လီဗာပူးဂန္တဝင်ကြီး ဆာကင်နီက အသင်းကို ဂျိုတာ ရောက်လာတာက သက်ရောက်မှု ကြီးမားတယ်လို့ ဆိုလိုက်သလို ဖာမင်နိုရဲ့ အနေအထားအတွက်လည်း စိုးရိမ်နေခြင်း မရှိဘူးလို့ ဆိုပါတယ်။

လက်ရှိ အသင်းသားတွေ မတိုင်ခင် နောက်ဆုံး ၁၈ ကြိမ်မြောက် အမှတ်ပေးဖလားကို မန်နေဂျာ၊ ကစားသမား ပူးတွဲတာဝန်ယူပြီး ရယူပေးခဲ့တဲ့ ကင်နီက ပရိသတ်တွေ အငြင်းပွားနေတဲ့ တိုက်စစ်ပိုင်းဟာ မန်နေဂျာတွေအတွက်တော့ နှစ်ခြိုက်စရာ ကိစ္စအဖြစ်မြင်ပါတယ်။

ဆာကင်နီက ” ဒီယေဂို အခုလုပ်နေသလို လူစားဝင်လာပြီး ဂိုးတွေကို သွင်းသွားတဲ့ လွတ်လပ်တဲ့ ပုံစံက တကယ်ကို သက်ရောက်မှု ကြီးပါတယ်။ အမြဲတမ်း ပွဲချိန်ပြည့် မကစားရပေမယ့် ကောင်းကောင်းလုပ်ထားနိုင်တယ်။ ကလပ်အတွက် သူလို ခပ်မြန်မြန် အခြေကျပြီး အရေးပါတာတွေကို လုပ်နိုင်တာက သိပ်ကောင်းပါတယ်။ ပရိသတ်တွေကလည်း ယုံကြည်မှု ရှိလာတယ်။

ကျနော်က ဖာမင်နိုနဲ့ ပက်သက်လို့ စိုးရိမ်မိတာတော့ မရှိပါဘူး။ ဘော်ဘီက ကောင်းမွန်တဲ့ ထိချက်တွေ သိပ်ကောင်းတဲ့ အလုပ်တွေနဲ့အတူ အရမ်းကောင်းတဲ့ ကစားသမားပါ။ သူက ဆာလက်၊ မာနေးတို့နဲ့ တွဲဘက်ကစားရာမှာ သိပ်ကောင်းသလို မန်စီးတီးပွဲတုန်းက သူတို့ လေးယောက် တွဲကစားတုန်းကလည်း သိပ်ကောင်းပါတယ်။

ဘော်ဘီဟာ လီဗာပူးအတွက် အရမ်းကို အရေးကြီးတဲ့ ကစားသမား ဖြစ်ပါတယ်။ ” လို့ ဆိုခဲ့တာ ဖြစ်ပါတယ်။

အနာဂတ်မှာတော့ တိုက်စစ် သုံးယောက်တန်းအပြင်၊ လေးယောက်တန်း တိုက်စစ်၊ နှစ်ဦးတွဲ တိုက်စစ်တွေကိုလည်း မန်နေဂျာကလော့ပ်က ရွေးချယ်နိုင်ပြီး ကနဦး ကာလအဖြစ် လေးယောက်တန်း တိုက်စစ်ကိုပါ မြင်နေရတာကို ကင်နီက ဟိုက်လိုက်လုပ်ပြီး ပြောပါတယ်။

ကင်နီကပဲ ” ကောင်းမွန်တဲ့ ရွေးချယ်မှုဖြစ်ပြီး ဒါကပဲ ယာဂင် လုပ်လေ့ရှိတာပါ။ ပွဲအချို့မှာ လေးဦးလုံးကို ထုတ်သုံးတာတွေ လုပ်ထားတယ်။ မန်စီးတီးပွဲမှာပေါ့။ အချို့ပွဲမှာတော့ သုံးယောက် (သို့) နှစ်ယောက်ပဲ ရွေးတာတွေ လုပ်နိုင်တယ်။ ယာဂင်က သိပ်ကောင်းတဲ့ ရွေးချယ်မှုတွေ ရထားပြီး ရှေ့ဆက်ပြီးလည်း ဆုံးဖြတ်ချက်တွေ လုပ်လာနိုင်တယ်။ ” လို့ မှတ်ချက်ပေးခဲ့တာ ဖြစ်ပါတယ်။

လက်စတာပွဲမှာတော့ ဆာလက် မပါဝင်နိုင်တာကြောင့် မန်နေဂျာကလော့ပ်ဟာ သုံးယောက်တန်း တိုက်စစ်အဖြစ် မာနေး၊ ဖာမင်နို၊ ဂျိုတာတွဲလုံးကို ထုတ်သုံးဖွယ် ရှိနေတာ ဖြစ်ပါတယ်။

