လီဗာပူးအသင်းဟာ ပရီးမီးယားလိဂ် ကလပ်တွေထဲမှာ အဆိုးရွားဆုံးသော ဒဏ်ရာ ပြဿနာတွေကို ရင်ဆိုင်နေရပေမယ့် လက်လျော့ပြီဆိုတဲ့ အပြောကို ဘယ်တော့မှ မပြောဘူးလို့ ကလော့ပ်က တုန့်ပြန်လိုက်ပါတယ်။

ဗန်ဒိုက် ဒဏ်ရာရပြီးနောက်ပိုင်း အဓိက ကစားသမားတွေကို ဆက်တိုက် လက်လွတ်ရမှုတွေကို လီဗာပူးအသင်း ရင်ဆိုင်ထားရတယ်။ သတင်းသမားတွေက မီဒီယာ တွေ့ဆုံမှုတိုင်းမှာ ချန်ပီယံဆုကို စိန်ခေါ်နိုင်ပါ့မလား၊ ပွဲတွေကို အနိုင်ရဖို့ ယုံကြည်ချက် ရှိရဲ့လားလို့ မေးခွန်းထုတ်နေကြခြင်းဖြစ်တယ်။

ကလော့ပ်က တုန့်ပြန် ပြောရာမှာ ” ခက်ခဲတဲ့ အခြေအနေကိုလည်း အကောင်းဆုံး ကိုင်တွယ်နိုင်ပါတယ် ဆိုတဲ့အပေါ် ကျနော်ရဲ့ ကစားသမားတွေက သက်သေပြဖို့ လိုမယ်လို့ မထင်ပါဘူး။ ဒီလို ဖြေပေးတာကို မပျော်ကြဘူးဆိုရင်လည်း ဘာလို့ တူညီတဲ့ မေးခွန်းတစ်ခုတည်းကိုပဲ ခင်ဗျားတို့ ထပ်ခါထပ်ခါ မေးနေကြသေးတာလဲ။

ရှိတဲ့ ကစားသမားနဲ့ကို ယှဉ်ပြိုင်မှာပါ။ ဆိုလိုတာက ပြဿနာတွေ ပိုကြီးလာလေ ကျနေ်ာတို့ အသင်းက ပိုပြီး ကျောချင်းကပ်လာလေပါပဲ။ အရေးပါတဲ့ ကစားသမားတွေ (သို့) အဓိက ကစားသမားတွေ မရှိတာကြောင့် ပွဲမခင်တည်းက ကျနေ်ာတို့က အရံှးပေးသွားမယ်လို့များ တစ်ယောက်ယောက်က ယူဆနေတယ်ဆိုရင် ခင်းဗျားတို့ကို ကျနော်လည်း မကယ်တင်နိုင်ဘူး။

အခု ဖြစ်နေတဲ့ အခြေအနေကို ကျနော်တို့ လက်ခံတယ်။ ဒီအခြေအနေ အတိုင်းပဲ ကျနေ်ာတို့ ဆက်လက် ယှဉ်ပြိုင်မှာ ဖြစ်ပါတယ် ” လို့ ဆိုခဲ့တာဖြစ်တယ်။

လီဗာပူးအသင်းဟာ ဒီရာသီမှာ ဒဏ်ရာနဲ့ ကိုဗစ်ကြောင့် ကစားသမား ၁၆ ယောက်ထိကို လက်လွတ်ရမှုတွေ ရှိထားပါပြီ။ လက်စတာနဲ့ပွဲမှာဆိုရင် ဗန်ဒိုက်၊ ဂိုးမက်စ်၊ ဟန်ဒါဆန်၊ ထရန့်၊ ချိန်ဘာလိန်တို့ကို သေချာပေါက် လက်လွတ်ရမှာဖြစ်ကာ ကစားသမား အများအပြားကလည်း ပါဝင်ဖို့ မသေချာတဲ့ အနေအထားဖြစ်တယ်။

ဒါပေမယ့်လို့ အသင်း အခက်တွေ့လာချိန်မှာ အသင်းသားတိုင်းက ပိုပြီး စည်းလုံးလာနေပြီး ဖိအားတွေကို ပူးပေါင်း ရင်ဆိုင်မယ်လို့ ကလော့ပ်က ပြောဆိုခဲ့တာ ဖြစ်ပါတယ်။

