ကိုရိုနာဗိုင်းရပ် ကူးစက်ခံထားရတဲ့ အီဂျစ်ကစားသမားတွေဖြစ်တဲ့ ဆာလက်နဲ့ အန်နီနီတို့ကို လီဗာပူးနဲ့ အာဆင်နယ် အသင်းတွေထံ သီးသန့်လေယာဉ်ဖြင့် ပြန်ပို့ပေးမယ်လို့ အီဂျစ်ဘောလုံးအဖွဲ့ချုပ်က ကြေညာလိုက်ပါတယ်။

၎င်းတို့ဟာ သောကြာနေ့မှာ ဗြိတိန်ကို ပြန်ဝင်လာကြာမှာဖြစ်ပြီး သက်ဆိုင်ရာကလပ်တွေရဲ့ စောင့်ရှောက်မှုဖြင့် ပိုးကင်းစင်တဲ့ထိ ကုသမှု ခံယူရမှာပါ။ ဆာလက်ဟာ ပိုးကူးစက်ခံထားရပေမယ့် ရောဂါလက္ခဏာ ပြသခြင်းမရှိဘဲ မကြာခင်မှာ ရလဒ်ကောင်း ထွက်လာတော့မယ်လို့ မျှော်လင့်ခံထားရသူ ဖြစ်ပါတယ်။

အီဂျစ်ဘက်က ” အီဂျစ် ဘောလုံးအဖွဲ့ချုပ်နဲ့ အင်္ဂလန်ဘောလုံးအသင်းတွေကြားမှာ ညိနှိုင်းဆောင်ရွက်မှုတွေ ရှိနေပါတယ်။ ဆာလက်နဲ့ အန်နီနီတို့ဟာ သောကြာနေ့မှာပဲ အီဂျစ်ကနေ သီးသန့် လေယာဉ်နဲ့ အင်္ဂလန်ကို ပြန်လာမှာဖြစ်ပါတယ်။ မကြာခင်မှာပဲ သူတို့ နှစ်ဦးက negative ရလဒ်တွေ ပြန်ရလာမယ်လို့ထင်ပါတယ်။

အီဂျစ်ဘောလုံးအဖွဲ့ချုပ်က ကိုရိုနာဗိုင်းရပ် ကူးစက်ခံထားရတဲ့ ကလပ် နှစ်သင်းက ကစားသမားတစ်ဦးစီအတွက် ပူးပေါင်းဆောင်ရွက်ပေးနေတယ်။ ဒီကနေ့ (ကြာသပတေးနေ့)မှာ နှစ်ဦးလုံးကို swab ယူပြီး စစ်ဆေးခဲ့ရာမှာလည်း ရလဒ်က positive ထွက်ပါတယ် ” လို့ ထုတ်ပြန်ခဲ့တာ ဖြစ်ပါတယ်။

ဒီကနေ့ လီဗာပူးကို ဆာလက် ပြန်ရောက်လာခဲ့ရင်လည်း သူဟာ လက်စတာပွဲကော၊ အတ္တလန်တာပွဲကိုပါ ပါဝင်ပေးနိုင်ဦးမှာ မဟုတ်ပါဘူး။ သီးသန့်လေယာဉ်နဲ့ ပြန်ခေါ်ခြင်းမှာ သက်ဆိုင်ရာ ကစားသမားတွေအတွက် ကုန်ကျစရိတ်ကို လီဗာပူးနဲ့ အာဆင်နယ်တို့က မျှခံရမှာဖြစ်ပါတယ်။

ZAWGYI

ကိုရိုနာဗိုင္းရပ္ ကူးစက္ခံထားရတဲ့ အီဂ်စ္ကစားသမားေတြျဖစ္တဲ့ ဆာလက္နဲ႔ အန္နီနီတို႔ကို လီဗာပူးနဲ႔ အာဆင္နယ္ အသင္းေတြထံ သီးသန္႔ေလယာဥ္ျဖင့္ ျပန္ပို႔ေပးမယ္လို႔ အီဂ်စ္ေဘာလံုးအဖြဲ႔ခ်ဳပ္က ေၾကညာလိုက္ပါတယ္။

၄င္းတို႔ဟာ ေသာၾကာေန႔မွာ ျဗိတိန္ကို ျပန္ဝင္လာၾကာမွာျဖစ္ျပီး သက္ဆုိင္ရာကလပ္ေတြရဲ႕ ေစာင့္ေရွာက္မႈျဖင့္ ပိုးကင္းစင္တဲ့ထိ ကုသမႈ ခံယူရမွာပါ။ ဆာလက္ဟာ ပိုးကူးစက္ခံထားရေပမယ့္ ေရာဂါလကၡဏာ ျပသျခင္းမရွိဘဲ မၾကာခင္မွာ ရလဒ္ေကာင္း ထြက္လာေတာ့မယ္လို႔ ေမွ်ာ္လင့္ခံထားရသူ ျဖစ္ပါတယ္။

အီဂ်စ္ဘက္က ” အီဂ်စ္ ေဘာလံုးအဖြဲ႔ခ်ဳပ္နဲ႔ အဂၤလန္ေဘာလံုးအသင္းေတြၾကားမွာ ညိႏိႈင္းေဆာင္ရြက္မႈေတြ ရွိေနပါတယ္။ ဆာလက္နဲ႔ အန္နီနီတို႔ဟာ ေသာၾကာေန႔မွာပဲ အီဂ်စ္ကေန သီးသန္႔ ေလယာဥ္နဲ႔ အဂၤလန္ကို ျပန္လာမွာျဖစ္ပါတယ္။ မၾကာခင္မွာပဲ သူတို႔ ႏွစ္ဦးက negative ရလဒ္ေတြ ျပန္ရလာမယ္လို႔ထင္ပါတယ္။

အီဂ်စ္ေဘာလံုးအဖြဲ႔ခ်ဳပ္က ကိုရိုနာဗိုင္းရပ္ ကူးစက္ခံထားရတဲ့ ကလပ္ ႏွစ္သင္းက ကစားသမားတစ္ဦးစီအတြက္ ပူးေပါင္းေဆာင္ရြက္ေပးေနတယ္။ ဒီကေန႔ (ၾကာသပေတးေန႔)မွာ ႏွစ္ဦးလံုးကို swab ယူျပီး စစ္ေဆးခဲ့ရာမွာလည္း ရလဒ္က positive ထြက္ပါတယ္ ” လို႔ ထုတ္ျပန္ခဲ့တာ ျဖစ္ပါတယ္။

ဒီကေန႔ လီဗာပူးကို ဆာလက္ ျပန္ေရာက္လာခဲ့ရင္လည္း သူဟာ လက္စတာပြဲေကာ၊ အတၱလန္တာပြဲကိုပါ ပါဝင္ေပးႏုိင္ဦးမွာ မဟုတ္ပါဘူး။ သီးသန္႔ေလယာဥ္နဲ႔ ျပန္ေခၚျခင္းမွာ သက္ဆုိင္ရာ ကစားသမားေတြအတြက္ ကုန္က်စရိတ္ကို လီဗာပူးနဲ႔ အာဆင္နယ္တို႔က မွ်ခံရမွာျဖစ္ပါတယ္။