ZAWGYI

လီဗာပူးဂႏၱဝင္ၾကီး ဆာကင္နီက အသင္းကို ဂ်ိဳတာ ေရာက္လာတာက သက္ေရာက္မႈ ၾကီးမားတယ္လို႔ ဆိုလိုက္သလို ဖာမင္ႏိုရဲ႕ အေနအထားအတြက္လည္း စိုးရိမ္ေနျခင္း မရွိဘူးလို႔ ဆိုပါတယ္။

လက္ရွိ အသင္းသားေတြ မတိုင္ခင္ ေနာက္ဆံုး ၁၈ ၾကိမ္ေျမာက္ အမွတ္ေပးဖလားကို မန္ေနဂ်ာ၊ ကစားသမား ပူးတြဲတာဝန္ယူျပီး ရယူေပးခဲ့တဲ့ ကင္နီက ပရိသတ္ေတြ အျငင္းပြားေနတဲ့ တိုက္စစ္ပိုင္းဟာ မန္ေနဂ်ာေတြအတြက္ေတာ့ ႏွစ္ျခိဳက္စရာ ကိစၥအျဖစ္ျမင္ပါတယ္။

ဆာကင္နီက ” ဒီေယဂို အခုလုပ္ေနသလို လူစားဝင္လာျပီး ဂိုးေတြကို သြင္းသြားတဲ့ လြတ္လပ္တဲ့ ပံုစံက တကယ္ကို သက္ေရာက္မႈ ၾကီးပါတယ္။ အျမဲတမ္း ပြဲခ်ိန္ျပည့္ မကစားရေပမယ့္ ေကာင္းေကာင္းလုပ္ထားႏုိင္တယ္။ ကလပ္အတြက္ သူလို ခပ္ျမန္ျမန္ အေျခက်ျပီး အေရးပါတာေတြကို လုပ္ႏုိင္တာက သိပ္ေကာင္းပါတယ္။ ပရိသတ္ေတြကလည္း ယံုၾကည္မႈ ရွိလာတယ္။

က်ေနာ္က ဖာမင္ႏိုနဲ႔ ပက္သက္လို႔ စိုးရိမ္မိတာေတာ့ မရွိပါဘူး။ ေဘာ္ဘီက ေကာင္းမြန္တဲ့ ထိခ်က္ေတြ သိပ္ေကာင္းတဲ့ အလုပ္ေတြနဲ႔အတူ အရမ္းေကာင္းတဲ့ ကစားသမားပါ။ သူက ဆာလက္၊ မာေနးတို႔နဲ႔ တြဲဘက္ကစားရာမွာ သိပ္ေကာင္းသလို မန္စီးတီးပြဲတုန္းက သူတို႔ ေလးေယာက္ တြဲကစားတုန္းကလည္း သိပ္ေကာင္းပါတယ္။

ေဘာ္ဘီဟာ လီဗာပူးအတြက္ အရမ္းကို အေရးၾကီးတဲ့ ကစားသမား ျဖစ္ပါတယ္။ ” လို႔ ဆိုခဲ့တာ ျဖစ္ပါတယ္။

အနာဂတ္မွာေတာ့ တိုက္စစ္ သံုးေယာက္တန္းအျပင္၊ ေလးေယာက္တန္း တိုက္စစ္၊ ႏွစ္ဦးတြဲ တိုက္စစ္ေတြကိုလည္း မန္ေနဂ်ာကေလာ့ပ္က ေရြးခ်ယ္ႏုိင္ျပီး ကနဦး ကာလအျဖစ္ ေလးေယာက္တန္း တိုက္စစ္ကိုပါ ျမင္ေနရတာကို ကင္နီက ဟိုက္လိုက္လုပ္ျပီး ေျပာပါတယ္။

ကင္နီကပဲ ” ေကာင္းမြန္တဲ့ ေရြးခ်ယ္မႈျဖစ္ျပီး ဒါကပဲ ယာဂင္ လုပ္ေလ့ရွိတာပါ။ ပြဲအခ်ိဳ႔မွာ ေလးဦးလံုးကို ထုတ္သံုးတာေတြ လုပ္ထားတယ္။ မန္စီးတီးပြဲမွာေပါ့။ အခ်ိဳ႔ပြဲမွာေတာ့ သံုးေယာက္ (သို႔) ႏွစ္ေယာက္ပဲ ေရြးတာေတြ လုပ္ႏုိင္တယ္။ ယာဂင္က သိပ္ေကာင္းတဲ့ ေရြးခ်ယ္မႈေတြ ရထားျပီး ေရွ႔ဆက္ျပီးလည္း ဆံုးျဖတ္ခ်က္ေတြ လုပ္လာႏုိင္တယ္။ ” လို႔ မွတ္ခ်က္ေပးခဲ့တာ ျဖစ္ပါတယ္။

လက္စတာပြဲမွာေတာ့ ဆာလက္ မပါဝင္ႏုိင္တာေၾကာင့္ မန္ေနဂ်ာကေလာ့ပ္ဟာ သံုးေယာက္တန္း တိုက္စစ္အျဖစ္ မာေနး၊ ဖာမင္ႏို၊ ဂ်ိဳတာတြဲလံုးကို ထုတ္သံုးဖြယ္ ရွိေနတာ ျဖစ္ပါတယ္။