လီဗာပူးအသင်းရဲ့ နည်းပြအဖွဲ့ဝင် တစ်ဦးဖြစ်တဲ့ ဟယ်ရီဆန် ကင်းစတန်ဟာ ကလပ်ကနေ ထွက်ခွာပြီး မိုရိုကန်လက်ရွေးစင်အသင်းနဲ့ ပူးပေါင်းသွားခဲ့ပြီဖြစ်ပါတယ်။

၂၀၁၂ မှာစတင်ပြီး လီဗာပူးအသင်းထံ ရောက်လာခဲ့တဲ့ ကင်းစတန်ဟာ post-match analysis ပိုင်းမှာ အကြီးအကဲ တာဝန်ကို ယူထားသူဖြစ်တယ်။ သူဟာ ယာဂင်ကလော့ပ်ရဲ့ လက်အောက်မှာ မဟုတ်ဘဲ ယာဂင်ရဲ့ လက်ထောက်ဖြစ်သူ ဂရာဝက်ဇ်ရဲ့ နည်းစနစ်ပိုင်း လေ့လာသူ အဖွဲ့ထဲမှာ ပါဝင်သူဖြစ်ပါတယ်။

ဂရာဝက်ဇ် ဦးဆောင်ပြီး ကင်စတန်နဲ့ မက်လေလန်းတို့ ပါဝင်တဲ့ အဖွဲ့ဟာ မန်နေဂျာယာဂင်ကလော့ပ်အတွက် ပြိုင်ဘက်တွေရဲ့ နည်းစနစ်နဲ့ အသင်းရဲ့ နည်းစနစ်ကို လေ့လာပေးတဲ့ နည်းဗျူဟာရှင်အဖွဲ့ဖြစ်တယ်။ ဒီလမှာပဲ ကင်စတန် ထွက်ခွာသွားတာကြောင့် လေးလန်းကို အကြီးအကဲ တာဝန် လွဲပြောင်းပေးထားပါတယ်။

လေးလန်းဟာ စီနီယာအသင်း တိုးတက်မှုဆိုင်ရာ ခွဲခြမ်းစိတ်ဖြာသူတာဝန်ကိုလည်း ပူးတွဲယူသွားမှာဖြစ်ကာ ကာဘီမှာရှိတဲ့ လေ့ကျင့်ရေးနဲ့ ပွဲနေ့တွေအတွင်း စီနီယာတွေရဲ့ စွမ်းဆောင်ရည်ကို ခြေရာကောင်းပေးနေမှာဖြစ်တယ်။

လီဗာပူးဘက်က အခြားသော ထိပ်တန်း analysis တစ်ဦးကို ခေါ်ယူခြင်းအစား ကလပ်မှာရှိသူတွေကိုပဲ ရာထူးတိုးမြင့်ပေးဖို့ကို ဆန္ဒရှိခဲ့တယ်။ ကလပ်ရဲ့ နောက်ထပ် အရေးကြီး တာဝန်ဖြစ်တဲ့ အသင်းဆေးဆရာဝန် နေရာကိုလည်း ထွက်ခွာသွားတဲ့ မာဆီအစား Dr Jim Moxon ကို ရာထူးတိုးပေးခြင်းဖြင့်ပဲ အကောင်းဆုံး ကိုင်တွယ်ခဲ့တယ်။

လီဗာပူး ဟာ နိုင်ငံတကာ သီတင်းပတ်ပြီးရင် လက်စတာနဲ့ အရေးပါတဲ့ ပွဲစဉ်အတွက် စတင်ပြင်ဆင်ရမှာဖြစ်ပြီး လက်ရှိ လိဂ်အမှတ်ပေးဇယားမှာတော့ သူတို့ဟာ လက်စတာနဲ့ ၁ မှတ်အကွာ အဆင့်၃ နေရာမှာ ရပ်တည်နေတာဖြစ်ပါတယ်။

တနင်္ဂနွေနေ့ အန်ဖီးမှာ တွေ့ရမယ့်ပွဲပြီးရင်တော့ လီဗာပူးဟာ ချန်ပီယံလိဂ် အုပ်စုအဆင့်ပွဲတွေ ပြန်ကစားရမှာဖြစ်ပြီး နိုဝင်ဘာ ၂၅ မှာ အတ္တလန္တာကို အိမ်ကွင်းမှာပဲ လက်ခံကစားရမှာဖြစ်ပါတယ်။