ZAWGYI

လီဗာပူးအသင္းဟာ ပရီးမီးယားလိဂ္ ကလပ္ေတြထဲမွာ အဆိုးရြားဆံုးေသာ ဒဏ္ရာ ျပႆနာေတြကို ရင္ဆိုင္ေနရေပမယ့္ လက္ေလ်ာ့ျပီဆိုတဲ့ အေျပာကို ဘယ္ေတာ့မွ မေျပာဘူးလို႔ ကေလာ့ပ္က တုန္႔ျပန္လုိက္ပါတယ္။

ဗန္ဒိုက္ ဒဏ္ရာရျပီးေနာက္ပိုင္း အဓိက ကစားသမားေတြကို ဆက္တိုက္ လက္လြတ္ရမႈေတြကို လီဗာပူးအသင္း ရင္ဆိုင္ထားရတယ္။ သတင္းသမားေတြက မီဒီယာ ေတြ႔ဆံုမႈတိုင္းမွာ ခ်န္ပီယံဆုကို စိန္ေခၚႏုိင္ပါ့မလား၊ ပြဲေတြကို အႏုိင္ရဖို႔ ယံုၾကည္ခ်က္ ရွိရဲ႕လားလို႔ ေမးခြန္းထုတ္ေနၾကျခင္းျဖစ္တယ္။

ကေလာ့ပ္က တုန္႔ျပန္ ေျပာရာမွာ ” ခက္ခဲတဲ့ အေျခအေနကိုလည္း အေကာင္းဆံုး ကိုင္တြယ္ႏုိင္ပါတယ္ ဆိုတဲ့အေပၚ က်ေနာ္ရဲ႕ ကစားသမားေတြက သက္ေသျပဖို႔ လိုမယ္လို႔ မထင္ပါဘူး။ ဒီလို ေျဖေပးတာကို မေပ်ာ္ၾကဘူးဆိုရင္လည္း ဘာလို႔ တူညီတဲ့ ေမးခြန္းတစ္ခုတည္းကိုပဲ ခင္ဗ်ားတို႔ ထပ္ခါထပ္ခါ ေမးေနၾကေသးတာလဲ။

ရွိတဲ့ ကစားသမားနဲ႔ကို ယွဥ္ျပိဳင္မွာပါ။ ဆိုလိုတာက ျပႆနာေတြ ပိုၾကီးလာေလ က်ေန္ာတို႔ အသင္းက ပိုျပီး ေက်ာခ်င္းကပ္လာေလပါပဲ။ အေရးပါတဲ့ ကစားသမားေတြ (သို႔) အဓိက ကစားသမားေတြ မရွိတာေၾကာင့္ ပြဲမခင္တည္းက က်ေန္ာတို႔က အရံွးေပးသြားမယ္လို႔မ်ား တစ္ေယာက္ေယာက္က ယူဆေနတယ္ဆိုရင္ ခင္းဗ်ားတို႔ကို က်ေနာ္လည္း မကယ္တင္ႏုိင္ဘူး။

အခု ျဖစ္ေနတဲ့ အေျခအေနကို က်ေနာ္တုိ႔ လက္ခံတယ္။ ဒီအေျခအေန အတိုင္းပဲ က်ေန္ာတို႔ ဆက္လက္ ယွဥ္ျပိဳင္မွာ ျဖစ္ပါတယ္ ” လို႔ ဆိုခဲ့တာျဖစ္တယ္။

လီဗာပူးအသင္းဟာ ဒီရာသီမွာ ဒဏ္ရာနဲ႔ ကိုဗစ္ေၾကာင့္ ကစားသမား ၁၆ ေယာက္ထိကို လက္လြတ္ရမႈေတြ ရွိထားပါျပီ။ လက္စတာနဲ႔ပြဲမွာဆိုရင္ ဗန္ဒိုက္၊ ဂိုးမက္စ္၊ ဟန္ဒါဆန္၊ ထရန္႔၊ ခ်ိန္ဘာလိန္တို႔ကို ေသခ်ာေပါက္ လက္လြတ္ရမွာျဖစ္ကာ ကစားသမား အမ်ားအျပားကလည္း ပါဝင္ဖို႔ မေသခ်ာတဲ့ အေနအထားျဖစ္တယ္။

ဒါေပမယ့္လို႔ အသင္း အခက္ေတြ႔လာခ်ိန္မွာ အသင္းသားတိုင္းက ပိုျပီး စည္းလံုးလာေနျပီး ဖိအားေတြကို ပူးေပါင္း ရင္ဆိုင္မယ္လုိ႔ ကေလာ့ပ္က ေျပာဆိုခဲ့တာ ျဖစ္ပါတယ္။