ဒီမနက်မှာတော့ လီဗာပူးအသင်းဟာ အက်ဆာလေ့ကျင့်ရေးကို ပြန်ပူးပေါင်းခဲ့ကြတဲ့ စီနီယာကစားသမားတွေရဲ့ ပုံရိပ်ကို ထုတ်ပြန်ခဲ့ရာမှာ စိတ်ဝင်စားစရာ အခြေအနေတွေ ပါဝင်ခဲ့ပါတယ်။

နိုင်ငံတကာသီတင်းပတ်အတွင်း အသေးစား ဒဏ်ရာတွေ ရခဲ့တဲ့ ဟန်ဒါဆန်နဲ့ ရော်ဘတ်ဆန်တို့ဟာ အက်ဆာမှာ ရှိနေပါတယ်။ ဟန်ဒါဆန်ဟာ ပြန်လည်ထူထောင်ရေး လေ့ကျင့်ခန်းတွေကို အကောင်းဆုံး လုပ်နေခဲ့သလို ရော်ဘတ်ဆန်ကလည်း အေးအေးဆေးဆေး အခြေအနေဖြစ်တယ်။

နိုင်ငံတကာ သီတင်းပတ် မတိုင်ခင်တည်းက ဒဏ်ရာရထားတဲ့ ဖာဘင်ညိုနဲ့ သီယာဂိုတို့ကိုလည်း မြင်ရတယ်။ ဖာဘင်ညိုဟာ ဒဏ်ရာပြဿနာမရှိတဲ့ ဂျုံး၊ မီလ်နာ၊ ဂျိုတာတို့နဲ့အတူ ကြံ့ခိုင်ရေးပိုင်းကို အတူတွဲပြီး လေ့ကျင့်နေတာကြောင့် လက်စတာနဲ့ပွဲကို ပါဝင်နိုင်လောက်တဲ့ အခြေအနေလို့ ယုံကြည်ရတယ်။ သီယာဂိုကို မြင်ရပေမယ့် လေ့ကျင့်နေတဲ့ ပုံရိပ်တော့ မဟုတ်ဘဲ ရော်ဘတ်ဆန် စကားပြောနေပုံ ဖြစ်ပါတယ်။

ဘရာဇီး ကစားသမားတွေက ကိုဗစ် အစစ်ခံနေသေးတာကြောင့် မပါနိုင်သေးပါဘူး။ မာနေး၊ ဂျိုတာ၊ ကိုစတက်တို့အပြင် မြက်ခင်းပေါ်မှာ တစ်ဦးတည်း လေ့ကျင့်နေတဲ့ ချိန်ဘာလိန်ရဲ့ အခြေအနေကိုလည်း ကလော့ပ်က ထုတ်ပြခဲ့တယ်။

လီဗာပူးအသင်းဝဘ်ဆိုဒ်ဟာ ပွဲကြို ကစားသမားတွေရဲ့ ဓါတ်ပုံကို ဖော်ပြရာမှာ ကြံ့ခိုင်ရေး အဆင်ပြေသူတွေ၊ လာမယ့်ပွဲမှာ ထည့်သုံးလို့ ရနိုင်သူတွေကိုပဲ ဖော်ပြလေ့ရှိတယ်။ ဒါကြောင့် ဖာဘင်ညို၊ သီယာဂို၊ ချိန်ဘာလိန်တို့ အခြေအနေ ပြန်ကောင်းနေပြီလို့ မှတ်ယူနိုင်တာဖြစ်တယ်။

လက်စတာပွဲကြို မီဒီယာတွေ့ဆုံမှုမှာတော့ ကလော့ပ်က ဒဏ်ရာပြဿနာတွေအတွက် ထုတ်ပြောမှာဖြစ်ပြီး ဒီနေ့ညမှာ စောင့်နားထောင်ရဖို့ ရှိနေပါတယ်။

