ဒီကနေ့မှာတော့ အက်ဆာလေ့ကျင့်ရေးမှာ မန်နေဂျာကလော့ပ်ဟာ ပွဲကြို ပြောဆိုမှုတွေ ပြုလုပ်ခဲ့ပါပြီ။ ဒဏ်ရာ ကစားသမားတွေဖြစ်တဲ့ ဟန်ဒါဆန်၊ ထရန့်၊ သီယာဂို၊ ဖာဘင်ညို၊ ဂိုးမက်စ်တို့ရဲ့ အခြေအနေနဲ့တကွ ဆာလက်ရဲ့ ကိုဗစ်ကူးစက်မှုတွေကို မန်နေဂျာက ဖြေဆိုပေးခဲ့တယ်။

ဆာလက်ကို အီဂျစ်က အမျိုး မင်္ဂလာဆောင် ပေးတတ်မှုကိစ္စ

သူ ဒီနေ့ အင်္ဂလန်ကို ပြန်ရောက်လာပါမယ်။ ပိုးမတွေ့ဘူးဆိုတဲ့ ရလဒ် တွေ့မယ်ဆိုရင်တော့ တိုးတက်တဲ့ လုပ်ငန်းစဉ်တွေ စတင်မှာပေါ့။ လူအများကို သတင်းထုတ်ပြန်ပေးဖို့တော့ မရှိပါဘူး။ ညီကိုရင်းခြာရဲ့ မင်္ဂလာပွဲဆိုတာက သိပ်ကို ထူးခြားတဲ့ ကိစ္စပါဗျာ။ ကျနော်ရဲ့ ကစားသမားတွေက မယုံနိုင်လောက်အောင် စည်းကမ်းရှိကြသူတွေလည်း ဖြစ်ပါတယ်။

ဂိုးမက်စ်ရဲ့ ဒဏ်ရာအခြေအနေ

ခက်ခဲတဲ့ ဒဏ်ရာပါ ဒါပေမယ့် ခွဲစိတ်မှုက အောင်မြင်ခဲ့ပါတယ်။ သူက အခုချိန်မှာ ပြန်လည် အားဖြည့်မှုတွေ လုပ်နေပြီး ပြီးရင်တော့ ပြန်လည် ထူထောင်မှု ကိစ္စတွေကို စတင်ပါလိမ့်မယ်။ သူက သူ့အတွက် အကောင်းဆုံးနေရာဖြစ်တဲ့ သူ့မိသားစုနဲ့ ရှိနေပါတယ်။ ကျနေ်ာတို့ကလည်း တတ်နိုင်သလောက် ကူညီပါတယ်။ ခွဲစိတ်မှုတွေ ပြီးရင်တော့ အထီးကျန်တယ်လို့ ခံစားရပေမယ့် သူကတော့ အဆင်ပြေပါတယ်။

လက်စတာနဲ့ပွဲ လွဲမယ့် ကစားသမားများ

ကြည့်ရမှာပေါ့။ ဟန်ဒိုနဲ့ ထရန့်ကတော့ လက်စတာနဲ့ပွဲ ပါမှာ မဟုတ်ပါဘူး။ သူတို့ လွဲမှာပါ။ ကျန်တဲ့ ကစားသမားတွေကိုတော့ ကြည့်ရမှာပေါ့။ သီယာဂိုနဲ့ ဖာဘင်ညိုက လမ်းကြောင်းမှန်မှာ ရှိနေပါတယ်။ ချိန်ဘာလိန်လည်း လမ်းကြောင်းမှန်မှာပါပဲ။ အားလုံးက ကစားနိုင်ဖို့ နီးနေပါပြီ စောင့်ကြည့်တာတွေ ရှိပါဦးမယ်။

ZAWGYI

ဒီကေန႔မွာေတာ့ အက္ဆာေလ့က်င့္ေရးမွာ မန္ေနဂ်ာကေလာ့ပ္ဟာ ပြဲၾကိဳ ေျပာဆိုမႈေတြ ျပဳလုပ္ခဲ့ပါျပီ။ ဒဏ္ရာ ကစားသမားေတြျဖစ္တဲ့ ဟန္ဒါဆန္၊ ထရန္႔၊ သီယာဂို၊ ဖာဘင္ညိဳ၊ ဂိုးမက္စ္တို႔ရဲ႕ အေျခအေနနဲ႔တကြ ဆာလက္ရဲ႕ ကိုဗစ္ကူးစက္မႈေတြကို မန္ေနဂ်ာက ေျဖဆိုေပးခဲ့တယ္။

ဆာလက္ကို အီဂ်စ္က အမ်ိဳး မဂၤလာေဆာင္ ေပးတတ္မႈကိစၥ

သူ ဒီေန႔ အဂၤလန္ကို ျပန္ေရာက္လာပါမယ္။ ပိုးမေတြ႔ဘူးဆိုတဲ့ ရလဒ္ ေတြ႔မယ္ဆိုရင္ေတာ့ တိုးတက္တဲ့ လုပ္ငန္းစဥ္ေတြ စတင္မွာေပါ့။ လူအမ်ားကို သတင္းထုတ္ျပန္ေပးဖို႔ေတာ့ မရွိပါဘူး။ ညီကိုရင္းျခာရဲ႕ မဂၤလာပြဲဆိုတာက သိပ္ကို ထူးျခားတဲ့ ကိစၥပါဗ်ာ။ က်ေနာ္ရဲ႕ ကစားသမားေတြက မယံုႏုိင္ေလာက္ေအာင္ စည္းကမ္းရွိၾကသူေတြလည္း ျဖစ္ပါတယ္။

ဂိုးမက္စ္ရဲ႕ ဒဏ္ရာအေျခအေန

ခက္ခဲတဲ့ ဒဏ္ရာပါ ဒါေပမယ့္ ခြဲစိတ္မႈက ေအာင္ျမင္ခဲ့ပါတယ္။ သူက အခုခ်ိန္မွာ ျပန္လည္ အားျဖည့္မႈေတြ လုပ္ေနျပီး ျပီးရင္ေတာ့ ျပန္လည္ ထူေထာင္မႈ ကိစၥေတြကို စတင္ပါလိမ့္မယ္။ သူက သူ႔အတြက္ အေကာင္းဆံုးေနရာျဖစ္တဲ့ သူ႔မိသားစုနဲ႔ ရွိေနပါတယ္။ က်ေန္ာတို႔ကလည္း တတ္ႏုိင္သေလာက္ ကူညီပါတယ္။ ခြဲစိတ္မႈေတြ ျပီးရင္ေတာ့ အထီးက်န္တယ္လို႔ ခံစားရေပမယ့္ သူကေတာ့ အဆင္ေျပပါတယ္။

လက္စတာနဲ႔ပြဲ လြဲမယ့္ ကစားသမားမ်ား

ၾကည့္ရမွာေပါ့။ ဟန္ဒိုနဲ႔ ထရန္႔ကေတာ့ လက္စတာနဲ႔ပြဲ ပါမွာ မဟုတ္ပါဘူး။ သူတို႔ လြဲမွာပါ။ က်န္တဲ့ ကစားသမားေတြကိုေတာ့ ၾကည့္ရမွာေပါ့။ သီယာဂိုနဲ႔ ဖာဘင္ညိဳက လမ္းေၾကာင္းမွန္မွာ ရွိေနပါတယ္။ ခ်ိန္ဘာလိန္လည္း လမ္းေၾကာင္းမွန္မွာပါပဲ။ အားလံုးက ကစားႏုိင္ဖို႔ နီးေနပါျပီ ေစာင့္ၾကည့္တာေတြ ရွိပါဦးမယ္။