နှစ်ပေါင်းအကြာကြီးမှာ ပထမဆုံးအကြိမ် အမှတ်ပေးချန်ပီယံဆုကို ပြန်လည် အနိုင်ရခဲ့တဲ့ လီဗာပူးဟာ ဒီရာသီမှာတော့ အသင်းရဲ့ ပထမဆုံးသော ပရီးမီးယားလိဂ်ချန်ပီယံကို ကာကွယ်ရမှာပါ။

ကိုဗစ်အခြေအနေကြားမှာ အသင်းပေါင်း ၈ သင်းလောက်က အမှတ်ပေးဖလားကို စိန်ခေါ်ဖို့ ကြိုးစားနေကြတယ်။ ပရီးမီးယားလိဂ် ချန်ပီယံဆုကို ဆက်လက် ထိန်းသိမ်းနိုင်ရေးနဲ့ ပက်သက်ပြီး မေလ်းစပေါ့နဲ့ အင်တာဗျူးမှာ ယာဂင်ကလော့ပ်က ဂျင်မီ ရက်နပ်ကို အခုလို ပြန်ဖြေပေးခဲ့ပါတယ်။

ယာဂင်ကလော့ပ်က “ ဒီလိုပြောရတာ စိတ်မကောင်းပေမယ့် အခုချိန်မှာတော့ ချန်ပီယံဖြစ်ဖို့ ကိစ္စကို နည်းနည်းလေးတောင် ငါဂရုမစိုက်ဘူး ဂျင်မီ။

ဒီရာသီမှာ တစ်သင်းသင်းတည်းက ရမှတ် ၁၀၀ ရမယ်လို့ မဟုတ်ဘူး။ ဒီရာသီက အရင်ရာသီတွေထက် ၄ ပတ်တောင် တိုတယ်။ ပွဲကတော့ အတူတူပဲ။ ရမှတ် ၁၀၀ တွေ ထပ်ရမယ်လို့ မထင်ဘူး။ ၈၇ မှတ်လောက်ထိပဲ ရနိုင်ကောင်းလောက်ပါတယ် ” လို့ ပြောပါတယ်။

လီဗာပူးအသင်းဟာ ဒီရာသီမှာ စိန်ခေါ်မှုကြီးတွေ အများကြီးကို ရင်ဆိုင်နေရတာပါ။ ဒဏ်ရာပြဿနာ နဲ့ VAR ကိစ္စတွေအပြင် ကိုဗစ်ကာလ မထင်မှတ်ထားတဲ့ ပိုးကူးစက်မှု အခြေအနေတွေကြောင့် ဒီရာသီမှာ ချန်ပီယံဖြစ်တာက မနှစ်တုန်းက နှစ်ပေါင်း ၃၀ အတွင်း ပထမဆုံးအကြိမ် ပရီးမီးယားလိဂ်ဖလား အနိုင်ရခြင်းထက်တောင် ပိုကြီးမားတဲ့ ကိစ္စလို့ ကလော့ပ်က ပြောပါတယ်။

ကလော့ပ်ကပဲ “ ဒီရာသီမှာ ကျနေ်ာတို့ အမှတ်ပေးဖလား အနိုင်ရမယ်ဆိုရင် အကြီးမားဆုံး အောင်မြင်မှုလို့ ပြောရပါမယ်။ ပိုကြီးမားတဲ့ ဆုဖလား အောင်မြင်မှုတောင် ဖြစ်လာပါလိမ့်မယ်။ ဒါကြောင့်ပဲ ပရီးမီးယားလိဂ်ကို နှစ်သက်ရတာပါ။ ပြိုင်ဘက်တွေ အများကြီး ရှိပါတယ်။

ကျနေ်ာတို့ရဲ့ စတင်ထားမှုက အဆိုးကြီးလည်း မဟုတ်ပါဘူး။ အက်စတွန်ဗီလာနဲ့ပွဲမှာ စပယ်ရှယ် ရံှူးထားပါတယ်။ ဒီလို ရံှူးသင့်တာလည်း ဖြစ်နိုင်ပါတယ်။ အဲ့ရံှူးပွဲကို အသုံးချရမှာပါ။ တနင်္ဂနွေနေ့မှာတော့ လက်စတာနဲ့ တွေ့မှာဖြစ်ပါတယ်။ ကြည့်ကြတာပေါ့ ” လို့ ဆိုခဲ့တာ ဖြစ်ပါတယ်။