ZAWGYI

လီဗာပူးအသင္းရဲ႕ နည္းျပအဖြဲ႔ဝင္ တစ္ဦးျဖစ္တဲ့ ဟယ္ရီဆန္ ကင္းစတန္ဟာ ကလပ္ကေန ထြက္ခြာျပီး မိုရိုကန္လက္ေရြးစင္အသင္းနဲ႔ ပူးေပါင္းသြားခဲ့ျပီျဖစ္ပါတယ္။

၂၀၁၂ မွာစတင္ျပီး လီဗာပူးအသင္းထံ ေရာက္လာခဲ့တဲ့ ကင္းစတန္ဟာ post-match analysis ပိုင္းမွာ အၾကီးအကဲ တာဝန္ကို ယူထားသူျဖစ္တယ္။ သူဟာ ယာဂင္ကေလာ့ပ္ရဲ႕ လက္ေအာက္မွာ မဟုတ္ဘဲ ယာဂင္ရဲ႕ လက္ေထာက္ျဖစ္သူ ဂရာဝက္ဇ္ရဲ႕ နည္းစနစ္ပိုင္း ေလ့လာသူ အဖြဲ႔ထဲမွာ ပါဝင္သူျဖစ္ပါတယ္။

ဂရာဝက္ဇ္ ဦးေဆာင္ျပီး ကင္စတန္နဲ႔ မက္ေလလန္းတို႔ ပါဝင္တဲ့ အဖြဲ႔ဟာ မန္ေနဂ်ာယာဂင္ကေလာ့ပ္အတြက္ ျပိဳင္ဘက္ေတြရဲ႕ နည္းစနစ္နဲ႔ အသင္းရဲ႕ နည္းစနစ္ကို ေလ့လာေပးတဲ့ နည္းဗ်ဴဟာရွင္အဖြဲ႔ျဖစ္တယ္။ ဒီလမွာပဲ ကင္စတန္ ထြက္ခြာသြားတာေၾကာင့္ ေလးလန္းကို အၾကီးအကဲ တာဝန္ လြဲေျပာင္းေပးထားပါတယ္။

ေလးလန္းဟာ စီနီယာအသင္း တိုးတက္မႈဆိုင္ရာ ခြဲျခမ္းစိတ္ျဖာသူတာဝန္ကိုလည္း ပူးတြဲယူသြားမွာျဖစ္ကာ ကာဘီမွာရွိတဲ့ ေလ့က်င့္ေရးနဲ႔ ပြဲေန႔ေတြအတြင္း စီနီယာေတြရဲ႕ စြမ္းေဆာင္ရည္ကို ေျခရာေကာင္းေပးေနမွာျဖစ္တယ္။

လီဗာပူးဘက္က အျခားေသာ ထိပ္တန္း analysis တစ္ဦးကို ေခၚယူျခင္းအစား ကလပ္မွာရွိသူေတြကိုပဲ ရာထူးတိုးျမင့္ေပးဖို႔ကို ဆႏၵရွိခဲ့တယ္။ ကလပ္ရဲ႕ ေနာက္ထပ္ အေရးၾကီး တာဝန္ျဖစ္တဲ့ အသင္းေဆးဆရာဝန္ ေနရာကိုလည္း ထြက္ခြာသြားတဲ့ မာဆီအစား Dr Jim Moxon ကို ရာထူးတိုးေပးျခင္းျဖင့္ပဲ အေကာင္းဆံုး ကိုင္တြယ္ခဲ့တယ္။

လီဗာပူး ဟာ ႏိုင္ငံတကာ သီတင္းပတ္ၿပီးရင္ လက္စတာနဲ႔ အေရးပါတဲ့ ပြဲစဥ္အတြက္ စတင္ျပင္ဆင္ရမွာျဖစ္ၿပီး လက္ရွိ လိဂ္အမွတ္ေပးဇယားမွာေတာ့ သူတို႔ဟာ လက္စတာနဲ႔ ၁ မွတ္အကြာ အဆင့္၃ ေနရာမွာ ရပ္တည္ေနတာျဖစ္ပါတယ္။

တနဂၤေႏြေန႔ အန္ဖီးမွာ ေတြ႕ရမယ့္ပြဲၿပီးရင္ေတာ့ လီဗာပူးဟာ ခ်န္ပီယံလိဂ္ အုပ္စုအဆင့္ပြဲေတြ ျပန္ကစားရမွာျဖစ္ၿပီး ႏိုဝင္ဘာ ၂၅ မွာ အတၱလႏၲာကို အိမ္ကြင္းမွာပဲ လက္ခံကစားရမွာျဖစ္ပါတယ္။