ဒီအပတ်မှာတော့ ပရီးမီးယားလိဂ် ပွဲစဉ် ၉ အဖြစ် လီဗာပူးနဲ့ လက်စတာအသင်းတို့ ယှဉ်ပြိုင်ကစားကြမှာဖြစ်ပြီး ဒီပွဲက လီဗာပူးအတွက် စိန်ခေါ်မှုကြီးတစ်ခု ဖြစ်လာပါမယ်။

လီဗာပူးဟာ ဒဏ်ရာပြဿနာ ကြီးကြီးမားမား ထိန်းနှက်ခံထားရပြီး အဓိကအားဖြင့် ခံစစ်ပိုင်းမှာ အကြီးအကျယ် အထိနာနေတယ်။ ဒီအပိုင်းကို လက်ရှိ အချိန်ထိ ကလော့ပ်က အကောင်းဆုံး ပြင်ဆင်နေပြီး ဆက်လက် လုပ်ဆောင်နိုင်ဖို့လည်း မျှော်လင့်နေရတာ ဖြစ်ပါတယ်။

လော်ရိုးက ” လီဗာပူးအသင်းမှာ ဗဟိုခံစစ်ပိုင်း ပြတ်လှပ်မှုတွေ ရှိနေသလို သူတို့ဟာ ဗာဒီရဲ့ မြန်နှုန်းကို ထိပ်တိုက် ရင်ဆိုင်ဖို့လည်း နည်းလမ်းရှာရမှာ ဖြစ်ပါတယ်။

ခံစစ်အတွက် ဖာဘင်ညိုကို မာတစ်နဲ့ တွဲဘက်ပြီး သုံးနိုင်တယ်။ ဘရာဇီးကွင်းလယ်လူက တံကောက်ကြောဒဏ်ရာကနေ သက်သာနေမယ်ဆိုရင်ပေါ့။ မဟုတ်ရင်လည်း ဖာဘင်ညို မကစားနိုင်သေးရင် ဟန်ဒါဆန်ကို ခံစစ်နေရာ ဆင်းကစားစေလို ရနိုင်ပါတယ်။

နက်ဖီးလစ်ကလည်း ဗဟိုခံစစ်သမားပါပဲ။ ဒါပေမယ့်လို့ သူက ခေါင်းတိုက်ဘောတွေကို အားသန်တဲ့ ကစားသမားဖြစ်ပါတယ်။ လက်စတာဟာ ဧရိယာထဲကို ဖြတ်တင်ဘောတွေ ပို့ပြီး အလုပ်ရှုပ်စေတဲ့ အသင်း မဟုတ်ပါဘူး။

လီဗာပူး ညာအစွန်လူ ထရန့်ကလည်း ပါနိုင်မှာ မဟုတ်ဘူး။ ဒါကြောင့် တနင်္ဂနွေနေ့ပွဲမှာ နီကိုး ဝီလီယမ် (သို့) ဂျိမ်းမီလ်နာကို အစားထိုးဖွယ်ရှိတယ်။ ဒါဟာ ယခင်က လုံးဝ မသုံးဖူးတဲ့ ခံစစ်လေးယောက်တန်းလည်း ဖြစ်လာပါလိမ့်မယ်။

ဗာဒီကတော့ သွေးသံသရဲရဲကို အနံ့ခံမိနေပြီလို့ ထင်ပါတယ်။ လီဗာပူးက သူ့ကို လုပ်မရအောင်လို့ ထိန်းသိမ်းသွားရမှာ ဖြစ်ပါတယ် ” လို့ ဆိုခဲ့တာ ဖြစ်ပါတယ်။

ဒီပွဲအတွက် လော်ရိုးရဲ့ ခန့်မှန်းရလဒ်ကတော့ လီဗာပူး ၁-၁ လက်စတာ ဆိုတဲ့ ရလဒ်ပဲ ဖြစ်ပါတယ်။