ZAWGYI

ႏွစ္ေပါင္းအၾကာၾကီးမွာ ပထမဆံုးအၾကိမ္ အမွတ္ေပးခ်န္ပီယံဆုကို ျပန္လည္ အႏုိင္ရခဲ့တဲ့ လီဗာပူးဟာ ဒီရာသီမွာေတာ့ အသင္းရဲ႕ ပထမဆံုးေသာ ပရီးမီးယားလိဂ္ခ်န္ပီယံကို ကာကြယ္ရမွာပါ။

ကိုဗစ္အေျခအေနၾကားမွာ အသင္းေပါင္း ၈ သင္းေလာက္က အမွတ္ေပးဖလားကို စိန္ေခၚဖို႔ ၾကိဳးစားေနၾကတယ္။ ပရီးမီးယားလိဂ္ ခ်န္ပီယံဆုကို ဆက္လက္ ထိန္းသိမ္းႏုိင္ေရးနဲ႔ ပက္သက္ျပီး ေမလ္းစေပါ့နဲ႔ အင္တာဗ်ဴးမွာ ယာဂင္ကေလာ့ပ္က ဂ်င္မီ ရက္နပ္ကို အခုလို ျပန္ေျဖေပးခဲ့ပါတယ္။

ယာဂင္ကေလာ့ပ္က “ ဒီလိုေျပာရတာ စိတ္မေကာင္းေပမယ့္ အခုခ်ိန္မွာေတာ့ ခ်န္ပီယံျဖစ္ဖို႔ ကိစၥကို နည္းနည္းေလးေတာင္ ငါဂရုမစိုက္ဘူး ဂ်င္မီ။

ဒီရာသီမွာ တစ္သင္းသင္းတည္းက ရမွတ္ ၁၀၀ ရမယ္လို႔ မဟုတ္ဘူး။ ဒီရာသီက အရင္ရာသီေတြထက္ ၄ ပတ္ေတာင္ တိုတယ္။ ပြဲကေတာ့ အတူတူပဲ။ ရမွတ္ ၁၀၀ ေတြ ထပ္ရမယ္လို႔ မထင္ဘူး။ ၈၇ မွတ္ေလာက္ထိပဲ ရႏုိင္ေကာင္းေလာက္ပါတယ္ ” လို႔ ေျပာပါတယ္။

လီဗာပူးအသင္းဟာ ဒီရာသီမွာ စိန္ေခၚမႈၾကီးေတြ အမ်ားၾကီးကို ရင္ဆိုင္ေနရတာပါ။ ဒဏ္ရာျပႆနာ နဲ႔ VAR ကိစၥေတြအျပင္ ကိုဗစ္ကာလ မထင္မွတ္ထားတဲ့ ပိုးကူးစက္မႈ အေျခအေနေတြေၾကာင့္ ဒီရာသီမွာ ခ်န္ပီယံျဖစ္တာက မႏွစ္တုန္းက ႏွစ္ေပါင္း ၃၀ အတြင္း ပထမဆံုးအၾကိမ္ ပရီးမီးယားလိဂ္ဖလား အႏုိင္ရျခင္းထက္ေတာင္ ပိုၾကီးမားတဲ့ ကိစၥလို႔ ကေလာ့ပ္က ေျပာပါတယ္။

ကေလာ့ပ္ကပဲ “ ဒီရာသီမွာ က်ေန္ာတို႔ အမွတ္ေပးဖလား အႏုိင္ရမယ္ဆိုရင္ အၾကီးမားဆံုး ေအာင္ျမင္မႈလို႔ ေျပာရပါမယ္။ ပိုၾကီးမားတဲ့ ဆုဖလား ေအာင္ျမင္မႈေတာင္ ျဖစ္လာပါလိမ့္မယ္။ ဒါေၾကာင့္ပဲ ပရီးမီးယားလိဂ္ကို ႏွစ္သက္ရတာပါ။ ျပိဳင္ဘက္ေတြ အမ်ားၾကီး ရွိပါတယ္။

က်ေန္ာတို႔ရဲ႕ စတင္ထားမႈက အဆိုးၾကီးလည္း မဟုတ္ပါဘူး။ အက္စတြန္ဗီလာနဲ႔ပြဲမွာ စပယ္ရွယ္ ရံွဴးထားပါတယ္။ ဒီလို ရံွဴးသင့္တာလည္း ျဖစ္ႏုိင္ပါတယ္။ အဲ့ရံွဴးပြဲကို အသံုးခ်ရမွာပါ။ တနဂၤေႏြေန႔မွာေတာ့ လက္စတာနဲ႔ ေတြ႔မွာျဖစ္ပါတယ္။ ၾကည့္ၾကတာေပါ့ ” လို႔ ဆိုခဲ့တာ ျဖစ္ပါတယ္။