အာဆင်နယ်တိုက်စစ်သမား အူဘာမီယန်က မာနေးဟာ မန်နေဂျာတိုင်းရဲ့ စိတ်ကြိုက် ကစားသမားဖြစ်သလို အာဖရိကမှ ဇာတိမြေအတွက် မာနေးရဲ့ လုပ်ဆောင်ပေးမှုတွေကလည်း အာဖရိကသားတွေရဲ့ ဂုဏ်ကို ဆောင်ပါတယ်လို့ ချီးကျူးပြောဆိုပါတယ်။

နိုင်ငံတကာ သီတင်းပတ်ကနေ ပြန်လာတဲ့ ကစားသမားတွေ အားလုံးကို လီဗာပူးက အထူး ကြံ့ခိုင်ရေး နည်းပြတွေကနေ သေချာ စစ်ဆေးနေပြီး ဒဏ်ရာတွေ ပါမလာဖို့ စောင့်ကြည့်နေပါတယ်။

လီဗာပူးစီနီယာအသင်းရဲ့ ကိုက် ၁၀၀ အကွာမှာ လေ့ကျင့်ခွင့်နဲ့ စုဝေးခွင့်ရလာတာက ယူ-၂၃ အသင်းအတွက် အရမ်းကို အဓိပ္ပာယ်ရှိတယ်လို့ လီဗာပူး ယူ-၂၃ အသင်း နည်းပြ ဘယ်ရီ လွီတက်က ထုတ်ပြောပါတယ်။

လီဗာပူးခံစစ်သမား ဗန်ဒိုက်ဟာ ဒဏ်ရာခွဲစိတ်ထားမှုကနေ သက်သာလာပြီး အပေါ့စား လေ့ကျင့်ရေးကို စတင်ပြီဖြစ်ပါတယ်။ ဒါဟာ ဒုတိယအဆင့်ဖြစ်တဲ့ ပြင်းထန်တဲ့ ပြန်လည် ထူထောင်းရေး လေ့ကျင့်မှုတွေ မစတင်ခင် ကနဦးအဆင့်လည်းဖြစ်တယ်။ ဒီအဆင့် နှစ်ခုကို အဆင်ပြေပြေ လုပ်ဆောင်နိုင်ရင် ဒီရာသီမှာ ဘောလုံးပြန်ကစားဖို့ မျှော်လင့်လို့ ရနိုင်ဦးမှာ ဖြစ်ပါတယ်။

လီဗာပူးအသင်းဟာ ပရီးမီးယားလိဂ် ကလပ်တွေထဲမှာ အဆိုးရွားဆုံးသော ဒဏ်ရာ ပြဿနာတွေကို ရင်ဆိုင်နေရပေမယ့် ဘယ်လို ပြိုင်ပွဲကိုမဆို လက်လျော့မှာ မဟုတ်ဘူးလို့ ကလော့ပ်က တုန့်ပြန်လိုက်ပါတယ်။

ဟန်ဒိုနဲ့ ထရန့်ဟာ လက်စတာနဲ့ပွဲ ပါမှာ မဟုတ်ပါဘူး။ သီယာဂို၊ ဖာဘင်ညိုနဲ့ ချိန်ဘာလိန်က လမ်းကြောင်းမှန်မှာ ရှိနေကာ ဆက်လက် စောင့်ကြည့်တာတွေ ရှိပါဦးမယ်။

ရာမိုးစ်ကို လီဗာပူးခေါ်ယူမယ်ဆိုတဲ့ သတင်းကို သတင်းထောက် ဂျိမ်းပီရက်စ်က ” ဇန်နဝါရီ မတိုင်ခင်မှာပဲ အဓိပ္ပာယ်မရှိတဲ့ အပြောင်းအရွှေ့ ကောလဟာလတွေ ထွက်လာနေပါပြီ။ ဒီ (ရာမိုစ့်) သတင်းကိုပဲ ကြည့်ပါတော့.. ” လို့ မှတ်ချက်ပေးခဲ့တာပါ။

ဒီရာသီမှာ ချန်ပီယံဖြစ်တာက မနှစ်တုန်းက နှစ်ပေါင်း ၃၀ အတွင်း ပထမဆုံးအကြိမ် ပရီးမီးယားလိဂ်ဖလား အနိုင်ရခြင်းထက်တောင် ပိုကြီးမားတဲ့ ကိစ္စဖြစ်ကြောင်းကို ကလော့ပ်က “ ဒီရာသီမှာ ကျနေ်ာတို့ အမှတ်ပေးဖလား အနိုင်ရမယ်ဆိုရင် အကြီးမားဆုံး အောင်မြင်မှုလို့ ပြောရပါမယ်။ ” လို့ ဆိုခဲ့တာ ဖြစ်ပါတယ်။

ကိုရိုနာဗိုင်းရပ် ကူးစက်ခံထားရတဲ့ အီဂျစ်ကစားသမားတွေဖြစ်တဲ့ ဆာလက်နဲ့ အန်နီနီတို့ကို လီဗာပူးနဲ့ အာဆင်နယ် အသင်းတွေထံ သီးသန့်လေယာဉ်ဖြင့် ပြန်ပို့ပေးမယ်လို့ အီဂျစ်ဘောလုံးအဖွဲ့ချုပ်က ကြေညာထားပြီး ဒီကနေ့မှာပဲ ရောက်လာပါလိမ့်မယ်။