ZAWGYI

ဒီအပတ္မွာေတာ့ ပရီးမီးယားလိဂ္ ပြဲစဥ္ ၉ အျဖစ္ လီဗာပူးနဲ႔ လက္စတာအသင္းတို႔ ယွဥ္ျပိဳင္ကစားၾကမွာျဖစ္ျပီး ဒီပြဲက လီဗာပူးအတြက္ စိန္ေခၚမႈၾကီးတစ္ခု ျဖစ္လာပါမယ္။

လီဗာပူးဟာ ဒဏ္ရာျပႆနာ ၾကီးၾကီးမားမား ထိန္းႏွက္ခံထားရျပီး အဓိကအားျဖင့္ ခံစစ္ပိုင္းမွာ အၾကီးအက်ယ္ အထိနာေနတယ္။ ဒီအပိုင္းကို လက္ရွိ အခ်ိန္ထိ ကေလာ့ပ္က အေကာင္းဆံုး ျပင္ဆင္ေနျပီး ဆက္လက္ လုပ္ေဆာင္ႏုိင္ဖို႔လည္း ေမွ်ာ္လင့္ေနရတာ ျဖစ္ပါတယ္။

ေလာ္ရိုးက ” လီဗာပူးအသင္းမွာ ဗဟိုခံစစ္ပိုင္း ျပတ္လွပ္မႈေတြ ရွိေနသလို သူတို႔ဟာ ဗာဒီရဲ႕ ျမန္ႏႈန္းကို ထိပ္တိုက္ ရင္ဆိုင္ဖို႔လည္း နည္းလမ္းရွာရမွာ ျဖစ္ပါတယ္။

ခံစစ္အတြက္ ဖာဘင္ညိဳကို မာတစ္နဲ႔ တြဲဘက္ျပီး သံုးႏုိင္တယ္။ ဘရာဇီးကြင္းလယ္လူက တံေကာက္ေၾကာဒဏ္ရာကေန သက္သာေနမယ္ဆိုရင္ေပါ့။ မဟုတ္ရင္လည္း ဖာဘင္ညိဳ မကစားႏုိင္ေသးရင္ ဟန္ဒါဆန္ကို ခံစစ္ေနရာ ဆင္းကစားေစလို ရႏိုင္ပါတယ္။

နက္ဖီးလစ္ကလည္း ဗဟိုခံစစ္သမားပါပဲ။ ဒါေပမယ့္လို႔ သူက ေခါင္းတိုက္ေဘာေတြကို အားသန္တဲ့ ကစားသမားျဖစ္ပါတယ္။ လက္စတာဟာ ဧရိယာထဲကို ျဖတ္တင္ေဘာေတြ ပို႔ျပီး အလုပ္ရႈပ္ေစတဲ့ အသင္း မဟုတ္ပါဘူး။

လီဗာပူး ညာအစြန္လူ ထရန္႔ကလည္း ပါႏုိင္မွာ မဟုတ္ဘူး။ ဒါေၾကာင့္ တနဂၤေႏြေန႔ပြဲမွာ နီကိုး ဝီလီယမ္ (သို႔) ဂ်ိမ္းမီလ္နာကို အစားထိုးဖြယ္ရွိတယ္။ ဒါဟာ ယခင္က လံုးဝ မသံုးဖူးတဲ့ ခံစစ္ေလးေယာက္တန္းလည္း ျဖစ္လာပါလိမ့္မယ္။

ဗာဒီကေတာ့ ေသြးသံသရဲရဲကို အနံ့ခံမိေနျပီလို႔ ထင္ပါတယ္။ လီဗာပူးက သူ႔ကို လုပ္မရေအာင္လို႔ ထိန္းသိမ္းသြားရမွာ ျဖစ္ပါတယ္ ” လို႔ ဆိုခဲ့တာ ျဖစ္ပါတယ္။

ဒီပြဲအတြက္ ေလာ္ရိုးရဲ႕ ခန္႔မွန္းရလဒ္ကေတာ့ လီဗာပူး ၁-၁ လက္စတာ ဆိုတဲ့ ရလဒ္ပဲ ျဖစ္ပါတယ္။