွေ ပြီးရင် အများဆုံးနေဖြစ်ခဲ့တဲ့ နေရာပါ။

အခု ကျွန်တော်တို့ မဲဝုဒ်ကနေ လေ့ကျင့်ရေးကွင်းသစ်ကြီးကို သွားတော့မယ်၊ ဒီနေရာဖြစ်လာဖို့အတွက် ကျွန်တော် တခြားသူတွေနဲ့အတူ ပါဝင်ကူညီထားခဲ့တယ်၊ ကျွန်တော်တို့ရဲ့ နေရာအသစ်နဲ့အတူ အသင်း အောင်မြင်ခဲ့တဲ့ အရာတွေကို ဆက်လက်အောင်မြင်နိုင်အောင် ကြိုးစားဖို့ တကယ်ပဲ စိတ်လှုပ်ရှားနေပါတယ်”လို့ ပြောဆိုခဲ့တာပဲဖြစ်ပါတယ်။

ZAWGYI

လီဗာပူးဟာ အက္ဆာေလ့က်င့္ေရးကို ေျပာင္းေရႊ႔ရာမွာ မဲဝုဒ္ရဲ႕ ဂႏၱဝင္ အေငြ႔အသက္ကို အတူ သယ္ေဆာင္လာခဲ့ပါေၾကာင္း လက္ေထာက္နည္းျပ ပပ္လင္ဒါးက ထုတ္ေျပာလိုက္ပါတယ္။

AXA Traing Centre မွာ လီဗာပူးအသင္းႀကီးနဲ႔ ယူ ၂၃ အသင္းတို႔ အေဆာက္အအုံတစ္ခုထဲ အတူေပါင္းထားတာျဖစ္ၿပီး ကမာၻ႔အဆင့္မီ ပစၥည္းအစုံအလင္နဲ႔အတူ ေလ့က်င့္ေစမွာပါ။ အက္ဆာဟာ လုံးဝၿပီးျပည့္စုံတဲ့ေနရာျဖစ္ေၾကာင္းလည္း ယာဂင္ကေလာ့ပ္က မွတ္ခ်က္ေပး ေျပာဆိုထားခဲ့တာျဖစ္တယ္။

မဲဝုဒ္ကေန ၉၂၀၀ မီတာစကြဲ က်ယ္ဝန္းတဲ့ ေလ့က်င္ေရးကြင္းအသစ္ဆီကို ဝန္ထမ္းေတြ ေျပာင္းေ႐ႊ႕ရတာက လီဗာပူးရဲ႕ ေခတ္သစ္တစ္ခုကို အကူးအေျပာင္း လုပ္ျခင္းအတြက္ ဟာကြက္မရွိ ျပည့္ဝေစခဲ့တာပါလို႔ လင္ဒါးက ယုံၾကည္ေနတာပါ။

ပပ္လင္ဒါးက “ဂႏၲဝင္ေတြ၊ မိသားစု၊ သမိုင္းေၾကာင္း အားလုံးက မဲဝုဒ္မွာ အတူရွိခဲ့ၾကတာပါ၊ ကိုယ္ပိုင္ သမိုင္းေၾကာင့္နဲ႔အတူ မဲဝုဒ္က အထင္ႀကီးစရာ ေနရာတစ္ခု ျဖစ္ခဲ့တယ္၊ အဲ့ဒီ့မွာ အသင္း အသစ္ အသစ္ေတြ ေမြးဖြားခဲ့တယ္၊ နည္းဗ်ဴဟာအသစ္ေတြ ဖန္တီးခဲ့တယ္၊ လူငယ္ေတြက အေရးပါတဲ့ ကစားသမားေတြအျဖစ္ ေျပာင္းလဲလာခဲ့တယ္။

သူမ်ားေတြထက္ ပိုၿပီးေတာ့ စိတ္အားထက္သန္တဲ့ ရည္မွန္းခ်က္ ႀကီးမားတဲ့ ကစားသမားေတြနဲ႔အတူ လိဂ္ဖလား၊ ခ်န္ပီယံလိဂ္ဖလားေတြ ေအာင္ျမင္ခဲ့တဲ့ လက္ရွိအသင္းနဲ႔ မဲဝုဒ္ကို စြန္႔ခြာႏိုင္ခဲ့တာဟာ သိပ္ကို စိတ္ေက်နပ္စရာ ေကာင္းပါတယ္၊ ကြၽန္ေတာ္တို႔ ေနာက္ထပ္ေျခလွမ္းသစ္အတြက္ အဆင္သင့္ျဖစ္ေနပါၿပီ၊ အနာဂတ္အတြက္ အဆင္သင့္ျဖစ္ေနပါၿပီ။

ကြၽန္ေတာ့္ အျမင္မွာေတာ့ ေနရာဆိုတာ လူက ဖန္တီးတာပါ။ ဒါေၾကာင့္ ကြၽန္ေတာ္တို႔နဲ႔အတူ မဲဝုဒ္ကို ယူေဆာင္ခဲ့ၿပီးေတာ့ မဲဝုဒ္က ကြၽန္ေတာ္တို႔ စိတ္ထဲမွာ ရွင္သန္ေနပါတယ္၊ လီဗာပူး မ်ိဳးဆက္သစ္တိုင္းက အတိတ္ကို ကိုယ္စားျပဳတယ္၊ စိတ္ကူးစိတ္သန္းေတြနဲ႔ ထက္သန္တဲ့စိတ္ဓာတ္က ေအာင္ျမင္မႈဆီ ေရာက္ရွိေစမွာပါ။

ကြၽန္ေတာ္တို႔ေတြ တည္တည္ၿငိမ္ၿငိမ္နဲ႔ ေျခစြမ္းေကာင္းေတြ ျပသႏိုင္ခဲ့တဲ့ အေၾကာင္းအရင္းတစ္ခုက မဲဝုဒ္ရဲ႕ ပတ္ဝန္းက်င္က လူေတြေၾကာင့္ပါ၊ အဲ့ဒါက ကြၽန္ေတာ္တို႔ ကိုယ္ပိုင္ ေနအိမ္ေတြ ၿပီးရင္ အမ်ားဆုံးေနျဖစ္ခဲ့တဲ့ ေနရာပါ။

အခု ကြၽန္ေတာ္တို႔ မဲဝုဒ္ကေန ေလ့က်င့္ေရးကြင္းသစ္ႀကီးကို သြားေတာ့မယ္၊ ဒီေနရာျဖစ္လာဖို႔အတြက္ ကြၽန္ေတာ္ တျခားသူေတြနဲ႔အတူ ပါဝင္ကူညီထားခဲ့တယ္၊ ကြၽန္ေတာ္တို႔ရဲ႕ ေနရာအသစ္နဲ႔အတူ အသင္း ေအာင္ျမင္ခဲ့တဲ့ အရာေတြကို ဆက္လက္ေအာင္ျမင္ႏိုင္ေအာင္ ႀကိဳးစားဖို႔ တကယ္ပဲ စိတ္လႈပ္ရွားေနပါတယ္”လို႔ ေျပာဆိုခဲ့တာပဲျဖစ္ပါတယ္။