ကစားသမား အရောင်းအဝယ်တွေ လုပ်ခွင့်ရလာမယ့် ဈေးကွက်နီးချိန်တွေမှာ ထွက်ပေါ်တတ်တဲ့ အပြောင်းအရွှေ့ သတင်းတိုင်းကို မျက်လုံးပိတ် ယုံစားတတ်တဲ့ ပရိသတ်တွေထဲမှာ လီဗာပူးပရိသတ် မပါခဲ့ပါဘူး။

ဒီရက်ပိုင်းမှာ ခံစစ်သမား ပြတ်လှပ်နေတဲ့ လီဗာပူးအသင်းဟာ လာလီဂါကလပ် ရီးရဲလ်မက်ဒရစ် စာချုပ်သက်တမ်းတိုးဖို့ မအောင်မြင်ဖြစ်နေတဲ့ ရားမိုစ့်ကို ခေါ်ယူမယ်လို့ သတင်းတွေ ထွက်လာနေခဲ့တယ်။ အဆိုပါ သတင်းကို လီဗာပူးပရိသတ်က ဟားတိုက်နေကြတာဖြစ်ပါတယ်။

ပရီးမီးယားလိဂ်ကလပ်တွေဖြစ်တဲ့ မန်စီးတီး၊ ယူနိုက်တက်၊ လီဗာပူးအပြင် လန်ဒန်ကလပ်တွေက ရားမိုစ့်ကို ခေါ်ယူနိုင်ဖို့ စိတ်ဝင်စားနေတယ်ဆိုတဲ့ သတင်းတွေ ထွက်လာနေတာပါ။ ရားမိုစ့်ရဲ့ ကိုယ်စားလှယ်က အင်္ဂလန်ကလပ်တွေရဲ့ ဆက်သွယ်မှုကို ညိနှိုင်းနေတဲ့ အခြေအနေလည်းဖြစ်တယ်လို့ ဖော်ပြနေကြတယ်။

လီဗာပူးသတင်းထောက် ဂျိမ်းပီရက်စ်က အဆိုပါ သတင်းကို ” ဇန်နဝါရီ မတိုင်ခင်မှာပဲ အဓိပ္ပာယ်မရှိတဲ့ အပြောင်းအရွှေ့ ကောလဟာလတွေ ထွက်လာနေပါပြီ။ ဒီသတင်းကိုပဲ ကြည့်ပါတော့.. ” လို့ မှတ်ချက်ပေးခဲ့တာပါ။

လီဗာပူးပရိသတ်တွေက ဒီနေ့က ဧပရယ်လ ၁ ရက်နေ့ မဟုတ်ဘူးလို့ တုန့်ပြန်ကြသလို အပြောင်းအရွှေ့ ဖော်ပြသူတွေက ဘယ်လောက်တောင် ဇာတ်လမ်းဆင်တတ်ကြလဲဆိုတာအတွက် သက်သေပဲလို့ မှတ်ချက်ပေးနေကြတယ်။

၂၀၁၈ ခုနှစ်တုန်းက ရာမိုစ့်ဟာ လီဗာပူးတိုက်စစ်သမား ဆာလက်ကို ပုခုံးဒဏ်ရာရအောင် ကြမ်းတမ်းစွာ ဖြတ်ထုတ်ခဲ့သူပါ။ နောက်ပိုင်းမှာ သူဟာ လီဗာပူးအသင်းသားတွေက ပေးတဲ့ မှတ်ချက်တွေကိုလည်း ပြင်းထန်တဲ့ တုန့်ပြန်မှုတွေ ပြန်လုပ်ထားခဲ့ပြီး လီဗာပူးအသိုင်းအဝိုင်းနဲ့ အစေးမကပ်လှတဲ့ ကစားသမားတစ်ဦးအဖြစ်လည်း လူသိထားခဲ့တာ ဖြစ်ပါတယ်။