ZAWGYI

ဒီမနက္မွာေတာ့ လီဗာပူးအသင္းဟာ အက္ဆာေလ့က်င့္ေရးကို ျပန္ပူးေပါင္းခဲ့ၾကတဲ့ စီနီယာကစားသမားေတြရဲ႕ ပံုရိပ္ကို ထုတ္ျပန္ခဲ့ရာမွာ စိတ္ဝင္စားစရာ အေျခအေနေတြ ပါဝင္ခဲ့ပါတယ္။

ႏုိင္ငံတကာသီတင္းပတ္အတြင္း အေသးစား ဒဏ္ရာေတြ ရခဲ့တဲ့ ဟန္ဒါဆန္နဲ႔ ေရာ္ဘတ္ဆန္တို႔ဟာ အက္ဆာမွာ ရွိေနပါတယ္။ ဟန္ဒါဆန္ဟာ ျပန္လည္ထူေထာင္ေရး ေလ့က်င့္ခန္းေတြကို အေကာင္းဆံုး လုပ္ေနခဲ့သလို ေရာ္ဘတ္ဆန္ကလည္း ေအးေအးေဆးေဆး အေျခအေနျဖစ္တယ္။

ႏုိင္ငံတကာ သီတင္းပတ္ မတိုင္ခင္တည္းက ဒဏ္ရာရထားတဲ့ ဖာဘင္ညိဳနဲ႔ သီယာဂိုတို႔ကိုလည္း ျမင္ရတယ္။ ဖာဘင္ညိဳဟာ ဒဏ္ရာျပႆနာမရွိတဲ့ ဂ်ံဳး၊ မီလ္နာ၊ ဂ်ိဳတာတို႔နဲ႔အတူ ၾကံ႕ခိုင္ေရးပိုင္းကို အတူတြဲျပီး ေလ့က်င့္ေနတာေၾကာင့္ လက္စတာနဲ႔ပြဲကို ပါဝင္ႏုိင္ေလာက္တဲ့ အေျခအေနလို႔ ယံုၾကည္ရတယ္။ သီယာဂိုကို ျမင္ရေပမယ့္ ေလ့က်င့္ေနတဲ့ ပံုရိပ္ေတာ့ မဟုတ္ဘဲ ေရာ္ဘတ္ဆန္ စကားေျပာေနပံု ျဖစ္ပါတယ္။

ဘရာဇီး ကစားသမားေတြက ကိုဗစ္ အစစ္ခံေနေသးတာေၾကာင့္ မပါႏုိင္ေသးပါဘူး။ မာေနး၊ ဂ်ိဳတာ၊ ကိုစတက္တို႔အျပင္ ျမက္ခင္းေပၚမွာ တစ္ဦးတည္း ေလ့က်င့္ေနတဲ့ ခ်ိန္ဘာလိန္ရဲ႕ အေျခအေနကိုလည္း ကေလာ့ပ္က ထုတ္ျပခဲ့တယ္။

လီဗာပူးအသင္းဝဘ္ဆိုဒ္ဟာ ပြဲၾကိဳ ကစားသမားေတြရဲ႕ ဓါတ္ပံုကို ေဖာ္ျပရာမွာ ၾကံ႕ခိုင္ေရး အဆင္ေျပသူေတြ၊ လာမယ့္ပြဲမွာ ထည့္သံုးလို႔ ရႏုိင္သူေတြကိုပဲ ေဖာ္ျပေလ့ရွိတယ္။ ဒါေၾကာင့္ ဖာဘင္ညိဳ၊ သီယာဂို၊ ခ်ိန္ဘာလိန္တို႔ အေျခအေန ျပန္ေကာင္းေနျပီလို႔ မွတ္ယူႏုိင္တာျဖစ္တယ္။

လက္စတာပြဲၾကိဳ မီဒီယာေတြ႔ဆံုမႈမွာေတာ့ ကေလာ့ပ္က ဒဏ္ရာျပႆနာေတြအတြက္ ထုတ္ေျပာမွာျဖစ္ျပီး ဒီေန႔ညမွာ ေစာင့္နားေထာင္ရဖို႔ ရွိေနပါတယ္။