ဒီမနက်မှာတော့ လီဗာပူးအသင်းသားတွေဟာ နိုင်ငံတကာသီတင်းပတ်အပြီး ပြန်လည် ပေါင်းစည်းမှုအဖြစ် အက်ဆာမှာ လေ့ကျင့်ရေး ပြန်ဝင်ခဲ့ကြပြီဖြစ်ပါတယ်။

သတင်းကောင်းကို ဦးစွာ ပြောရမယ်ဆိုရင် ကွင်းလယ်လူ ဖာဘင်ညိုဟာ အသင်းနဲ့အတူ ပြန်လည် ပူးပေါင်းနိုင်ခဲ့ပါတယ်။ ဖာဘင်ညိုဟာ လက်တလောမှာ ဗဟိုခံစစ်နေရာကို ပြောင်းကစားနေသူဖြစ်ပြီး လက်စတာနဲ့ပွဲမှာ မာတစ်နဲ့အတူ တွဲဘက်ကာ ခံစစ်မှူးနေရာက ပွဲထွက်ကစားပေးဖို့ ကြံ့ခိုင်မှု အဆင်သင့်ဖြစ်နေပြီဖြစ်တယ်။

ဖာမင်နိုနဲ့ အယ်လီဆန်ကလည်း လေ့ကျင့်ရေးကွင်းထဲ ပြန်ဝင်လာမှုနဲ့အတူ ပရိသတ်တွေ စိုးထိတ်နေရတဲ့ ကိစ္စကို ပြေလျော့စေခဲ့ပါပြီ။ ဘရာဇီးလက်ရွေးစင်အသင်းမှာ သူတို့ရဲ့ အသင်းဖော်က ကိုဗစ်ဖြစ်ခဲ့ခြင်းကြောင့် ဘရာဇီးသား နှစ်ဦးရဲ့ အခြေအနေကို ပရိသတ်တွေ သိလိုနေကြပြီး အခုလို လေ့ကျင့်ရေးထဲ ပြန်ပါလာခြင်းက အခြေအနေ ကောင်းခြင်းကြောင့်ဖြစ်တယ်။

လီဗာပူးရဲ့ လေ့ကျင့်ရေးမှာ သီယာဂိုကိုယ်တော့ မမြင်ရပါဘူး။ အကယ်လို့ စနေနေ့ လေ့ကျင့်ရေးကို ပါဝင်နိုင်မယ်ဆိုရင် လက်စတာနဲ့ပွဲမှာ အရန်စာရင်းက ထည့်မယ်လို့ သိရတယ်။ ဂျိမ်းပီရက်ဇ်က ရှင်းပြတာတော့ သီယာဂိုက အခြေအနေ ဆိုးနေတာ မဟုတ်ဘဲ ကစားသမား ဒဏ်ရာထပ်မရဖို့ အရှင်း သက်သာတာကို လိုချင်တာကြောင့် မန်နေဂျာကလော့ပ်က အချိန်ပေးနေတာဖြစ်တယ်။

အခြား ထူးထူးခြားခြား ကိစ္စ မရှိဘဲ ကိုစတက်နဲ့ ကိတ်တာတို့ဟာ ရှာကွီရီနည်းတူ ကြံ့ခိုင်ရေး ကောင်းနေတယ်။ အစောတည်းက ပြောခဲ့တဲ့အတိုင်း ထရန့်နဲ့ ဟန်ဒိုတို့ကတော့ လက်စတာနဲ့ပွဲကို လွဲမှာဖြစ်ပါတယ်။

ZAWGYI

ဒီမနက္မွာေတာ့ လီဗာပူးအသင္းသားေတြဟာ ႏုိင္ငံတကာသီတင္းပတ္အျပီး ျပန္လည္ ေပါင္းစည္းမႈအျဖစ္ အက္ဆာမွာ ေလ့က်င့္ေရး ျပန္ဝင္ခဲ့ၾကျပီျဖစ္ပါတယ္။

သတင္းေကာင္းကို ဦးစြာ ေျပာရမယ္ဆိုရင္ ကြင္းလယ္လူ ဖာဘင္ညိဳဟာ အသင္းနဲ႔အတူ ျပန္လည္ ပူးေပါင္းႏုိင္ခဲ့ပါတယ္။ ဖာဘင္ညိဳဟာ လက္တေလာမွာ ဗဟိုခံစစ္ေနရာကို ေျပာင္းကစားေနသူျဖစ္ျပီး လက္စတာနဲ႔ပြဲမွာ မာတစ္နဲ႔အတူ တြဲဘက္ကာ ခံစစ္မွဴးေနရာက ပြဲထြက္ကစားေပးဖို႔ ၾကံ႕ခိုင္မႈ အဆင္သင့္ျဖစ္ေနျပီျဖစ္တယ္။

ဖာမင္ႏိုနဲ႔ အယ္လီဆန္ကလည္း ေလ့က်င့္ေရးကြင္းထဲ ျပန္ဝင္လာမႈနဲ႔အတူ ပရိသတ္ေတြ စိုးထိတ္ေနရတဲ့ ကိစၥကို ေျပေလ်ာ့ေစခဲ့ပါျပီ။ ဘရာဇီးလက္ေရြးစင္အသင္းမွာ သူတုိ႔ရဲ႕ အသင္းေဖာ္က ကိုဗစ္ျဖစ္ခဲ့ျခင္းေၾကာင့္ ဘရာဇီးသား ႏွစ္ဦးရဲ႕ အေျခအေနကို ပရိသတ္ေတြ သိလိုေနၾကျပီး အခုလို ေလ့က်င့္ေရးထဲ ျပန္ပါလာျခင္းက အေျခအေန ေကာင္းျခင္းေၾကာင့္ျဖစ္တယ္။

လီဗာပူးရဲ႕ ေလ့က်င့္ေရးမွာ သီယာဂိုကိုယ္ေတာ့ မျမင္ရပါဘူး။ အကယ္လို႔ စေနေန႔ ေလ့က်င့္ေရးကို ပါဝင္ႏုိင္မယ္ဆိုရင္ လက္စတာနဲ႔ပြဲမွာ အရန္စာရင္းက ထည့္မယ္လို႔ သိရတယ္။ ဂ်ိမ္းပီရက္ဇ္က ရွင္းျပတာေတာ့ သီယာဂိုက အေျခအေန ဆိုးေနတာ မဟုတ္ဘဲ ကစားသမား ဒဏ္ရာထပ္မရဖို႔ အရွင္း သက္သာတာကို လိုခ်င္တာေၾကာင့္ မန္ေနဂ်ာကေလာ့ပ္က အခ်ိန္ေပးေနတာျဖစ္တယ္။

အျခား ထူးထူးျခားျခား ကိစၥ မရွိဘဲ ကိုစတက္နဲ႔ ကိတ္တာတို႔ဟာ ရွာကီြရီနည္းတူ ၾကံ႕ခိုင္ေရး ေကာင္းေနတယ္။ အေစာတည္းက ေျပာခဲ့တဲ့အတုိင္း ထရန္႔နဲ႔ ဟန္ဒိုတို႔ကေတာ့ လက္စတာနဲ႔ပြဲကို လြဲမွာျဖစ္ပါတယ္။