မန်စီးတီးက မန်နေဂျာဂွာဒီယိုလာနဲ့ ၂၀၂၃ ခုနှစ်ထိ စာချုပ်ချုပ်ခဲ့ပါပြီ။ လီဗာပူးမှာ မန်နေဂျာကလော့ပ်က ၂၀၂၄ ခုနှစ်ထိ စာချုပ်ရှိတာကြောင့် အနည်းဆုံး နောက်ထပ် ၂ ရာသီလောက် သူတို့နှစ်ဦးရဲ့ ပြိုင်ဆိုင်မှုကို မြင်တွေ့ရဦးမှာပါ။

လီဗာပူးတိုက်စစ်သမားဟောင်း ဟက်စကီးက လက်စတာတိုက်စစ်သမား ဗာဒီဟာ ရိုင်းစ်နဲ့ နက်ဖီးလစ်လို ဝါနုတဲ့ ခံစစ်သမားတွေကို ကောင်းကောင်းကြီး ဒုက္ခပေးနိုင်တယ်လို့ သတိပေးသွားပါတယ်။

းအားကစားဒါရိုက်တာ မိုင်ကယ်အတ်ဝပ် ပါဝင်တဲ့ လီဗာပူနဲ့ ပေါ်တူဂီလူမျိုး စူပါအေးဂျင့် ဂျော့မန်ဒက်ကြား ဆက်ဆံရေးက အများကြီး တိုးတက်လာပြီး အနာဂတ်မှာ မန်ဒက် အေဂျင်စီလက်အောက်က ကစားသမားကောင်းတွေ လီဗာပူးကို ပြောင်းလာဖို့ ပိုဖြစ်လာနိုင်တယ်လို့ The Athletic က သုံးသပ်ပါတယ်။

လီဗာပူးရဲ့ လူငယ်ကွင်းလယ်လူ ဂျိတ်ကိန်းက အက်ဆာမှာ စီနီယာနဲ့ ယူ-၂၃ အသင်းကို တွဲထားတာကြောင့် မန်နေဂျာကလော့ပ်ကို သူ့ရဲ့ အရည်အချင်းတွေ ပြသနိုင်ဖို့ မစောင့်နိုင်အောင် ဖြစ်နေပါတယ်။

လီဗာပူးအသင်းရဲ့ နည်းပြအဖွဲ့ဝင် တစ်ဦးဖြစ်တဲ့ ဟယ်ရီဆန် ကင်းစတန်ဟာ ကလပ်ကနေ ထွက်ခွာပြီး မိုရိုကန်လက်ရွေးစင်အသင်းနဲ့ ပူးပေါင်းသွားခဲ့ပြီဖြစ်ပါတယ်။

လီဗာပူးဂန္တဝင်ကြီး ဆာကင်နီက အသင်းကို ဂျိုတာ ရောက်လာတာက သက်ရောက်မှု ကြီးမားတယ်လို့ ဆိုလိုက်သလို ဖာမင်နိုရဲ့ အနေအထားအတွက်လည်း စိုးရိမ်နေခြင်း မရှိဘူးလို့ ဆိုပါတယ်။

လီဗာပူးဟာ အက်ဆာလေ့ကျင့်ရေးကို ပြောင်းရွှေ့ရာမှာ မဲဝုဒ်ရဲ့ ဂန္တဝင် အငွေ့အသက်ကို အတူ သယ်ဆောင်လာခဲ့ပါကြောင်း လက်ထောက်နည်းပြ ပပ်လင်ဒါးက ထုတ်ပြောလိုက်ပါတယ်။

လီဗာပူးအသင်းခေါင်းဆောင် ဟန်ဒါဆန်ဟာ အင်္ဂလန်အသင်းနဲ့ ဘယ်ဂျီယံအသင်းတို့ ယှဉ်ပြိုင်ကစားတဲ့ နိုင်ငံတကာသီတင်းပတ် ဒုတိယမြောက်ပွဲမှာ ရခဲ့တဲ့ ပေါင်ခြံဒဏ်ရာကြောင့် လက်စတာနဲ့ပွဲကို လွဲချော်သွားဖို့ ရှိနေပါတယ်။

ပရီးမီးယားလိဂ်ကတော့ အမှတ်ပေးချန်ပီယံ လီဗာပူးနဲ့ ဒီရာသီ အမှတ်ပေးဇယားကို ဦးဆောင်ထားသူ လက်စတာတို့ ယှဉ်ပြိုင်ရမယ့်ပွဲအတွက် VAR ဒိုင်လူကြီး ကိုတီအစား အန်ဒရီ မာရီနာဖြင့် ပြောင်းလဲပေးခဲ့ပြီဖြစ်ပါတယ်။

ပရီးမီးယားလိဂ်တိုက်စစ်သမား မိုင်ကယ်အိုဝင်က ဒီရာသီမှာ လီဗာပူးရဲ့ များပြားတဲ့ ဒဏ်ရာ ပြဿနာတွေကြောင့် အမှတ်ပေးလိဂ်အတွင်း ပြိုင်ဘက်တွေက လီဗာပူးကို ယှဉ်ပြိုင်လာနိုင်ကြတာပါလို့ သုံးသပ်ပြောဆိုပါတယ်။