ZAWGYI

ကစားသမား အေရာင္းအဝယ္ေတြ လုပ္ခြင့္ရလာမယ့္ ေစ်းကြက္နီးခ်ိန္ေတြမွာ ထြက္ေပၚတတ္တဲ့ အေျပာင္းအေရႊ႔ သတင္းတိုင္းကို မ်က္လံုးပိတ္ ယံုစားတတ္တဲ့ ပရိသတ္ေတြထဲမွာ လီဗာပူးပရိသတ္ မပါခဲ့ပါဘူး။

ဒီရက္ပိုင္းမွာ ခံစစ္သမား ျပတ္လွပ္ေနတဲ့ လီဗာပူးအသင္းဟာ လာလီဂါကလပ္ ရီးရဲလ္မက္ဒရစ္ စာခ်ဳပ္သက္တမ္းတိုးဖို႔ မေအာင္ျမင္ျဖစ္ေနတဲ့ ရားမိုစ့္ကို ေခၚယူမယ္လို႔ သတင္းေတြ ထြက္လာေနခဲ့တယ္။ အဆိုပါ သတင္းကို လီဗာပူးပရိသတ္က ဟားတိုက္ေနၾကတာျဖစ္ပါတယ္။

ပရီးမီးယားလိဂ္ကလပ္ေတြျဖစ္တဲ့ မန္စီးတီး၊ ယူႏုိက္တက္၊ လီဗာပူးအျပင္ လန္ဒန္ကလပ္ေတြက ရားမိုစ့္ကို ေခၚယူႏုိင္ဖို႔ စိတ္ဝင္စားေနတယ္ဆိုတဲ့ သတင္းေတြ ထြက္လာေနတာပါ။ ရားမိုစ့္ရဲ႕ ကိုယ္စားလွယ္က အဂၤလန္ကလပ္ေတြရဲ႕ ဆက္သြယ္မႈကို ညိႏိႈင္းေနတဲ့ အေျခအေနလည္းျဖစ္တယ္လို႔ ေဖာ္ျပေနၾကတယ္။

လီဗာပူးသတင္းေထာက္ ဂ်ိမ္းပီရက္စ္က အဆိုပါ သတင္းကို ” ဇန္နဝါရီ မတိုင္ခင္မွာပဲ အဓိပၸာယ္မရွိတဲ့ အေျပာင္းအေရႊ႔ ေကာလဟာလေတြ ထြက္လာေနပါျပီ။ ဒီသတင္းကိုပဲ ၾကည့္ပါေတာ့.. ” လို႔ မွတ္ခ်က္ေပးခဲ့တာပါ။

လီဗာပူးပရိသတ္ေတြက ဒီေန႔က ဧပရယ္လ ၁ ရက္ေန႔ မဟုတ္ဘူးလို႔ တုန္႔ျပန္ၾကသလို အေျပာင္းအေရႊ႔ ေဖာ္ျပသူေတြက ဘယ္ေလာက္ေတာင္ ဇာတ္လမ္းဆင္တတ္ၾကလဲဆိုတာအတြက္ သက္ေသပဲလို႔ မွတ္ခ်က္ေပးေနၾကတယ္။

၂၀၁၈ ခုႏွစ္တုန္းက ရာမိုစ့္ဟာ လီဗာပူးတိုက္စစ္သမား ဆာလက္ကို ပုခံုးဒဏ္ရာရေအာင္ ၾကမ္းတမ္းစြာ ျဖတ္ထုတ္ခဲ့သူပါ။ ေနာက္ပိုင္းမွာ သူဟာ လီဗာပူးအသင္းသားေတြက ေပးတဲ့ မွတ္ခ်က္ေတြကိုလည္း ျပင္းထန္တဲ့ တုန္႔ျပန္မႈေတြ ျပန္လုပ္ထားခဲ့ျပီး လီဗာပူးအသိုင္းအဝိုင္းနဲ႔ အေစးမကပ္လွတဲ့ ကစားသမားတစ္ဦးအျဖစ္လည္း လူသိထားခဲ့တာ ျဖစ္ပါတယ္။