ZAWGYI
အာဆင္နယ္တိုက္စစ္သမား အူဘာမီယန္က မာေနးဟာ မန္ေနဂ်ာတိုင္းရဲ႕ စိတ္ၾကိဳက္ ကစားသမားျဖစ္သလို အာဖရိကမွ ဇာတိေျမအတြက္ မာေနးရဲ႕ လုပ္ေဆာင္ေပးမႈေတြကလည္း အာဖရိကသားေတြရဲ႕ ဂုဏ္ကို ေဆာင္ပါတယ္လို႔ ခ်ီးက်ဴးေျပာဆိုပါတယ္။

ႏုိင္ငံတကာ သီတင္းပတ္ကေန ျပန္လာတဲ့ ကစားသမားေတြ အားလံုးကို လီဗာပူးက အထူး ၾကံ႕ခိုင္ေရး နည္းျပေတြကေန ေသခ်ာ စစ္ေဆးေနျပီး ဒဏ္ရာေတြ ပါမလာဖို႔ ေစာင့္ၾကည့္ေနပါတယ္။

လီဗာပူးစီနီယာအသင္းရဲ႕ ကိုက္ ၁၀၀ အကြာမွာ ေလ့က်င့္ခြင့္နဲ႔ စုေဝးခြင့္ရလာတာက ယူ-၂၃ အသင္းအတြက္ အရမ္းကို အဓိပၸာယ္ရွိတယ္လို႔ လီဗာပူး ယူ-၂၃ အသင္း နည္းျပ ဘယ္ရီ လီြတက္က ထုတ္ေျပာပါတယ္။

လီဗာပူးခံစစ္သမား ဗန္ဒိုက္ဟာ ဒဏ္ရာခြဲစိတ္ထားမႈကေန သက္သာလာၿပီး အေပါ့စား ေလ့က်င့္ေရးကို စတင္ၿပီျဖစ္ပါတယ္။ ဒါဟာ ဒုတိယအဆင့္ျဖစ္တဲ့ ျပင္းထန္တဲ့ ျပန္လည္ ထူေထာင္းေရး ေလ့က်င့္မႈေတြ မစတင္ခင္ ကနဦးအဆင့္လည္းျဖစ္တယ္။ ဒီအဆင့္ ႏွစ္ခုကို အဆင္ေျပေျပ လုပ္ေဆာင္ႏိုင္ရင္ ဒီရာသီမွာ ေဘာလုံးျပန္ကစားဖို႔ ေမွ်ာ္လင့္လို႔ ရႏိုင္ဦးမွာ ျဖစ္ပါတယ္။

လီဗာပူးအသင္းဟာ ပရီးမီးယားလိဂ္ ကလပ္ေတြထဲမွာ အဆိုးရြားဆံုးေသာ ဒဏ္ရာ ျပႆနာေတြကို ရင္ဆိုင္ေနရေပမယ့္ ဘယ္လို ျပိဳင္ပြဲကိုမဆို လက္ေလ်ာ့မွာ မဟုတ္ဘူးလို႔ ကေလာ့ပ္က တုန္႔ျပန္လုိက္ပါတယ္။

ဟန္ဒိုနဲ႔ ထရန္႔ဟာ လက္စတာနဲ႔ပြဲ ပါမွာ မဟုတ္ပါဘူး။ သီယာဂို၊ ဖာဘင္ညိဳနဲ႔ ခ်ိန္ဘာလိန္က လမ္းေၾကာင္းမွန္မွာ ရွိေနကာ ဆက္လက္ ေစာင့္ၾကည့္တာေတြ ရွိပါဦးမယ္။

ရာမိုးစ္ကို လီဗာပူးေခၚယူမယ္ဆိုတဲ့ သတင္းကို သတင္းေထာက္ ဂ်ိမ္းပီရက္စ္က ” ဇန္နဝါရီ မတိုင္ခင္မွာပဲ အဓိပၸာယ္မရွိတဲ့ အေျပာင္းအေရႊ႔ ေကာလဟာလေတြ ထြက္လာေနပါျပီ။ ဒီ (ရာမိုစ့္) သတင္းကိုပဲ ၾကည့္ပါေတာ့.. ” လို႔ မွတ္ခ်က္ေပးခဲ့တာပါ။

ဒီရာသီမွာ ခ်န္ပီယံျဖစ္တာက မႏွစ္တုန္းက ႏွစ္ေပါင္း ၃၀ အတြင္း ပထမဆံုးအၾကိမ္ ပရီးမီးယားလိဂ္ဖလား အႏုိင္ရျခင္းထက္ေတာင္ ပိုၾကီးမားတဲ့ ကိစၥျဖစ္ေၾကာင္းကို ကေလာ့ပ္က “ ဒီရာသီမွာ က်ေန္ာတို႔ အမွတ္ေပးဖလား အႏုိင္ရမယ္ဆိုရင္ အၾကီးမားဆံုး ေအာင္ျမင္မႈလို႔ ေျပာရပါမယ္။ ” လို႔ ဆိုခဲ့တာ ျဖစ္ပါတယ္။

ကိုရိုနာဗိုင္းရပ္ ကူးစက္ခံထားရတဲ့ အီဂ်စ္ကစားသမားေတြျဖစ္တဲ့ ဆာလက္နဲ႔ အန္နီနီတို႔ကို လီဗာပူးနဲ႔ အာဆင္နယ္ အသင္းေတြထံ သီးသန္႔ေလယာဥ္ျဖင့္ ျပန္ပို႔ေပးမယ္လို႔ အီဂ်စ္ေဘာလံုးအဖြဲ႔ခ်ဳပ္က ေၾကညာထားျပီး ဒီကေန႔မွာပဲ ေရာက္လာပါလိမ့္မယ္။