ZAWGYI

မန္စီးတီးက မန္ေနဂ်ာဂြာဒီယိုလာနဲ႔ ၂၀၂၃ ခုႏွစ္ထိ စာခ်ဳပ္ခ်ဳပ္ခဲ့ပါျပီ။ လီဗာပူးမွာ မန္ေနဂ်ာကေလာ့ပ္က ၂၀၂၄ ခုႏွစ္ထိ စာခ်ဳပ္ရွိတာေၾကာင့္ အနည္းဆံုး ေနာက္ထပ္ ၂ ရာသီေလာက္ သူတို႔ႏွစ္ဦးရဲ႕ ျပိဳင္ဆိုင္မႈကို ျမင္ေတြ႔ရဦးမွာပါ။

လီဗာပူးတိုက္စစ္သမားေဟာင္း ဟက္စကီးက လက္စတာတိုက္စစ္သမား ဗာဒီဟာ ရိုင္းစ္နဲ႔ နက္ဖီးလစ္လို ဝါႏုတဲ့ ခံစစ္သမားေတြကို ေကာင္းေကာင္းၾကီး ဒုကၡေပးႏုိင္တယ္လို႔ သတိေပးသြားပါတယ္။

းအားကစားဒါရိုက္တာ မုိင္ကယ္အတ္ဝပ္ ပါဝင္တဲ့ လီဗာပူနဲ႔ ေပၚတူဂီလူမ်ိဳး စူပါေအးဂ်င့္ ေဂ်ာ့မန္ဒက္ၾကား ဆက္ဆံေရးက အမ်ားၾကီး တိုးတက္လာျပီး အနာဂတ္မွာ မန္ဒက္ ေအဂ်င္စီလက္ေအာက္က ကစားသမားေကာင္းေတြ လီဗာပူးကို ေျပာင္းလာဖို႔ ပိုျဖစ္လာႏုိင္တယ္လို႔ The Athletic က သံုးသပ္ပါတယ္။

လီဗာပူးရဲ႕ လူငယ္ကြင္းလယ္လူ ဂ်ိတ္ကိန္းက အက္ဆာမွာ စီနီယာနဲ႔ ယူ-၂၃ အသင္းကို တြဲထားတာေၾကာင့္ မန္ေနဂ်ာကေလာ့ပ္ကို သူ႔ရဲ႕ အရည္အခ်င္းေတြ ျပသႏုိင္ဖို႔ မေစာင့္ႏုိင္ေအာင္ ျဖစ္ေနပါတယ္။

လီဗာပူးအသင္းရဲ႕ နည္းျပအဖြဲ႔ဝင္ တစ္ဦးျဖစ္တဲ့ ဟယ္ရီဆန္ ကင္းစတန္ဟာ ကလပ္ကေန ထြက္ခြာျပီး မိုရိုကန္လက္ေရြးစင္အသင္းနဲ႔ ပူးေပါင္းသြားခဲ့ျပီျဖစ္ပါတယ္။

လီဗာပူးဂႏၱဝင္ၾကီး ဆာကင္နီက အသင္းကို ဂ်ိဳတာ ေရာက္လာတာက သက္ေရာက္မႈ ၾကီးမားတယ္လို႔ ဆိုလိုက္သလို ဖာမင္ႏိုရဲ႕ အေနအထားအတြက္လည္း စိုးရိမ္ေနျခင္း မရွိဘူးလို႔ ဆိုပါတယ္။

လီဗာပူးဟာ အက္ဆာေလ့က်င့္ေရးကို ေျပာင္းေရႊ႔ရာမွာ မဲဝုဒ္ရဲ႕ ဂႏၱဝင္ အေငြ႔အသက္ကို အတူ သယ္ေဆာင္လာခဲ့ပါေၾကာင္း လက္ေထာက္နည္းျပ ပပ္လင္ဒါးက ထုတ္ေျပာလိုက္ပါတယ္။

လီဗာပူးအသင္းေခါင္းေဆာင္ ဟန္ဒါဆန္ဟာ အဂၤလန္အသင္းနဲ႔ ဘယ္ဂ်ီယံအသင္းတို႔ ယွဥ္ျပိဳင္ကစားတဲ့ ႏုိင္ငံတကာသီတင္းပတ္ ဒုတိယေျမာက္ပြဲမွာ ရခဲ့တဲ့ ေပါင္ျခံဒဏ္ရာေၾကာင့္ လက္စတာနဲ႔ပြဲကို လြဲေခ်ာ္သြားဖို႔ ရွိေနပါတယ္။

ပရီးမီးယားလိဂ္ကေတာ့ အမွတ္ေပးခ်န္ပီယံ လီဗာပူးနဲ႔ ဒီရာသီ အမွတ္ေပးဇယားကို ဦးေဆာင္ထားသူ လက္စတာတို႔ ယွဥ္ျပိဳင္ရမယ့္ပြဲအတြက္ VAR ဒိုင္လူၾကီး ကိုတီအစား အန္ဒရီ မာရီနာျဖင့္ ေျပာင္းလဲေပးခဲ့ျပီျဖစ္ပါတယ္။

ပရီးမီးယားလိဂ္တိုက္စစ္သမား မုိင္ကယ္အိုဝင္က ဒီရာသီမွာ လီဗာပူးရဲ႕ မ်ားျပားတဲ့ ဒဏ္ရာ ျပႆနာေတြေၾကာင့္ အမွတ္ေပးလိဂ္အတြင္း ျပိဳင္ဘက္ေတြက လီဗာပူးကို ယွဥ္ျပိဳင္လာႏုိင္ၾကတာပါလို႔ သံုးသပ္ေျပာဆိုပါတယ္။